China
တရုတ်နိုင်ငံမှ စူးရိမင်က ပေကျင်းအိုလံပစ်အပြီးတွင် စိတ်ဓာတ်ကျဆင်းနေမှုကို ကျော်လွှားကာ မီလန်-ကော်တီနာ အိုလံပစ်ပြိုင်ပွဲ slopestyle နှင်းလျှောစီးပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူး
လီဗီညို၊ အီတလီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ နာမည်ကျော် နှင်းလျှောစီးအားကစားသမား စူးရိမင်က ၎င်းအနေဖြင့် ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပြီးတွင် စိတ်ဓာတ်ခွန်အားများ ကျဆင်းနေခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်နိုင်ခဲ့သည့်အတွက် မီလန်-ကော်တီနာ အိုလံပစ်ပြိုင်ပွဲ၏ ဆုပေးပွဲစင်မြင့်ထက်သို့ ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
စူးသည် big air နှင်းလျှောစီးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆွတ်ခူးခဲ့ပြီး ရက်ပိုင်းအကြာ၊ ၎င်း၏ အသက် ၂၂ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၈ ရက်က အမျိုးသား slopestyle စကိတ်ဘုတ်ပြားဖြင့် နှင်းလျှောစီးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲကာ ယခုအိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။ လွန်ခဲ့သောလေးနှစ်က ပေကျင်းအိုလံပစ်ပြိုင်ပွဲတွင်လည်း ၎င်းသည် big air ပြိုင်ပွဲအမျိုးအစားတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သလို slopestyle ပြိုင်ပွဲအမျိုးအစားတွင်လည်း ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
“ပေကျင်းအိုလံပစ်ပြိုင်ပွဲအပြီးမှာ ကျွန်တော် အရင်ကမကြုံဖူးခဲ့တဲ့ အရာတွေကို ကြုံခဲ့ရတယ်” ဟု စူးက ပြိုင်ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ “ကျွန်တော် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ တော်တော်လေး ပင်ပန်းချည့်နဲ့နေခဲ့တယ်။ အချိန်ကာလတစ်ခုလောက်အထိ စိတ်ဓာတ်ခွန်အားတွေ ပျောက်ဆုံးခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
၎င်းအနေဖြင့် ဆယ်ကျော်သက်လူငယ် ချန်ပီယံတစ်ဦးအဖြစ်မှ တည်ငြိမ်သည့် အိုလံပစ်ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ကူးပြောင်းခဲ့ရာတွင် မတူကွဲပြားသည့် စိန်ခေါ်မှုများရှိခဲ့သည်ဟုလည်း ဖွင့်ဟပြောဆိုခဲ့သည်။
“အသက် ၁၇ နှစ်အရွယ်တုန်းက ကျွန်တော်က ချာတိတ်အရွယ်ဆိုတော့ မျှော်လင့်ချက်တွေ တာဝန်တွေ သိပ်အများကြီးမရှိဘူး။ အခုတစ်ကြိမ်မှာတော့ တာဝန်တွေ အများကြီးပိုရှိလာပြီ။ ဒီစင်မြင့်ပေါ်မှာ တရုတ်နိုင်ငံနဲ့ တရုတ်နှင်းလျှောစီးအားကစားလောကအတွက် ကိုယ်စားပြုခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စူးက ၎င်းအနေဖြင့် အမြင့်ဆုံးအဆင့်သို့ ပြန်လည်တက်လှမ်းနိုင်ရန် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နာလန်ထူမှုအပြင် စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ချိန်ညှိပြင်ဆင်မှုကိုလည်း လိုအပ်ခဲ့သည်ဟု ဆိုသည်။
“တခြားသူတွေအားလုံးလည်း တိုးတက်လာနေကြတယ်။ ဒီစင်မြင့်ပေါ်မှာ နောက်တစ်ကြိမ် ခြေချခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းသည် စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်တိုက်ပွဲဝင်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ၎င်းက ညွှန်းဆိုခဲ့သည်။
“ကိုယ့်ရဲ့စိတ်က အဆင်သင့်ဖြစ်နေရင်တောင် တစ်ခါတစ်လေမှာ ခန္ဓာကိုယ်က အဆင်သင့်ဖြစ်မနေဘူးလေ။ ခန္ဓာကိုယ်က ပိုပြီးပေါ့ပါးလန်းဆန်းနေရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်နိုင်ဦးမှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ “ဒါပေမဲ့ အနိမ့်ပါးဆုံး အခိုက်အတန့်တွေမှာတောင် ဒီအားကစားအပေါ်မှာ ကျွန်တော့်ရဲ့ မြတ်နိုးတွယ်တာမှုကို ယုံကြည်ဖို့ပဲ ရွေးချယ်ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စူးသည် မီလန်-ကော်တီနာ အိုလံပစ်ပြိုင်ပွဲ big air နှင်းလျှောစီးပြိုင်ပွဲ အမျိုးအစားတွင် ရေပန်းစားသူတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ပေကျင်းအိုလံပစ်ချန်ပီယံ စူးမှာ ယခုရာသီ၌ ချုံလီနှင့် ပေကျင်းမြို့တို့တွင် ပြုလုပ်သည့် FIS ကမ္ဘာ့ဖလားချန်ပီယံဆုများကို ဆက်တိုက်ရယူနိုင်ခဲ့ကာ big air ပြိုင်ပွဲအမျိုးအစားအားလုံး၏ အဆင့်ရပ်တည်မှု၌ ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။ သို့သော် ဖေဖော်ဝါရီ ၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် အိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်မူ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမြင့်ခုန်ရာတွင် လက်နှင့်အနည်းငယ်ထိမိခဲ့သဖြင့် ရွှေတံဆိပ်ဆုနှင့် လွဲချော်ခဲ့ပြီး ကြေးတံဆိပ်နှင့်သာ ကျေနပ်ခဲ့ရသည်။
“Big air ပြိုင်ပွဲပြီးသွားတော့ ဖိအားတွေ တော်တော်လေး လျော့သွားတယ်။ အခုတစ်ကြိမ် slopestyle ပြိုင်ပွဲအမျိုးအစားမှာတော့ ကျွန်တော် ပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ယင်းစိတ်ဓာတ်သည် slopestyle ပြိုင်ပွဲတွင် အရေးပါသော သော့ချက်ဖြစ်ခဲ့ပြီး တာထွက်လျှောစီးလမ်းတွင် ၈၂.၄၁ မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
