China
ဩစတြေးလျအိုးပင်း ဒုတိယအဆင့်၌ ဝမ်က အော့စတာပင်ကိုကို နောက်မှလိုက်ကစားကာ အနိုင်ရရှိ
မဲဘုန်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၂၂ ရက်က ဆီဒင်-၂၄ တင်းနစ်မယ် ယလေနာ အော့စတာပင်ကိုနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်၌ တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီက နောက်မှလိုက်ကစားခဲ့ရသော်လည်း အနိုင်မခံ အရှုံးမပေးသည့် ဇွဲသတ္တိဖြင့် အနိုင်ပြန်ယူခဲ့ပြီး တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် နောက်ဆုံး ၃၂ ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် တစ်ဦးတည်းသော တရုတ်တင်းနစ်မယ် ဖြစ်လာခဲ့သည်။
အချိန် ၂ နာရီနှင့် မိနစ် ၂၀ ကြာမြင့်ခဲ့သည့် ယခုပွဲစဉ်၌ ဝမ်မှာ ပွဲလတ်တစ်ပွဲ ရှုံးနိမ့်နေသော်လည်း အကြိတ်အနယ်ကစားကာ ၄-၆၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
ကမ္ဘာ့အဆင့် ၄၆ ဖြစ်သည့် ဝမ်မှာ မဲလ်ဘုန်းမြို့တွင် ကျင်းပနေသည့် ဩစတြေးလျအိုးပင်းတွင် ပြိုင်ပွဲမတိုင်မီ နုတ်ထွက်ခဲ့သည့် ကျိန့်ချင်းဝန်ပြီးလျှင် တရုတ်နိုင်ငံ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အမြင့်ဆုံး ကစားသမားဖြစ်သည်။
သို့ဖြစ်၍ ဂရင်းစလင်းပြိုင်ပွဲတွင် စတုတ္ထအဆင့်ကို ကျော်ဖြတ်ဖူးခြင်း မရှိသေးသည့် ဝမ်အပေါ် ကြီးကြီးမားမား မျှော်လင့်လျက်ရှိကြသည်။
၎င်းအနေဖြင့် အော့ကလန်တွင် ကစားသမားဘဝတစ်လျှောက် ဗိုလ်လုပွဲသို့ ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့သော်လည်း အယ်လီနာ ဆဗစ်တိုလီနာကို ရှုံးနိမ့်ကာ ဒုတိယရရှိခဲ့ပြီးနောက် ယခုပြိုင်ပွဲကို အကောင်းဆုံးလက်စွမ်းဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ပထမအဆင့်ပွဲစဉ်၌ လက်ရည်စစ်ပွဲမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်သည့် အန်ဟယ်လီနာ ကာလီနီနာကို လက်စွမ်းအသာစီးကစားရင်း နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။
သို့သော် ယခုပွဲစဉ်၌ ယခင် ကမ္ဘာ့အဆင့်-၃ နှင့် ၂၀၁၇ ပြင်သစ်အိုးပင်းချန်ပီယံဖြစ်သူ အော့စတာပင်ကိုက ၄၈ မိနစ်ကြာ အကြိတ်အနယ်ကစားခဲ့ရသည့် ပထမပွဲလတ်တွင် နှာတစ်ဖျားအသာဖြင့် အနိုင်ရခဲ့ပြီး ပြိုင်ဘက် တုံ့ပြန်ချိန်မရလောက်အောင် တိကျမြန်ဆန်သည့် လက်ပြန်ရိုက်ချက်ဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။
ဝမ်မှာ ဒုတိယပွဲလတ် အစပိုင်းတွင် ရုန်းကန်ခဲ့ရသော်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပွဲငယ်လေးပွဲဆက်တိုက် အမှတ်ယူကာ အနိုင်ပြန်ယူနိုင်ခဲ့သဖြင့် တစ်ပွဲစီ သရေဖြစ်နေခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဝမ်က တတိယပွဲလတ် ပွဲငယ်ရှစ်ပွဲမြောက်တွင် ပြိုင်ဘက်စပေးဘောအလှည့်၌ အရေးပါသည့် ရမှတ်ကို ရယူနိုင်ခဲ့သည့်အတွက် ၅-၃ ဖြင့် ဦးဆောင်ထားပြီးနောက် ၎င်း၏စပေးဘောအလှည့်တွင် ပွဲမဖြတ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ လိုအပ်သည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။
ဝမ်မှာ လက်ရည်စစ်ပွဲ ယှဉ်ပြိုင်စရာမလိုသည့် ဩစတြေးလျတင်းနစ်မယ် တေလာ ပရက်စတန်ကို ၆-၂၊ ၄-၆၊ ၆-၂ ဖြင့် အနိုင်ယူကျော်ဖြတ်ခဲ့သည့် ချက်တင်းနစ်မယ် လင်ဒါ နော့စ်ကိုဗာ (ဆီဒင်-၁၃) နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က လတ်ဗီးယားတင်းနစ်မယ် ယလေနာ အော့စတာပင်ကိုနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲစဉ်၌ တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီ စပေးဘောအား ပြန်ရိုက်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ယူကရိန်းတင်းနစ်မယ် အန်ဟယ်လီနာ ကာလီနီနာနှင့် ယှဉ်ပြိုင်ခဲ့သည့် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်၌ တရုတ်တင်းနစ်မယ် ဝမ်ရှင်းယွီ စပေးဘောပေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Wang comes back to beat Ostapenko in Australian Open second round
MELBOURNE, Jan. 22 (Xinhua) — China’s Wang Xinyu produced a courageous comeback on Thursday against 24th seed Jelena Ostapenko to storm into the Australian Open third round, becoming the only Chinese player in the last 32 of the women’s singles draw.
Wang was down a set and a break before digging deep to prevail 4-6, 6-4, 6-4 in two hours and 20 minutes.
Wang, the world No. 46, is China’s highest-ranked player in Melbourne after Zheng Qinwen withdrew ahead of the tournament.
There are high hopes for Wang, who has never progressed past the fourth round at a Grand Slam.
She entered the tournament in strong form after reaching her second career final with a runner-up finish to Elina Svitolina in Auckland, before having a dominant straight-sets victory over qualifier Anhelina Kalinina in the first round.
But Ostapenko, a former No. 3 and 2017 French Open champion, had the edge in a hard-fought 48-minute first set, driving home a backhand winner at the net to gain a stranglehold.
Wang was in a big hole in the second set before stunningly reeling off four straight games to draw level.
The 24-year-old gained a crucial break in the eighth game to lead 5-3 but couldn’t close it out on serve before finally sealing victory.
She next plays Czech 13th seed Linda Noskova, who defeated Australian wildcard Taylah Preston 6-2, 4-6, 6-2.
English Caption 1
Wang Xinyu of China celebrates after winning the women’s singles 2nd round match against Jelena Ostapenko of Latvia at the Australian Open tennis tournament in Melbourne, Australia, Jan. 22, 2026. (Xinhua/Ma Ping)
English Caption 2
Wang Xinyu of China hits a return during the women’s singles 2nd round match against Jelena Ostapenko of Latvia at the Australian Open tennis tournament in Melbourne, Australia, Jan. 22, 2026. (Xinhua/Ma Ping)
English Caption 3
Wang Xinyu of China serves during the women’s singles 1st round match against Anhelina Kalinina of Ukraine at the Australian Open tennis tournament in Melbourne, Australia, Jan. 20, 2026. (Photo by Hu Jingchen/Xinhua)
