Connect with us

China

မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ကာ တရုတ်နိုင်ငံက ပြည်ပ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်ကို ရယူနိုင်ခဲ့

အီတလီနိုင်ငံ ဗီရိုနာမြို့ရှိ ဗီရိုနာ အိုလံပစ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီရိုနာ၊ အီတလီ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ပြိုင်ပွဲဝင်ကစားသမားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မှု၊ သမိုင်းဝင်အောင်မြင်မှုများနှင့် ပြည်ပတွင် ယှဉ်ပြိုင်သည့် ဆောင်းရာသီအားကစားပြိုင်ပွဲတစ်ခု၌ တရုတ်နိုင်ငံ၏ အကောင်းဆုံးစွမ်းဆောင်ရည်တို့ကို မြင်တွေ့ခဲ့ရသည့် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ၁၇ ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်က ပြီးစီးသွားခဲ့ပြီဖြစ်သည်။
နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကာစတီ ကိုဗင်ထရီက အားကစားပြိုင်ပွဲကြီး ကျင်းပပြီးစီးသွားပြီဖြစ်ကြောင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်သည့် သမိုင်းဝင် ဗီရိုနာ အားကစားကွင်းကြီးထဲမှ ကြေညာခဲ့သည်။
“ဘယ်လိုရလဒ်ပဲ ထွက်ပေါ်လာပါစေ ယှဉ်ပြိုင်ကြတယ် ထွေးပွေ့ကြတယ် တစ်ဦးနဲ့တစ်ဦး နှစ်သိမ့်အားပေးကြတယ် ဒါဟာ စစ်မှန်တဲ့ အိုလံပစ်စိတ်ဓာတ်ပါပဲ။ အဲဒီစံတန်ဖိုးတွေကို အများအားဖြင့် မေ့လျော့နေတတ်တဲ့ ကမ္ဘာကြီးမှာ ထူးချွန်မှု၊ လေးစားမှုနဲ့ ချစ်ခင်ရင်းနှီးမှုဆိုတဲ့အရာတွေကို အားကစားမောင်မယ်တို့က ပြသခဲ့ကြတယ်” ဟု ပိတ်ပွဲအခမ်းအနား မိန့်ခွန်း၌ ကိုဗင်ထရီက ထည့်သွင်းပြောကြားခဲ့သည်။
“အိုလံပစ်မီးရှူးတိုင်ကို မကြာခင် ငြှိမ်းသတ်တော့မှာဖြစ်ပေမဲ့ အဲဒီအလင်းရောင်ဟာ ကျွန်မတို့နဲ့အတူ ဆက်ရှိနေမှာဖြစ်ပြီး ကလေးငယ်တိုင်းကို ရည်မှန်းချက်ကြီးကြီးထားဖို့ အားပေးတိုက်တွန်းရင်း သတ္တိနဲ့ ကရုဏာဆိုတဲ့ အရာတွေက အရေးပါနေတုန်းပဲဆိုတာကို သတိပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“အိုလံပစ်အားကစားပြိုင်ပွဲဆိုတာဟာ အားကစားမောင်မယ်တွေက အားကစားကတစ်ဆင့် ကမ္ဘာကြီးကို လွတ်လပ်ဘေးကင်းစွာနဲ့ ဂုဏ်ယူစွာ စိတ်ခွန်အားတွေပေးနိုင်တဲ့ နေရာတစ်နေရာအဖြစ် ဆက်ပြီးတည်ရှိနေမှာပါ” ဟုလည်း အိုလံပစ်ရေကူးချန်ပီယံဟောင်းဖြစ်သူ ကိုဗင်ထရီက ဆိုသည်။
မီလန်-ကော်တီနာ အိုလံပစ်ပြိုင်ပွဲအား ဖေဖော်ဝါရီ ၆ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဘီနင်၊ ဂီနီ-ဘစ်ဆော၊ ယူအေအီး စသည့် နိုင်ငံများမှ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည့် အားကစားသမားများ အပါအဝင် ကိုယ်စားလှယ်အဖွဲ့ပေါင်း ၉၃ ဖွဲ့မှ အားကစားသမား ၂,၈၈၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကာ အားကစားအမျိုးအစား ၈ မျိုးနှင့် အားကစားနည်း ၁၆ မျိုးအတွက် ပြိုင်ပွဲပေါင်း ၁၁၆ ပွဲ ယှဉ်ပြိုင်ခဲ့သလို အမျိုးသမီးပြိုင်ပွဲဝင်များမှာလည်း ပြိုင်ပွဲဝင်စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းအထိ စံချိန်တင်ပါဝင်ခဲ့ကြသည်။
သမိုင်းတစ်လျှောက် ပထဝီအနေအထားအရ ကျယ်ကျယ်ပြန့်ပြန့်အရှိဆုံးဖြစ်သည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖြစ်သည့်အားလျော်စွာ ယခုပြိုင်ပွဲအား မီလန်မြို့လယ် အချက်အချာနေရာနှင့် ကော်တီနာ၊ ဗက်တယ်လီနာနှင့် ဗာဒီ ဖီယမ်မယ် စသည့် တောင်ပေါ်အားကစားရုံများတွင် နေရာလေးနေရာခွဲ၍ ကျင်းပခဲ့ကာ အီတလီနိုင်ငံ မြောက်ပိုင်း၏ ဧရိယာ စတုရန်းကီလိုမီတာ ၂၂,၀၀၀ ကျော်အထိ လွှမ်းခြုံမှုရှိခဲ့သည်။
