China
သမ္မတရှီက နွေဦးပွဲတော်မတိုင်မီ ပေကျင်းမြို့ရှိ ပြည်သူများနှင့်တွေ့ဆုံပြီး တရုတ်နိုင်ငံသားအားလုံးကို နှုတ်ခွန်းဆက်စကားပြောကြား
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ နှစ်ရက်ကြာ စစ်ဆေးရေးခရီးစဉ်အတွင်း မြို့တော်ပေကျင်းရှိ အခြေခံအဆင့် အရာရှိများနှင့် ဒေသခံများထံ သွားရောက်ခဲ့ပြီး နွေဦးပွဲတော်မတိုင်မီ ပြည်တွင်းပြည်ပရှိ တရုတ်နိုင်ငံသားများအား အဆိုပါပွဲတော်အထိမ်းအမှတ်အနေဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ၎င်းတို့အား ကျန်းမာရေးကောင်းမွန်စေရန်၊ အလုပ်အကိုင်အောင်မြင်မှုရရှိစေရန်နှင့် မိသားစုပျော်ရွှင်စေရန် ဆုမွန်ကောင်းတောင်းခဲ့သည်။ မြင်းနှစ်တွင် နိုင်ငံငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှု ရှိစေရန်လည်း ရှီက ဆုမွန်ကောင်းတောင်းခဲ့သည်။
တရုတ်နှစ်သစ်ကူးဟုလည်း လူသိများသော နွေဦးပွဲတော်သည် တရုတ်လူမျိုးများအတွက် အရေးကြီးဆုံး ရိုးရာပွဲတော်ဖြစ်သည်။ ယခုနှစ်တွင် အဆိုပါပွဲတော်မှာ ဖေဖော်ဝါရီ ၁၇ ရက်၌ ကျရောက်ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်း၏ ရှီးချိန်ခရိုင်ရှိ သက်ကြီးရွယ်အိုများအတွက် ဖွင့်လှစ်ထားသည့် ရပ်ကွက်စားသောက်ဆိုင်သို့ လာရောက်စဉ် ပို့ဆောင်ရေးလုပ်သားများနှင့် စကားပြောနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်း၏ ရှီးချိန်ခရိုင်ရှိ သက်ကြီးရွယ်အိုများအတွက် ဖွင့်လှစ်ထားသည့် တိုက်ခန်းအဆောက်အအုံဝင်းသို့ လာရောက်စဉ် သက်ကြီးရွယ်အိုဒေသခံများနှင့် စကားပြောနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်း၏ တုန်းချိန်ခရိုင်ရှိ လုန်ဖူစစ် ကုန်သွယ်ရေးဧရိယာ၌ ရိုးရာမုန့်အမှတ်တံဆိပ် တောက်ရှန်းချွန်း ၏ အရောင်းဆိုင်သို့ လာရောက်သည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြို့တော်ပေကျင်း၏ တုန်းချိန်ခရိုင်ရှိ လုန်ဖူစစ် ကုန်သွယ်ရေးဧရိယာ၌ နွေဦးပွဲတော်အတွက် ဖွင့်လှစ်ထားသည့် ဈေးသို့ လာရောက်စဉ် ပြည်သူများနှင့် စကားပြောနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)







………………..
(English Version)
Xi visits people in Beijing ahead of Spring Festival, extends greetings to all Chinese
BEIJING, Feb. 10 (Xinhua)
Chinese President Xi Jinping visited primary-level officials and residents in Beijing during a two-day inspection tour from Monday to Tuesday, extending Spring Festival greetings to Chinese people at home and abroad ahead of the festival.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, wished them good health, career success, and family happiness. He also wished the country peace and prosperity in the Year of the Horse.
The Spring Festival, also known as the Chinese New Year, is the most important traditional festival for the Chinese. This year it falls on Feb. 17. ■
English Caption 1
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, visits a community canteen for seniors in Xicheng District of Beijing, capital of China, Feb. 10, 2026. (Xinhua/Xie Huanchi)
English Caption 2
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, talks with delivery workers while visiting a community canteen for seniors in Xicheng District of Beijing, capital of China, Feb. 10, 2026. (Xinhua/Xie Huanchi)
English Caption 3
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, talks with elderly residents while visiting an apartment complex for seniors in Xicheng District of Beijing, capital of China, Feb. 10, 2026. (Photo by Feng Yongbin/Xinhua)
English Caption 4
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, visits a store of the traditional bakery brand Daoxiangcun at the Longfusi commercial area in Dongcheng District of Beijing, capital of China, Feb. 10, 2026. (Xinhua/Xie Huanchi)
English Caption 5
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, talks with people while visiting a Spring Festival market at the Longfusi commercial area in Dongcheng District of Beijing, capital of China, Feb. 10, 2026. (Xinhua/Yan Yan)
