China
၂၀၂၆ ခုနှစ် ကမ္ဘာ့ဂရင်းပရီ စနူကာပြိုင်ပွဲအတွက် ဟောင်ကောင်သို့ ထိပ်တန်းကစားသမားများ ပြန်လည်ရောက်ရှိမည်
ဟောင်ကောင်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကမ္ဘာ့ဂရင်းပရီ စနူကာပြိုင်ပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ဖေဖော်ဝါရီ ၃ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၃၂ ဦးက အဆင့်သတ်မှတ်ချက်များနှင့် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရန် Kai Tak Sports Park အားကစားကွင်း၌ စုဝေးကြမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ဝါရင့်သမ္ဘာရင့် ကစားသမား တင်းကျွင့်ဟွေးက တစ်နယ်တည်းသား ကျောက်ရှင်းထုန်နှင့် အခြားတရုတ်ကစားသမား ရှစ်ဦးတို့နှင့်အတူ ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး နေးလ် ရောဘတ်ဆန်၊ ဂျက်ဒ်ထရမ့်နှင့် ရော်နီအိုဆူလီဗန်ကဲ့သို့သော ထိပ်တန်းကစားသမားများလည်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
“ဟောင်ကောင်မှာ ကျင်းပတဲ့ ဒီပွဲမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရမှာကို ကျွန်တော့်အနေနဲ့ သိပ်ကို မျှော်လင့်စောင့်စားရင်ခုန်နေပါတယ်” ဟု တရုတ်နိုင်ငံမှ ကျိုးယွဲ့လုန် က ပြောကြားခဲ့သည်။ “တရုတ်ကစားသမား ၁၀ ဦးရဲ့ နာမည်တွေကို မဲနှိုက်ပွဲမှာ မြင်တွေ့ရတာဟာ ကျွန်တော့်အတွက် သိပ်ဂုဏ်ယူစရာဖြစ်သလို တရုတ်စနူကာလောကရဲ့ အလုံးစုံအဆင့်အတန်း မြင့်မားလာတာကိုလည်း ပြသနေပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ယခုရာသီ၏ အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ပရော်ဖက်ရှင်နယ်ကစားသမား ၃၂ ဦးကသာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းက အဆိုပါပြိုင်ပွဲအား ပရော်ဖက်ရှင်နယ်စနူကာလောက၌ အကောင်းဆုံးပြိုင်ပွဲများအနက် တစ်ခုဖြစ်စေကြောင်း သိရသည်။ (Xinhua)


…………………
(English Version)
Top players return to Hong Kong for 2026 World Snooker Grand Prix
HONG KONG, Jan. 16 (Xinhua) — The 2026 World Snooker Grand Prix will return to Hong Kong from February 3 to 8, with the world’s top 32 ranked players set to gather at the Kai Tak Sports Park to battle for ranking points and the title.
China’s veteran Ding Junhui is set to take part, along with compatriot Zhao Xintong and eight other Chinese players, while leading names such as Neil Robertson, Judd Trump and Ronnie O’Sullivan will also compete.
“I am very much look forward to competing in this event in Hong Kong for the first time,” said China’s Zhou Yuelong. “Seeing 10 Chinese players’ names on the draw makes me very proud, and it shows the overall standard of Chinese snooker is rising.”
Only the top 32 ranked professional players of the season qualify, making it one of the most elite events on the professional snooker calendar. ■
English Caption
Ding Junhui of China competes during the first round match against Xu Si of China at the Snooker World Grand Prix 2025 in Hong Kong, south China, March 5, 2025. (Xinhua/Lo Ping Fai)
