Connect with us

China

တရုတ်တင်းနစ်ကစားသမားသုံးဦး ဩစတြေးလျအိုးပင်း လက်ရည်စစ်ပွဲအောင်မြင်

ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း နောက်ဆုံးအဆင့် လက်ရည်စစ်ပွဲအဖြစ် ချက်တင်းနစ်မယ် ဒါဂျာ ဗစ်မန်နိုဗာနှင့် ယှဉ်ပြိုင်မှုတွင် တရုတ်တင်းနစ်မယ် ပိုင်ကျော်ရွှန် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
မဲလ်ဘုန်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
တရုတ်တင်းနစ်ကစားသမားများဖြစ်သည့် ပိုင်ကျော်ရွှန်၊ ယွမ်ယွဲ့နှင့် ဝူရိပင်တို့မှာ ဇန်နဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် တတိယမြောက်နှင့် နောက်ဆုံးလက်ရည်စစ်ပွဲများတွင် အနိုင်ရရှိခဲ့ပြီးနောက် ဩစတြေးလျအိုးပင်း တစ်ဦးချင်းပြိုင်ပွဲတွင် ပါဝင်ခွင့်ရရှိသွားပြီဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲအများစုကို လွဲချော်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်-၆၉၇ တွင် လတ်တလောရပ်တည်နေသည့် ပိုင်မှာ ချက်တင်းနစ်မယ် ဒါဂျာ ဗစ်မန်နိုဗာအား ပထမပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း နောက်မှလိုက်ကစားကာ ရမှတ် ၄-၆၊ ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ၂ နာရီနှင့် ၃၅ မိနစ် ကြာမြင့်ခဲ့သည်။
၎င်းအနေဖြင့် ပထမပွဲတွင် ၎င်း၏စပေးဘောအလှည့်၌ လေးကြိမ်အမှတ်ဆုံးရှုံးခဲ့ကာ လက်ရည်စစ်ပွဲသုံးပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲလတ်တစ်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် လက်ကျန်ပွဲချိန်များတွင် စပေးဘောမှ တစ်ကြိမ်သာ ရမှတ်ထပ်မံဆုံးရှုံးခဲ့ပြီး ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်၌ ၎င်းအနေဖြင့် ပြိုင်ဘက် မတုံ့ပြန်နိုင်သည့် စပေးဘောရိုက်ချက်မှ အမှတ်ယူနိုင်မှုတွင် လက်ရှိ ကမ္ဘာ့အဆင့်-၁၄၂ ဗစ်မန်နိုဗာထက် ငါးကြိမ်လျော့နည်းခဲ့သော်လည်း အဆုံးအဖြတ်ဖြစ်သော တတိယပွဲလတ်တွင်မူ ပြိုင်ဘက်မတုံ့ပြန်နိုင်သည့် စပေးဘောရိုက်ချက်မှ အမှတ်ပိုမိုယူနိုင်ခဲ့သလို ယခုပွဲစဉ် တစ်ပွဲလုံးတွင် ပြိုင်ဘက်ထက် unforced error ၁၅ ကြိမ် ပိုနည်းခဲ့သည်။
ဇန်နဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် အခြားလက်ရည်စစ်ပွဲတွင် ယွမ်ယွဲ့ (ဆီဒင်-၂၅) က ဆလိုဗေးနီးယား တင်းနစ်မယ် တာမာရာ ဇီဒန်ဆက်ခ်ကို ပွဲချိန် ၁ နာရီနှင့် ၂၇ မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ပြီး ရမှတ် ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့ကာ ကွင်းဘေးလိုင်းတည့်တည့်သို့ လက်သင့်ရိုက်ချက်သုံးကာ ပထမဆုံး match point ကို ရယူနိုင်ခဲ့သည်။
ပထမပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ယွမ်မှာ အဆုံးအဖြတ် break point ရယူနိုင်ရန် အခွင့်အရေး ၇ ကြိမ် လိုအပ်ခဲ့ပြီးနောက် ၎င်းအနေဖြင့် ဒုတိယပွဲကို အသာစီးမှကစားနိုင်ခဲ့ပြီး ရမှတ် ၄၈ မှတ်တွင် ရမှတ် ၃၀ ရယူနိုင်ခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် ယွမ်သည် ဩစတြေးလျအိုးပင်း တစ်ဦးချင်းပြိုင်ပွဲတွင် လေးနှစ်ဆက်တိုက် ပါဝင်ခွင့်ရရှိသွားပြီဖြစ်သည်။
ထို့အတူ ဝူကလည်း အမေရိကန် တင်းနစ်ကစားသမား ထရစ်စတန် ဘွိုင်ယာကို ရမှတ် ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သဖြင့် လက်ရည်စစ်ပွဲသုံးပွဲတွင် ပွဲလတ်တစ်ပွဲမှ ရှုံးနိမ့်ခြင်းမရှိဘဲ ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။
ဝူမှာ ၂၀၂၃ ခုနှစ်က ဩစတြေးလျအိုးပင်းတွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း ပထမအဆင့်၌ ပွဲလတ်ငါးပွဲ ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ် ပါဝင်ယှဉ်ပြိုင်မှု ဖြစ်လာမည်ဖြစ်သည်။
