China
ကမ္ဘာ့အဆင့် ၁ စွန်းရင်ဆားက Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ဦးဆောင်
စင်ကာပူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ အဓိကပွဲစဉ်များ၏ ဒုတိယမြောက်နေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် တရုတ်ကစားသမားများက လွှမ်းမိုးထားခဲ့ပြီး အမျိုးသမီးကမ္ဘာ့အဆင့် ၁ စွန်းရင်ဆားက ဟွမ်ယိုကျိန့်၊ ရှန့်ဖုန်၊ ချန်ယွမ်ယွီ၊ ဟယ်ကျော်ကျား၊ ခွိုင်မန့်၊ စီရွှင့်ရောင်နဲ့ ဝမ်ရိသီတို့နှင့်အတူ နောက်တစ်ဆင့်တက်လှမ်းသွားပြီဖြစ်ကြောင်း သိရသည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဟွမ်က အိန္ဒိယနိုင်ငံမှ Manav Thakkar ကို ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ရှန့်ကလည်း အီဂျစ်နိုင်ငံမှ Youssef Abdelaziz ကို ၃-၁ ရလဒ်ဖြင့်ပင် အနိုင်ရခဲ့သည်။ ချန်ကမူ ငါးပွဲဆက်တိုက် စိတ်လှုပ်ရှားစရာ ပွဲစဉ်တွင် ဆလိုဗေးနီးယားနိုင်ငံမှ Darko Jorgic ကို ၃-၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ စွန်းက ထိုင်းနိုင်ငံမှ Orawan Paranang ကို ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တွင် ရိုမေးနီးယားနိုင်ငံမှ Elizabeta Samara နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဟယ်ကျော်ကျားက တရုတ်တိုင်ပေမှ Yeh Yi-tian ကို ၃-၁ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ခွိုင်၊ စီနှင့် ဝမ်တို့ကလည်း ဂျာမနီနိုင်ငံမှ Annett Kaufmann၊ အီတလီနိုင်ငံမှ Gaia Monfardini နှင့် တောင်ကိုရီးယားနိုင်ငံမှ Joo Cheon-hui တို့ကို ကစားပွဲအသီးသီး၌ ဆက်တိုက်အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။ (Xinhua)

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် ထိုင်းနိုင်ငံမှ Orawan Paranang တို့၏ အမျိုးသမီးတစ်ဦးချင်း ၆၄ ဦးအဆင့် ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် တရုတ်နိုင်ငံမှ စွန်းရင်ဆားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် ထိုင်းနိုင်ငံမှ Orawan Paranang တို့၏ အမျိုးသမီးတစ်ဦးချင်း ၆၄ ဦးအဆင့် ပွဲစဉ်အတွင်း ဘောလုံးအား စပေးနေသည့် တရုတ်နိုင်ငံမှ စွန်းရင်ဆားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် Singapore Smash ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် ထိုင်းနိုင်ငံမှ Orawan Paranang တို့၏ အမျိုးသမီးတစ်ဦးချင်း ၆၄ ဦးအဆင့် ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် ထိုင်းနိုင်ငံမှ Orawan Paranang ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
World No.1 Sun Yingsha leads China’s dominance in Singapore Smash
SINGAPORE, Feb. 23 (Xinhua) — Chinese players dominated the second day of main-draw action Monday at the 2026 World Table Tennis Singapore Smash, with women’s world No. 1 Sun Yingsha advancing, along with Huang Youzheng, Xiang Peng, Chen Yuanyu, He Zhuojia, Kuai Man, Shi Xunyao and Wang Yidi.
In the men’s singles, Huang beat India’s Manav Thakkar 3-1, while Xiang defeated Egypt’s Youssef Abdelaziz by the same scoreline. Chen edged Slovenia’s Darko Jorgic 3-2 in a five-game thriller.
In the women’s singles, Sun defeated Thailand’s Orawan Paranang 3-1 and will face Romania’s Elizabeta Samara next. He Zhuojia beat Chinese Taipei’s Yeh Yi-tian 3-1. Kuai, Shi and Wang all won in straight games, defeating Germany’s Annett Kaufmann, Gaia Monfardini of Italy and South Korea’s Joo Cheon-hui, respectively. ■
English Caption 1, 2
Sun Yingsha of China hits a return during the women’s singles round of 64 match between Sun Yingsha of China and Orawan Paranang of Thailand at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 23, 2026. (Photo by Then Chih Wey/Xinhua)
English Caption 3
Sun Yingsha of China serves during the women’s singles round of 64 match between Sun Yingsha of China and Orawan Paranang of Thailand at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 23, 2026. (Photo by Then Chih Wey/Xinhua)
English Caption 4
Orawan Paranang of Thailand hits a return during the women’s singles round of 64 match between Sun Yingsha of China and Orawan Paranang of Thailand at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 23, 2026. (Photo by Then Chih Wey/Xinhua)
