Connect with us

China

ဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော်၌ Grand Prix ဆုကို တရုတ်အဖွဲ့ ဆွတ်ခူး

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၌ ကျင်းပသည့် ၁၆ ကြိမ်မြောက် ဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော်၏ ပဒေသာဖျော်ဖြေပွဲအတွင်း ကွင်းခုန်ခြင်းပြကွက် တင်ဆက်ပြသနေသည့် တရုတ်အမျိုးသား ကျွမ်းဘားအဖွဲ့၏ အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်အမျိုးသား ကျွမ်းဘားအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက်နှောင်းပိုင်းက ကျင်းပပြီးစီးခဲ့သည့် ဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော်၌ Grand Prix ဆုကို ဆွတ်ခူးခဲ့ပြီး အဆိုပါပွဲတော်ကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပချိန်မှစ၍ ပွဲ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ပဒေသာဖျော်ဖြေပွဲဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
တရုတ်အမျိုးသား ကျွမ်းဘားအဖွဲ့သည် ၎င်းအဖွဲ့၏ ကွင်းခုန်ခြင်းပြကွက်အတွက် အဆိုပါပွဲတော်၏ အမြင့်ဆုံးဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့၏ နည်းပညာဆိုင်ရာ တိကျမှု၊ အနုပညာဖော်ပြချက်နှင့် ဆန်းသစ်သော ကကွက်များအတွက် နိုင်ငံတကာဒိုင်လူကြီးများက ချီးကျူးဂုဏ်ပြုခဲ့သည်။

နှစ်နှစ်တစ်ကြိမ်ကျင်းပသော အဆိုပါပွဲတော်၌ ရွှေတံဆိပ်ဆုသုံးဆု ချီးမြှင့်ခဲ့သည်။ ယင်းရွှေတံဆိပ်ဆုများကို အာဂျင်တီးနားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် Flying Tabares အဖွဲ့က ကောင်းကင်ကြိုးတန်းပျံသန်းခြင်းပြကွက်အတွက် ရရှိခဲ့ပြီး ယူကရိန်းအနုပညာရှင် Kateryna Kornieva က တိုင်လွှဲကစားခြင်းပြကွက်အတွက် ရရှိခဲ့ကာ ကိုလံဘီယာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် Martinez Brothers အဖွဲ့က Icarian Games ပြကွက်အတွက် ရရှိခဲ့သည်။

ငွေတံဆိပ်ဆုများကို အစ္စရေး၊ ဗြိတိန်၊ ရုရှားနှင့် အီတလီနိုင်ငံတို့မှ ဖျော်ဖြေတင်ဆက်မှုများအား ချီးမြှင့်ခဲ့သည်။ ကြေးတံဆိပ်ဆုများကိုမူ အီတလီ၊ ပြင်သစ်နှင့် ဆွစ်ဇာလန်၊ ရုရှားနှင့် ကနေဒါနိုင်ငံမှ ဖျော်ဖြေသူများက ရရှိခဲ့သည်။
အဆိုပါဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော်ကို ကမ္ဘာ့အထင်ရှားဆုံး ပရော်ဖက်ရှင်နယ် ဆပ်ကပ်ပြိုင်ပွဲများထဲမှ တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြကြောင်း သိရသည်။ (Xinhua)

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၌ ကျင်းပသည့် ၁၆ ကြိမ်မြောက် ဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော်၏ Grand Prix ဆုအား ဆွတ်ခူးပြီးနောက် အောင်ပွဲခံနေသည့် တရုတ်အမျိုးသား ကျွမ်းဘားအဖွဲ့၏ အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၌ ကျင်းပသည့် ၁၆ ကြိမ်မြောက် ဘူဒါပတ်စ် နိုင်ငံတကာ ဆပ်ကပ်ပွဲတော်၏ ပဒေသာဖျော်ဖြေပွဲအတွင်း ကွင်းခုန်ခြင်းပြကွက် တင်ဆက်ပြသနေသည့် တရုတ်အမျိုးသား ကျွမ်းဘားအဖွဲ့၏ အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Chinese troupe wins Grand Prix at Budapest International Circus Festival
BUDAPEST, Jan. 12 (Xinhua) — The China National Acrobatic Troupe claimed the Grand Prix at the Budapest International Circus Festival, which concluded late Monday with a gala performance marking the 30th anniversary of the event since its launch in 1996.
The Chinese troupe received the festival’s highest honor for its hoop-diving act, which was praised by the international jury for its technical precision, artistic expression and innovative choreography.
At the biennial festival, three gold prizes were awarded. Flying Tabares from Argentina and the United States won gold for flying trapeze, Ukrainian artist Kateryna Kornieva received gold for swing pole, while the Martinez Brothers of Colombia and Japan claimed gold for Icarian Games.
Silver prizes were awarded to acts from Israel, the United Kingdom, Russia, and Italy. Bronze prizes went to performers from Italy, France and Switzerland, Russia, and Canada.
Budapest International Circus Festival is widely regarded as one of the world’s most prestigious professional circus competitions. ■
English Caption 1
Members of the China National Acrobatic Troupe perform a hoop-diving act during the gala show of the 16th Budapest International Circus Festival in Budapest, Hungary, Jan. 12, 2026. (Photo by David Balogh/Xinhua)
English Caption 2
Members of the China National Acrobatic Troupe celebrate after winning the Grand Prix of the 16th Budapest International Circus Festival in Budapest, Hungary, Jan. 12, 2026. (Photo by David Balogh/Xinhua)