Connect with us

China

၂၀၂၅ ခုနှစ်တွင် ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ကုန်သွယ်မှု ဆက်လက်တိုးတက်နေဟု ပြောရေးဆိုခွင့်ရှိသူ ဆို

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ထိုင်ဝမ်၊ ကောင်းရှုန်ခရိုင်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကောင်းရှုန် ဆောင်းရာသီ နိုင်ငံတကာ ခရီးသွားပွဲတော်၌ ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ခရီးသွားလုပ်ငန်းဖလှယ်ရေးအသင်း၏ ပြပွဲဧရိယာမှ ဝန်ထမ်းတစ်ဦးနှင့် စကားပြောနေသည့် လာရောက်ကြည့်ရှုသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်တွင် တရုတ်ပြည်မကြီးရှိ ထိုင်ဝမ်ကုမ္ပဏီလုပ်ငန်းများသည် တည်ငြိမ်သော လည်ပတ်မှုများကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထိုင်ဝမ်နှင့် ရေလက်ကြားဖြတ်ကျော် ကုန်သွယ်မှုမှ ရင်းနှီးမြှုပ်နှံမှုများလည်း တည်ငြိမ်စွာ တိုးတက်လာကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတာအတွင်း တရုတ်ပြည်မကြီး၌ ထိုင်ဝမ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလုပ်ငန်းအသစ် ၆,၄၂၃ ခု တည်ထောင်ခဲ့ပြီး အမှန်တကယ်အသုံးချထားသော ထိုင်ဝမ်ရင်းနှီးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံရှိကာ ယခင်နှစ် ကာလတူကထက် ၅၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်ပင်းဟွာက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပြုခဲ့သည်။
အဆိုပါလုပ်ငန်းအသစ်များအနက် ၂,၀၄၃ ခု က ထိုင်ဝမ်ရေလက်ကြား တစ်ဖက်ကမ်းရှိ ဖူကျန့်ပြည်နယ်၌ အခြေစိုက်ပြီး အသုံးချထားသော ထိုင်ဝမ် ရင်းနှီးမြှုပ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၇၀ အထိ ရောက်ရှိလာခဲ့သည်။၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရေလက်ကြားဖြတ်ကျော် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၅.၃၉၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူကထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Chen က ဖြည့်စွက်ပြောကြားခဲ့သည်။

ရေလက်ကြားဖြတ်ကျော် ဝန်ထမ်းဖလှယ်ရေးအား လွယ်ကူချောမွေ့စေရေးအတွက် ပြည်မကြီး၏ ကြိုးပမ်းအားထုတ်မှုများကို မီးမောင်းထိုးပြလျက် ရေလက်ကြားဖြတ်ကျော် လေကြောင်းလိုင်းများကလည်း လွန်ခဲ့သည့်နှစ်က အပတ်စဉ် ခရီးသည်တင် လေယာဉ်ခရီးစဉ် ၆၁၀ ကျော် ပြေးဆွဲခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရှမန်-ကျင်းမန် ကူးတို့သင်္ဘောဝန်ဆောင်မှုမှာ ခရီးသည်ခရီးစဉ် ၁.၇၅ သန်းကျော် မှတ်တမ်းတင်ခဲ့ပြီး ယခင်နှစ်ကာလတူကထက် ၄၅.၇၇ ရာခိုင်နှုန်း တိုးလာကြောင်း ပြသသည့် အချက်အလက်များကို ကိုးကား၍လည်း ချန်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Trade across Taiwan Strait continues to grow in 2025: spokesperson
BEIJING, Jan. 7 (Xinhua) — Taiwan-funded enterprises on the Chinese mainland maintained stable operations in 2025, with investment from Taiwan and cross-Strait trade also posting steady growth, a spokesperson said Wednesday.
Speaking at a regular press conference, Chen Binhua, spokesperson for the Taiwan Affairs Office of the State Council, noted that 6,423 new Taiwan-funded enterprises were established on the mainland in the first ten months of 2025, with actual utilized Taiwan capital hitting 1.75 billion U.S. dollars, up 53 percent year on year.
Of these new ventures, 2,043 are based in Fujian Province, on the opposite side of the Taiwan Strait, with utilized capital from Taiwan reaching 670 million U.S. dollars.
Chen added that cross-Strait trade volume reached 285.395 billion U.S. dollars from January to November in 2025, up 7.3 percent year on year.
Highlighting the mainland’s efforts to facilitate cross-Strait personnel exchanges, he said cross-Strait airlines operated over 610 passenger flights weekly last year.
Chen also cited data showing that the Xiamen-Kinmen ferry service recorded over 1.75 million passenger trips in the January-November period of 2025, representing a 45.77 percent year-on-year increase. ■
English Caption
This photo taken with a mobile phone shows visitors speaking with a staff member from the exhibition area of the Association for Tourism Exchange Across the Taiwan Straits at the 2025 Kaohsiung Winter International Travel Fair in Kaohsiung, southeast China’s Taiwan, Nov. 29, 2025.(Xinhua/Huang Shuo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.