“ပထမဆုံး လျှောစီးလမ်းမှာ ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းကို အစွမ်းကုန်ထုတ်သုံးချင်ခဲ့တယ်။ ဒါက အိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲဖြစ်တာမို့ ဘာနဲ့မှ ပြန်ပြီးအဖတ်ဆယ်လို့မရနိုင်ဘူးလေ။ Slopestyle ပြိုင်ပွဲအမျိုးအစားက တစ်ခါအမြင့်ခုန်ရုံတင်မဟုတ်ဘဲ ပထမဆုံး အတားအဆီးကနေစပြီး နောက်ဆုံးအမြင့်ခုန်ရမယ့် နေရာအထိ ခွန်အားတွေကို တောက်လျှောက်ထိန်းထားနိုင်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။ (Xinhua)

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသား slopestyle နှင်းလျှောစီးဘုတ်ပြားဖြင့် နှင်းလျှောစီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား၌ ရွှေတံဆိပ်ဆုရှင် တရုတ်အားကစားသမား စူးရီမင် (အလယ်)၊ ငွေတံဆိပ်ဆုရှင် ဂျပန်အားကစားသမား ဟဆဲဂါဝါ တအိဂါ (ဝဲ) နှင့် ကြေးတံဆိပ်ဆုရှင် အမေရိကန် အားကစားသမား ဂျိတ်ခ် ကန်တာတို့အား တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အမျိုးသား slopestyle နှင်းလျှောစီးဘုတ်ပြားဖြင့် နှင်းလျှောစီးပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ စူးရိမင် ပြိုင်ပွဲဝင်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)




……………….
(English Version)
Su Yiming overcomes post-Beijing slump to win Olympic slopestyle gold
LIVIGNO, Italy, Feb. 18 (Xinhua) — China’s star snowboarder Su Yiming said he once “lost a lot of motivation” after the 2022 Beijing Winter Olympics, but rebuilt himself mentally and physically to return to the top of the Olympic podium at Milan-Cortina.
On his 22nd birthday, Su delivered China’s first gold medal of the Games by winning the men’s slopestyle on Wednesday, days after taking bronze in big air. Four years ago in Beijing, he had won gold in big air and silver in slopestyle.
“After Beijing, I went through things I had never experienced before,” Su said at the post-event press conference. “Physically and mentally, I felt very tired. For a period of time, I lost a lot of motivation.”
He said the shift from teenage champion to established Olympic contender brought a different kind of weight.
“At 17, I was still a kid. I didn’t have many expectations or responsibilities,” he said. “This time, I carry much more responsibility. It’s an honor to represent China and Chinese snowboarding on this stage.”
Su said returning to the highest level required both physical recovery and mental reset.
“Everyone else was improving,” he said. “Just being able to stand on this stage again, I already felt grateful.”
He described the process as an internal struggle.
“When your mind is ready, sometimes your body is not. When your body feels better, you may not fully believe in yourself yet,” he added. “But even during the lowest moments, I chose to believe in the love I have for this sport.”
Su had entered the Milan-Cortina Games as one of the favorites in big air. The Beijing 2022 champion had won back-to-back FIS World Cup titles in Chongli and Beijing this season and led the overall big air standings. Yet in the Olympic final on February 7, minor hand touches on his second and third jumps left him with bronze instead of gold.
“After big air, the pressure was actually much smaller,” Su said. “This time (in slopestyle), I only focused on the competition itself.”
That mindset proved decisive in slopestyle, where he led from the opening run with 82.41 points.
“On the first run, I just wanted to put my heaviest run down. It’s the Olympic final – there’s nothing to save,” he said. “Slopestyle is not just one jump. You have to carry the energy from the first rail to the last jump.”
English Caption 1
Gold medalist Su Yiming of China reacts during the awarding ceremony for the snowboard men’s slopestyle at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 18, 2026. (Xinhua/Wang Peng)
English Caption 2
Gold medalist Su Yiming (C) of China, silver medalist Hasegawa Taiga (L) of Japan and bronze medalist Jake Canter of the United states react during the awarding ceremony for the snowboard men’s slopestyle at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 18, 2026. (Xinhua/Wang Peng)
English Caption 3
Su Yiming of China competes during the snowboard men’s snowboard slopestyle final at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 18, 2026. (Xinhua/Wang Peng)
