China
တရုတ်နိုင်ငံက အာကာသယာဉ်၏ ကမ္ဘာမြေသို့ အပြန်ယာဉ်ငယ်အား ပထမဆုံးအကြိမ် ပင်လယ်ပြင်မှ ပြန်လည်ဆယ်ယူမှု ပြီးမြောက်အောင်မြင်
ဝန်ချန်း၊ ဟိုင်နန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက လူလိုက်ပါသော အာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်ယာဉ်ငယ်အား ပထမဆုံးအကြိမ် ပင်လယ်ပြင်၌ ရှာဖွေကာ ပြန်လည်ဆယ်ယူခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသအေဂျင်စီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသမစ်ရှင်အတွက် မျိုးဆက်သစ် အာကာသယာဉ် မုန့်ကျိုး (အိပ်မက်ယာဉ်) သည် အမြင့်ဆုံးဖိအားအောက်တွင် ပင်မယာဉ်မှခွဲထွက်သည့် စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကာ ပင်လယ်ပြင်ထဲသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ Long March-10 သယ်ဆောင်ရေးဒုံးပျံအား ဝေဟင်နိမ့် သရုပ်ပြစမ်းသပ်မှုနှင့် စိစစ်အတည်ပြုသည့် စမ်းသပ်ပျံသန်းမှုအတွင်း ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အပြန်ယာဉ်ငယ်အား ပြန်လည်ဆယ်ယူမှု ပြီးမြောက်ခဲ့သည်။ ယခုအောင်မြင်မှုမှာ အာကာသစခန်း၌ နောက်ဆက်တွဲ လုပ်ငန်းဆောင်တာများနှင့် လကမ္ဘာပေါ်သို့ လူလိုက်ပါသည့် အာကာသယာဉ် ဆင်းသက်မှုတို့အတွက် အလွန်အရေးပါသော အတွေ့အကြုံကို ပေးစွမ်းနိုင်ခဲ့ကြောင်း အဆိုပါ အေဂျင်စီက ပြောသည်။
မုန့်ကျိုး အာကာသယာဉ်အား တရုတ်နိုင်ငံ၏ လူလိုက်ပါသော လကမ္ဘာ စူးစမ်းလေ့လာရေးအတွက် အဓိကရည်ရွယ်ကာ ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားခြင်းဖြစ်ကာ အာကာသစခန်း၌ လုပ်ငန်းဆောင်တာများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုအပြန်ယာဉ်ငယ်အား အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်သည်ဟုလည်း သိရသည်။ (Xinhua)
……………….
(English Version)
China completes first recovery of spacecraft return capsule from sea
WENCHANG, Hainan, Feb. 11 (Xinhua) — China on Wednesday successfully conducted its first maritime search and retrieval of a crewed spacecraft’s return capsule, the China Manned Space Agency said.
The Mengzhou (dream vessel) spacecraft, China’s new-generation spaceship for crewed mission, successfully conducted a maximum dynamic pressure abort test and achieved a safe splashdown on the sea. It was carried out during a low-altitude demonstration and verification flight test of the Long March-10 carrier rocket.
At 12:20 p.m. (Beijing Time), the maritime search and rescue team completed the recovery of the return capsule. The success offered crucial experience for subsequent space station operation and crewed lunar landing, the agency said.
The spacecraft Mengzhou is designed mainly for China’s crewed lunar exploration and can also be used for space station operation. Its return capsule is capable of multiple reuses.
English Caption
The return capsule of China’s new-generation Mengzhou crewed spaceship safely splashes down in the predetermined sea area during a flight test, Feb. 11, 2026. (Photo by Wang Heng/Xinhua)