ဆုတံဆိပ်ရရှိမှု ဇယားတွင် နော်ဝေနိုင်ငံက ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၁ ခုဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကာ ယင်း၏နောက်တွင် အမေရိကန်နှင့် နယ်သာလန်တို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ အိမ်ရှင်အီတလီက ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၁၄ ခုဖြင့် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သဖြင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်အတွက် ယင်း၏ အကောင်းဆုံးစွမ်းဆောင်မှု ဖြစ်ခဲ့သည်။
ယခုပြိုင်ပွဲ၌ နော်ဝေနိုင်ငံမှ ယိုဟန်နက်စ် ဟိုစလော့ထ် ကလာအက်ဘိုက အပြောင်မြောက်ဆုံး စွမ်းဆောင်မှုတစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့ပြီး မြေမျက်နှာသွင်ပြင် အမျိုးမျိုးတွင် ယှဉ်ပြိုင်ရသည့် အမျိုးသားနှင်းလျှောစီးပြိုင်ပွဲအားလုံးတွင် ချန်ပီယံဆုတံဆိပ်များကို သိမ်းပိုက်နိုင်ခဲ့ကာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ တစ်ခုတည်းတွင် ရွှေတံဆိပ်ခြောက်ခု ဆွတ်ခူးနိုင်သည့် ပထမဆုံး အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယခုစွမ်းဆောင်မှုကြောင့် ၎င်းအနေဖြင့် ရွှေတံဆိပ် ၁၁ ခုတိတိ ဆွတ်ခူးထားသည့် အအောင်မြင်ဆုံး ဆောင်းရာသီအိုလံပစ် အားကစားသမားအဖြစ် ၎င်း၏မှတ်တမ်းကောင်းကို တိုးမြှင့်နိုင်ခဲ့သည်။
တရုတ်နိုင်ငံသည်လည်း ပြည်ပ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတစ်ခုသို့ ကိုယ်စားလှယ်အဖွဲ့ဦးရေ အများဆုံးစေလွှတ်မှုအဖြစ် ပြိုင်ပွဲပေါင်း ၉၁ ပွဲတွင် အားကစားနည်း ၁၅ မျိုး၌ ယှဉ်ပြိုင်ရန် အားကစားသမား ၁၂၆ ဦး စေလွှတ်ခဲ့သည်။ တရုတ်နိုင်ငံက ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်ခြောက်ခု ဆွတ်ခူးနိုင်ခဲ့ကာ ပြည်ပ ဆောင်းရာသီအားကစားပြိုင်ပွဲတစ်ခု၌ ရလဒ်အကောင်းဆုံးဖြစ်ခဲ့သလို ၂၀၂၂ ပေကျင်းအိုလံပစ်၌ ဆွတ်ခူးခဲ့သည့် စုစုပေါင်း ဆုတံဆိပ်အရေအတွက်နှင့်လည်း တူညီလျက်ရှိသည်။
တရုတ်အသင်း၏ ပြိုင်ပွဲဝင်မှုအတွင်း အထင်ကရ အခိုက်အတန့်တစ်ခုမှာ မီတာ ၁,၅၀၀ အမျိုးသား အမြန်စကိတ်စီးပြိုင်ပွဲတွင် နင်ကျုံးယန်က ယင်းပြိုင်ပွဲအမျိုးအစား၌ ဥရောပနှင့် မြောက်အမေရိကမှ စကိတ်စီးကစားသမားများ ရာစုနှစ်နှင့်ချီ လွှမ်းမိုးထားမှုကို ချိုးဖျက်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260223/8b588ba084704d6c84d948ae48b3ca18/c.html

အီတလီနိုင်ငံ ဗီရိုနာမြို့ရှိ ဗီရိုနာ အိုလံပစ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား၌ ဖျော်ဖြေတင်ဆက်နေသူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ ဗီရိုနာမြို့ရှိ ဗီရိုနာ အိုလံပစ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၆ မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား၌ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ အလံကိုင်ဖြစ်သူ စူးရိမင်အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Milan-Cortina Winter Olympics closes as China posts best-ever overseas result
VERONA, Italy, Feb. 22 (Xinhua) — The Milan-Cortina Winter Olympics concluded on Sunday, after 17 days of competition that saw broad participation, historic breakthroughs and China’s best-ever performance at an overseas Winter Games.
International Olympic Committee president Kirsty Coventry declared the Games closed at the historic Verona Arena, a UNESCO World Heritage Site.
