China
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက အီသီယိုးပီးယား၊ ဆိုမာလီယာ၊ တန်ဇန်းနီးယား၊ လီဆိုသို စသည့်နိုင်ငံတို့သို့ သွားရောက်၍ AU ရုံးချုပ်တွင် ကျင်းပမည့် တရုတ်-အာဖရိက ပြည်သူချင်းဖလှယ်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အီသီယိုးပီးယား၊ ဆိုမာလီ၊ တန်ဇန်းနီးယားနှင့် လီဆိုသို စသည့်နိုင်ငံများသို့ ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်သည် အာဖရိကသမဂ္ဂ (AU) ရုံးချုပ်၌ ကျင်းပမည့် တရုတ်-အာဖရိက ပြည်သူချင်းဖလှယ်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ယင်းခရီးစဉ်သည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ ယခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်နေရာအဖြစ် အာဖရိကသို့ ၃၆ နှစ်ဆက်တိုက် သွားရောက်သည့် ခရီးစဉ်ဖြစ်မည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၌ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Chinese FM to visit Ethiopia, Somalia, Tanzania, Lesotho, attend launching ceremony of China-Africa Year of People-to-People Exchanges at AU headquarters
BEIJING, Jan. 7 (Xinhua) — Chinese Foreign Minister Wang Yi will visit Ethiopia, Somalia, Tanzania and Lesotho upon invitation from January 7 to 12, a Chinese foreign ministry spokesperson said on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, will attend the launching ceremony of the China-Africa Year of People-to-People Exchanges at the African Union (AU) headquarters, said the spokesperson.
The visit will mark the 36th consecutive year for Africa to be the destination of the Chinese Foreign Minister’s first overseas trip of the year, the spokesperson added. ■
English Caption 1
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds the Seventh Round of China-Pakistan Foreign Ministers’ Strategic Dialogue with Pakistani Deputy Prime Minister and Foreign Minister Mohammad Ishaq Dar in Beijing, capital of China, Jan. 4, 2026. (Xinhua/Jin Liangkuai)
English Caption 2
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, attends the China-ASEAN Foreign Ministers’ Meeting in Kuala Lumpur, Malaysia, July 10, 2025. (Xinhua/Cheng Yiheng)
