Connect with us

China

နှစ်သစ်ကူးနွေဦးပွဲတော်ခရီးစဉ်များတွင် ခရီးစဉ် ၇.၇ ရာခိုင်နှုန်းတိုးလာကြောင်း တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းကဏ္ဍ အစီရင်ခံ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ ကွမ်ကျိုးပိုင်ယွင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အမှတ် ၂ ဂိတ်ပေါက်၌ ခရီးသည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်း တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးကဏ္ဍအနေဖြင့် ခရီးသည်ခရီးစဉ် ၂၂.၀၅ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ယင်းမှာ ၂၀၂၅ ခုနှစ်ကာလတူကထက် ၇.၇ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးဌာန (CAAC) မှ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ပြီးဆုံးခဲ့ပြီဖြစ်သည့် အဆိုပါကိုးရက်ကြာရုံးပိတ်ရက်ကာလတွင် တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးကဏ္ဍက တစ်နေ့လျှင် ပျမ်းမျှလေကြောင်းခရီးစဉ် ၁၈,၉၅၆ ခု ပြေးဆွဲခဲ့ကြောင်း၊ ယင်းမှာ ယခင်နှစ်ကာလတူကထက် ၄.၄ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း CAAC က ထုတ်ပြန်ခဲ့သည်။

တရုတ်နှစ်သစ်ကူးဟုလည်း လူသိများသော နွေဦးပွဲတော်သည် ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျရောက်ခဲ့ပြီး မိသားစုပြန်လည်ဆုံစည်းခြင်းနှင့် ခရီးသွားလာခြင်း အခါသမယတစ်ခုဖြစ်သည်။ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်သည် စံချိန်တင် ကိုးရက်ကြာခဲ့ပြီး ၎င်းအထွတ်အထိပ်ကာလအတွင်း သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ ပို၍ပင် ဝယ်လိုအားကောင်းလာစေခဲ့သည်။
အဆိုပါရုံးပိတ်ရက်ကာလအတွင်း တရုတ်နိုင်ငံ၏ ဒေသအားလုံးတွင် ခရီးသည်ခရီးစဉ် ၂.၈ ဘီလီယံကျော် ပြုလုပ်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အချက်အလက်များက ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ ကွမ်ကျိုးပိုင်ယွင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အမှတ် ၂ ဂိတ်ပေါက်၌ ခရီးသည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ ကွမ်ကျိုးပိုင်ယွင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အမှတ် ၂ ဂိတ်ပေါက်၌ ခရီးသည်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
China’s civil aviation reports 7.7 pct increase in Spring Festival trips
BEIJING, Feb. 24 (Xinhua) — China’s civil aviation sector handled 22.05 million passenger trips during the 2026 Spring Festival holiday — up 7.7 percent from the same period of 2025, according to data released on Tuesday by the Civil Aviation Administration of China (CAAC).
The sector operated an average of 18,956 flights each day of the nine-day holiday, which concluded on Monday, marking a 4.4 percent increase from the previous year, the CAAC said.
The Spring Festival, which is also known as Chinese New Year, fell on Feb. 17 this year, providing an occasion for family reunions and travel. The 2026 holiday was a record-long nine days, driving even stronger demand for transport during the peak period.
Data from the Ministry of Transport shows that more than 2.8 billion passenger trips were made across all regions of China during the holiday. ■
English Caption 1, 2, 3
This photo taken on Feb. 23, 2026 shows passengers at Terminal 2 of Guangzhou Baiyun International Airport in Guangzhou, south China’s Guangdong Province. (Xinhua/Wu Lu)