“This is the true Olympic spirit: competing, embracing, lifting each other up whatever the result. You showed us what excellence, respect and friendship look like in a world that often forgets these values,” Coventry said in her closing speech.
“The flame may soon go out, but its light will stay with us – in every child inspired to dream big, in every person reminded that courage and kindness still matter.”
“The Olympic Games will continue to be a space where the athletes can inspire the world through sport – freely, safely and proudly,” said the former Olympic swimming champion.
The Games officially opened on February 6, featuring 2,880 athletes from 93 delegations – including first-time Winter Olympic participants from Benin, Guinea-Bissau and the United Arab Emirates – competing in 116 events across eight sports and 16 disciplines, with women accounting for a record 47 percent of competitors.
As the most geographically spread-out Winter Olympics in history, the Games’ competition venues were divided into four clusters: the urban hub of Milan, and the mountain venues of Cortina, Valtellina and Val di Fiemme, spanning over 22,000 square kilometers in northern Italy.
Norway topped the medal tally with 18 gold, 12 silver and 11 bronze medals, followed by the United States and the Netherlands. Host nation Italy finished fourth with 10 golds, six silvers and 14 bronzes, delivering its strongest performance in Winter Olympic history.
Norway’s Johannes Hoesflot Klaebo delivered one of the standout performances of the Games, becoming the first athlete to win six gold medals at a single Winter Olympics by sweeping all men’s cross-country events. The feat extended his record as the most decorated Winter Olympian with 11 gold medals.
China sent its largest-ever delegation to an overseas Winter Olympics, fielding 126 athletes in 91 events across 15 disciplines. The team finished with five gold, four silver and six bronze medals, marking its best result at an overseas Winter Games and also equaling its overall medal count from Beijing 2022.
A highlight of China’s campaign came in the men’s 1,500m speed skating, where Ning Zhongyan clinched gold, breaking the century-long dominance of European and North American skaters in the event.
https://english.news.cn/20260223/8b588ba084704d6c84d948ae48b3ca18/c.html
English Caption 1
This photo taken on Feb. 22, 2026 shows the closing ceremony of the Milan-Cortina 2026 Olympic Winter Games at Verona Olympic Arena in Verona, Italy. (Xinhua/Xue Yuge)
English Caption 2
Actors perform during the closing ceremony of the Milan-Cortina 2026 Olympic Winter Games at Verona Olympic Arena in Verona, Italy, Feb. 22, 2026. (Xinhua/Xue Yuge)
English Caption 3
Su Yiming, flag bearer of the delegation of China, parades during the closing ceremony of the Milan-Cortina 2026 Olympic Winter Games at Verona Olympic Arena in Verona, Italy, Feb. 22, 2026. (Xinhua/Li Ming)