Connect with us

China

အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာခြင်းက မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိဟု တရုတ်နိုင်ငံ ထုတ်ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်လာခြင်းသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။ အီရန်နိုင်ငံအပေါ် စစ်ရေးအရ အကန့်အသတ်ဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ရန် အမေရိကန်နိုင်ငံက စဉ်းစားနေခြင်းနှင့်ပတ်သက်သည့် သတင်း‌ဖော်ပြချက်များနှင့်ပတ်သက်သည့် မေးမြန်းချက်ကို တုံ့ပြန်ရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်လာမှုများအား အနီးကပ် စောင့်ကြည့်လျက်ရှိပြီး သက်ဆိုင်သူအားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကာ ဆွေးနွေးမှုများမှတစ်ဆင့် ကွဲပြားမှုများကို ဖြေရှင်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မော်နင်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China says escalation of tensions in Middle East serves no one’s interests
BEIJING, Feb. 24 (Xinhua) — A Chinese foreign ministry spokesperson said on Tuesday that the escalation of tensions in the Middle East serves no one’s interests, responding to a query about reports on U.S. contemplating a limited military strike on Iran.
China is closely following the relevant developments and hopes that all parties will exercise restraint and resolve differences through dialogue, Spokesperson Mao Ning told a daily press briefing. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.