Connect with us

China

တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုမှာ အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရာတွင် တစ်ခုတည်းသော အသင့်လျော်ဆုံး ဖြေရှင်းနည်းဖြစ်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသည့် တရုတ်-ဂျာမနီ စီးပွားရေးဆိုင်ရာ အကြံပေးကော်မတီ သီးသန့်ဆွေးနွေးပွဲ တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုမှာ အန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရာတွင် တစ်ခုတည်းသော အသင့်လျော်ဆုံး ဖြေရှင်းနည်းဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လုံခြုံမှုရှိရေးအတွက် သေချာအောင်ဆောင်ရွက်ရာတွင် နှစ်ဖက်စလုံးအတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်ဟု တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဖေဖော်ဝါရီ ၂၅ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်းမြို့သို့ ရောက်ရှိနေသည့် ဧည့်သည်တော် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့်အတူ တက်ရောက်ခဲ့သည့် တရုတ်-ဂျာမနီ စီးပွားရေးဆိုင်ရာ အကြံပေးကော်မတီ သီးသန့်ဆွေးနွေးပွဲသို့ တက်ရောက်စဉ် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခြေအနေတွေ ပိုပြီးပြင်းထန်လာလေ တရုတ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်လေပါပဲ” ဟု လီက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မတည်ငြိမ်မှုများနှင့် မရေရာမှုများ မြင့်တက်နေချိန်တွင် စဉ်ဆက်မပြတ် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် ဂျာမနီတို့သည် မိမိတို့၏ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်မှု နယ်ပယ်များကို ချဲ့ထွင်ခဲ့ရုံသာမက ကမ္ဘာ့စီးပွားရေးအတွက်လည်း မောင်းနှင်အားများ ဖန်တီးပေးခဲ့သည်ဟု လီက ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့၏ စီးပွားရေးမှာ ပြန်လည်ကောင်းမွန်လာသည့် အပြုသဘော အရှိန်အဟုန်များ ဖြစ်ပေါ်နေကြောင်း၊ ယခုနှစ်တွင် စတင်သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း နှစ်နိုင်ငံ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သည်လည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။
စက်မှုကဏ္ဍတွင် အပြန်အလှန်ဖြည့်စွက်ပံ့ပိုးပေးနိုင်သော တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံ အခင်းအကျင်းမှာ ပြောင်းလဲခြင်းမရှိသကဲ့သို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များမှာလည်း နှစ်ဖက် ယှဉ်ပြိုင်လျက်ရှိသည့် နယ်ပယ်များထက် များစွာသာလွန်လျက်ရှိကြောင်း၊ ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ်မျိုးစလုံးဖြင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ဆက်ဆံရေးတစ်ရပ်ကို ပုံဖော်တည်ဆောက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူလက်တွဲမြှင့်တင်ခြင်းမှာ အလုံးစုံ ဖြစ်နိုင်ခြေရှိကြောင်း လီက ပြောသည်။
လီက ပိုမိုအဆင့်မြင့်မားသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ရလဒ်များကို ရည်မျှော်လျက် အရေးကြီး နယ်ပယ်သုံးခု၌ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်သည့် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
အဦးဆုံးအနေဖြင့် လီက အစဉ်အဆက် ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်များကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန် တိုက်တွန်းခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအနေဖြင့် စက်ယန္တရား၊ စက်ကိရိယာနှင့် ဓာတုပစ္စည်း စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း ဆက်လက်လုပ်ဆောင်ကာ အဆိုပါ စီးပွားရေးလုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန်အဖြစ် အသွင်ပြောင်းမှုကိုလည်း အရှိန်အဟုန်မြှင့်တင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် လီက နှစ်နိုင်ငံအနေဖြင့် ဆန်းသစ်တီထွင်မှု အရင်းအမြစ်များ အပြန်အလှန်စီးဆင်းမှုကို မြှင့်တင်ရေးအတွက် စီးပွားရေးလုပ်ငန်းများနှင့် သိပ္ပံသုတေသန အဖွဲ့အစည်းများအား ပံ့ပိုးပေးခြင်း၊ တတိယနိုင်ငံ ဈေးကွက်များ ရှာဖွေမှုကို အတူတကွလုပ်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ မျှဝေရေးအတွက် နည်းပညာနှင့် အခြေခံယန္တရား တည်ဆောက်မှုတွင် ခြေခြေမြစ်မြစ်ရှိသော ပူးတွဲသုတေသနပြုခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တတိယအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ကိုင်မှုအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်လည်း လီက တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် တံခါးဖွင့်လှစ်မှုကို တစိုက်မတ်မတ် ဆက်လက်ချဲ့ထွင်ကာ ဂျာမနီနိုင်ငံနှင့် အခြားနိုင်ငံများက ငွေကြေးထောက်ပံ့ထားသော စီးပွားရေးလုပ်ငန်းများ၏ လက်တွေ့ကျသည့် တောင်းဆိုမှုများကိုလည်း တက်တက်ကြွကြွ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ဂျာမနီအစိုးရအနေဖြင့်လည်း ဂျာမနီ၌ လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းမျှတ၍ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း လီက ဆက်လက်ပြောကြားသည်။