ဩစတြေးလျအိုးပင်း တစ်ဦးချင်းပွဲစဉ်များကို မဲလ်ဘုန်းပါ့ခ် အားကစားကွင်း၌ ဇန်နဝါရီ ၁၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်သွားမည်ဖြစ်သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့် လက်ရည်စစ်ပွဲအဖြစ် အာဂျင်တီးနားတင်းနစ်မယ် မာရီယာ လူဒက်စ် ကာလေနှင့် ယှဉ်ပြိုင်မှုတွင် စပေးဘောအား တုံ့ပြန်နေသည့် တရုတ်တင်းနစ်မယ် ယွမ်ယွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲဘုန်းမြို့၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံးအဆင့် လက်ရည်စစ်ပွဲအဖြစ် အမေရိကန် တင်းနစ်ကစားသမား ထရစ်စတန် ဘွိုင်ယာနှင့် ယှဉ်ပြိုင်မှုတွင် စပေးဘောရိုက်နေသည့် တရုတ်တင်းနစ်ကစားသမား ဝူရိပင်အား တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Chinese trio qualify for main draw at Australian Open
MELBOURNE, Jan. 15 (Xinhua) — China’s Bai Zhuoxuan, Yuan Yue and Wu Yibing qualified for the singles main draw at the Australian Open after winning their third and final qualification matches on Thursday.
Bai, currently ranked 697th in the world after having missed most of 2025 with injuries, came back from a set down to beat Darja Vidmanova of the Czech Republic 4-6, 6-4, 6-1 in two hours and 35 minutes.
After having her serve broken four times in the opening set, which was the first she had dropped in three qualifying matches, Bai was broken only once more for the rest of the match as she took control.
She hit five fewer winners for the match than Vidmanova, who is currently ranked 142nd in the world, but hit more winners in the decisive third set and 15 fewer unforced errors for the match.
Also on Thursday, 25th seed Yuan Yue defeated Slovenia’s Tamara Zidansek 6-3, 6-1 in one hour and 27 minutes, converting her first match point with a forehand winner down the line.
Following a tight first set where she needed seven opportunities to take the decisive break, Yuan was dominant in the second, winning 30 of the 48 points.
The win means that she will play in the singles main draw of the tournament for the fourth straight year.
Wu triumphed 6-3, 6-2 against Tristan Boyer of the United States to reach the main draw without dropping a set in three qualifying matches.
It will be the second time that Wu has played in the singles main draw at the Australian Open after he fell in five sets as a wildcard entrant in the first round in 2023.
The Australian Open singles competition will commence at Melbourne Park on Sunday, with the women’s final scheduled on January 31 and the men’s final on February 1.
English Caption 1
Bai Zhuoxuan of China celebrates during the women’s singles qualifying final round match against Darja Vidmanova of the Czech Republic at Australian Open tennis tournament in Melbourne, Australia, Jan. 15, 2026. (Photo by Wang Shen/Xinhua)
English Caption 2
Yuan Yue of China hits a return during the women’s singles qualifying 2nd round match against Maria Lourdes Carle of Argentina at Australian Open tennis tournament in Melbourne, Australia, Jan. 14, 2026. (Photo by Wang Shen/Xinhua)
English Caption 3
Wu Yibing of China serves during the men’s singles qualifying final round match against Tristan Boyer of the United States at Australian Open tennis tournament in Melbourne, Australia, Jan. 15, 2026. (Photo by Wang Shen/Xinhua)