Connect with us

China

တရုတ်နိုင်ငံမှ ဝမ်ရှင်းသီက Lake Placid ၌ကျင်းပသည့် လေပေါ်ဝဲကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမျိုးသားချန်ပီယံဆုရရှိ

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျန်းကျားခိုမြို့၌ ၂၀၂၆ ခုစ် FIS အလွတ်နှင်းလျှောစီး လေပေါ်ဝဲကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကျားမအသင်းလိုက် ဗိုလ်လုပွဲအတွင်း ယှဉ်ပြိုင်နေသည့် ရွှီမုန့်ထောင်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Lake Placid ကျေးရွာတွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပသည့် FIS အလွတ်နှင်းလျှောစီး လေပေါ်ဝဲကမ္ဘာ့ဖလားပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ဝမ်ရှင်းသီက အမျိုးသားချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး သြစတြေးလျနိုင်ငံမှ Danielle Scott က အမျိုးသမီးချန်ပီယံဆုကို ရရှိခဲ့ကြောင်း သိရသည်။
ဝမ်က အမျိုးသားဗိုလ်လုပွဲတွင် ခက်ခဲမှုအဆင့်ဒီဂရီ ၅.၀၀၀ ရှိသော ခုန်ချမှုဖြင့် ၁၀၃.၅၀ မှတ်ရရှိခဲ့သည်။ ယူကရိန်းနိုင်ငံမှ Yan Havriuk က ၉၄.၁၂ မှတ်ဖြင့် ဒုတိယရရှိခဲ့သည်။ တရုတ်နိုင်ငံမှ ချီကွမ်ဖူကလည်း ၉၄.၁၂ မှတ်ရရှိခဲ့သော်လည်း Yan Havriuk က ခြေစွမ်းပိုပြနိုင်ခဲ့သဖြင့် တတိယနေရာ၌ ရပ်တည်ခဲ့သည်။

“ကျွန်တော် သိပ်ပျော်ပြီး စိတ်တွေ သိပ်လှုပ်ရှားနေပါတယ်။ ဒီနေ့ ရာသီဥတုမကောင်းလို့ ကျွန်တော်တို့အများစုက ဒီနေ့ ဘေးကင်းရေးကို ရွေးချယ်ခဲ့ကြပါတယ်။ ကျွန်တော် ဒီနေရာရောက်လာအောင် ကူညီပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ဇနီးနဲ့ ကျွန်တော့်အဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟု ဝမ်က ပြောကြားခဲ့သည်။
Scott ကမူ ထိုနေ့၌ပင် ကျင်းပသည့် အမျိုးသမီးပြိုင်ပွဲတွင် ၉၅.၈၈ မှတ်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ဝမ်၏ဇနီး ရွှီမုန့်ထောင်က ၉၄.၀၁ မှတ်ဖြင့် ဒုတိယနေရာရရှိခဲ့ပြီး အမေရိကန်နိုင်ငံမှ Kaila Kuhn က ၉၂.၂၉ မှတ်ဖြင့် ကြေးတံဆိပ်ဆုရရှိခဲ့သည်။

“ဒီနေ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ လိုအပ်ခဲ့သလို တကယ်လည်း အဲဒီလိုလုပ်ပြနိုင်ခဲ့ပါတယ်၊ ဒါကြောင့် ကျွန်မ သိပ်ကို စိတ်လှုပ်ရှားနေပါတယ်” ဟု အသက် ၃၅ နှစ်အရွယ် စကော့တ်က ပြောကြားခဲ့သည်။
အဆိုပါ Lake Placid ကျေးရွာတွင် နောက်ထပ်လေပေါ်ဝဲပြိုင်ပွဲတစ်ခုကို ဇန်နဝါရီ ၁၂ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျန်းကျားခိုမြို့၌ ၂၀၂၆ ခုစ် FIS အလွတ်နှင်းလျှောစီး လေပေါ်ဝဲကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဆုပေးပွဲစင်မြင့်ထက်၌ ရွှေတံဆိပ်ဆုရှင် တရုတ်အသင်း-၁ (အလယ်)၊ ငွေတံဆိပ်ဆုရှင် တရုတ်အသင်း-၂ (ဝဲဘက်) နှင့် ကြေးတံဆိပ်ဆုရှင် အမေရိကန်အသင်း-၂ တို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
China’s Wang Xindi wins men’s title at Aerials World Cup in Lake Placid
WASHINGTON, Jan. 11 (Xinhua) — China’s Wang Xindi claimed the men’s title, while Australia’s Danielle Scott won the women’s event at the FIS Freestyle Skiing Aerials World Cup stop in Lake Placid on Sunday.
Wang scored 103.50 points in the men’s final with a jump featuring a difficulty degree of 5.000. Ukraine’s Yan Havriuk finished second on 94.12 points. China’s Qi Guangpu also scored 94.12 points but placed third as the Ukrainian was superior in form.
“I’m so happy and very excited. Today, the weather was not good, and a lot of us chose safety today. Thanks to my team and wife for helping me get here,” Wang said.
In the women’s competition held on the same day, Scott took gold with 95.88 points. Wang’s wife Xu Mengtao finished second on 94.01 points, while Kaila Kuhn of the United States claimed bronze with a score of 92.29.
“Today I just needed to go prove myself, and I did that, so I’m stoked,” said the 35-year-old Scott.
Another aerials competition will be held in Lake Placid on January 12. ■
English Caption 1
Xu Mengtao punches the air with delight during the mixed team aerials final at the 2026 FIS Freestyle Ski World Cup in Zhangjiakou, north China’s Hebei Province, Dec. 21, 2025. (Photo by Wu Diansen/Xinhua)
English Caption 2
Gold medalist team China 1 (C), silver medalist team China 2 (L) and bronze medalist team USA 2 pose on the podium after the mixed team aerials final. (Photo by Wu Diansen/Xinhua)