ထို့အတူ တရုတ်နှင့် ဂျာမနီ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင်လည်းကောင်း၊ နှစ်ဖက်အကြား ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန်နားလည်မှု တိုးမြှင့်ရာတွင်လည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို အားပေးမြှင့်တင်ရာတွင်လည်းကောင်း အရေးကြီးအခန်းကဏ္ဍမှ ပါဝင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260225/c5325a58e3c84952a99786ed344c3129/c.html
………………………………………………………….
(English Version)
China-Germany cooperation the only optimal solution to address risks: Premier Li
BEIJING, Feb. 25 (Xinhua) — Chinese Premier Li Qiang said on Wednesday that cooperation between China and Germany is the only optimal solution to address risks, and development is the only option for both sides to ensure security.
Li made the remarks when attending a symposium of the China-Germany economic advisory committee in Beijing together with visiting German Chancellor Friedrich Merz.
“The more severe the situation is, the more China and Germany should strengthen cooperation,” said Li.
Amid mounting instability and uncertainty in the world economy, Li said that China and Germany have — as two major economies and through close, continuous cooperation — not only expanded the space for their own development but also created driving forces for the world economy.
Li noted that both the Chinese and German economies are showing positive recovery momentum, and that there will be broader space for economic and trade cooperation between the two countries during the 15th Five-Year Plan period, which began this year.
The basic China-Germany cooperation pattern featuring industry complementarity has not changed, and the areas in which the two countries can collaborate far exceed those in which the two sides are locked in competition, Li said, adding that promoting development hand-in-hand by shaping a sound relationship defined by both competition and cooperation is entirely possible.
Eyeing higher-level mutually beneficial results, Li urged coordinated efforts from China and Germany in three major areas.
First, Li called for the basic foundations of traditional cooperation to be strengthened, with enterprises from the two countries continuing to deepen cooperation in fields such as machinery, equipment and chemicals, and accelerating the localization of their business.
Second, on new opportunities for future development, Li said the two countries should support enterprises and scientific research institutions to promote the two-way flow of innovative resources, come together to explore third-party markets, and carry out joint, in-depth research on technology and platform construction to share cooperation outcomes.
Third, Li urged the creation of a favorable environment for investment and business. China will steadfastly expand its high-level opening-up and actively address the reasonable demands of enterprises funded by Germany and other countries, Li said, expressing China’s hope that the German government will provide an open, fair and non-discriminatory business environment for Chinese enterprises operating in the country.
China also hopes that Chinese and German entrepreneurs will play key roles in promoting economic and trade cooperation, in enhancing communication and understanding between the two sides, and in promoting the stability of bilateral relations, Li added.
https://english.news.cn/20260225/c5325a58e3c84952a99786ed344c3129/c.html
English Caption
Chinese Premier Li Qiang and German Chancellor Friedrich Merz attend a symposium of the China-Germany economic advisory committee at the Great Hall of the People in Beijing, capital of China, Feb. 25, 2026. (Xinhua/Huang Jingwen)