Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဟန်ဂေရီနိုင်ငံသို့ သွားရောက်ပြီး ဂျာမနီနိုင်ငံ၌ ကျင်းပမည့် ၆၂ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်မည်

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးဧည့်ခံပွဲအား လက်ခံကျင်းပနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဟန်ဂေရီနိုင်ငံသို့ ဖေဖော်ဝါရီ ၁၁ ရက်၌ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ၆၂ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) သို့ တက်ရောက်ရန် ဂျာမနီနိုင်ငံသို့လည်း သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၀ ရက်၌ ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်က ၆၂ ကြိမ်မြောက် MSC ၏ တရုတ်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဝမ်၏ အဆိုပါခရီးစဉ်မှာ ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto နှင့် MSC ဥက္ကဋ္ဌ Wolfgang Ischinger တို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
Chinese FM to visit Hungary, attend 62nd Munich Security Conference in Germany
BEIJING, Feb. 10 (Xinhua) — Chinese Foreign Minister Wang Yi will visit Hungary on Feb. 11 and travel to Germany to attend the 62nd Munich Security Conference (MSC), a foreign ministry spokesperson announced on Tuesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, will deliver a speech at the China session of the 62nd MSC.
Wang’s visit is at the invitation of Hungarian Foreign Minister Peter Szijjarto and MSC Chairman Wolfgang Ischinger, the spokesperson added. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, hosts the Chinese Foreign Ministry’s 2026 New Year reception in Beijing, capital of China, Feb. 5, 2026. (Xinhua/Liu Bin)