Connect with us

China

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ၏ တစ်ဦးချင်း သုံးစွဲနိုင်သော ဝင်ငွေ ၅ ရာခိုင်နှုန်း တိုးတက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လဲ့ဆန်းမြို့ရှိ စူပါမားကတ်တစ်ခုတွင် ဟင်းသီးဟင်းရွက်များ ရွေးချယ်နေသော ဈေးဝယ်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ တစ်ဦးချင်း သုံးစွဲနိုင်သော ဝင်ငွေသည် အမည်ခံတန်ဖိုးအရ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း တစ်ဦးချင်း သုံးစွဲနိုင်သော ဝင်ငွေမှာ ယွမ် ၄၃,၃၇၇ (အမေရိကန် ဒေါ်လာ ၆,၁၉၂ ခန့်) ဖြစ်ကြောင်း NBS က ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း တစ်ဦးချင်း သုံးစွဲနိုင်သော ဝင်ငွေ၏ အလယ်အလတ်တန်ဖိုး (Median) သည် ယွမ် ၃၆,၂၃၁ ဖြစ်ပြီး အမည်ခံတန်ဖိုးအရ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ကျေးလက်ဒေသနေထိုင်သူများ၏ ဝင်ငွေတိုးတက်နှုန်းသည် မြို့ပြဒေသနေထိုင်သူများထက် ပိုမိုမြင့်မားခဲ့သည်။ အထူးသဖြင့် အမည်ခံတန်ဖိုးအရ ကျေးလက်ဒေသတွင် တစ်ဦးချင်း သုံးစွဲနိုင်သော ဝင်ငွေသည် ၅.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မြို့ပြဒေသတွင် တစ်ဦးချင်း သုံးစွဲနိုင်သော ဝင်ငွေမှာမူ ၄.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………….
(Chinese Version)
China’s per capita disposable income up 5 pct in 2025
BEIJING, Jan. 19 (Xinhua) — China’s per capita disposable income went up 5 percent year on year in nominal terms in 2025, data from the National Bureau of Statistics (NBS) showed Monday.
The country’s per capita disposable income stood at 43,377 yuan (about 6,192 U.S. dollars) last year, the NBS said.
Median per capita disposable income nationwide was 36,231 yuan in 2025, a nominal increase of 4.4 percent year on year.
The income growth of rural residents outpaced that of urban residents. Specifically, per capita disposable income in rural areas increased by 5.8 percent while urban per capita disposable income rose by 4.3 percent in nominal terms. Enditem
English Caption: Consumers select vegetable at a supermarket in Leshan City, southwest China’s Sichuan Province, Dec. 10, 2025. (Photo by Li Huashi/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.