Connect with us

China

တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က ဟွမ်ရန်သောင် ရေပြင်ထဲသို့ တရားမဝင် ကျူးကျော်လာသည့် ဖိလစ်ပိုင် သင်္ဘောများကို မောင်းထုတ်

တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင် ရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင် သင်္ဘောတစ်စင်းကို တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်သင်္ဘော ဟဲ့ပေါင် က ဥပဒေနှင့်အညီ မောင်းထုတ်နေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွမ်ရန်သောင်၊ တောင်တရုတ်ပင်လယ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က တောင်တရုတ်ပင်လယ်ရှိ ဟွမ်ရန်သောင်အနီး တရုတ်နိုင်ငံ ရေပိုင်နက်ထဲသို့ တရားမဝင် ကျူးကျော်လာသည့် ဖိလစ်ပိုင် သင်္ဘောများကို ဖေဖော်ဝါရီ ၂၁ ရက်က မောင်းထုတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက် ဒေသစံတော်ချိန် မွန်းတည့်ချိန်ခန့်က ဖိလစ်ပိုင်သင်္ဘောများ စုဝေးကာ ဟွမ်ရန်သောင်အနီး ရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖိလစ်ပိုင်သင်္ဘောများက တရုတ်နိုင်ငံ၏ သင်္ဘောများကို ဓာတ်ပုံရိုက်ခြင်း၊ ကင်းလှည့်နေသည့် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများ၏ လမ်းကြောင်းထဲသို့ ဖြတ်ဝင်ကာ အန္တရာယ်ရှိသည့် ခုတ်မောင်းမှုများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သလို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်သင်္ဘော 4409 ကလည်း ခပ်လှမ်းလှမ်း၌ ပုံမှန်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ တည်ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အကြိမ်ကြိမ် သတိပေးပြောဆိုမှုများကို လျစ်လျူရှုနေခြင်းကြောင့် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများက မီးသတ်ပိုက်ဖြင့်ဖျန်းကာ သတိပေးခြင်း၊ ရေလမ်းကြောင်းထိန်းချုပ်ခြင်း အပါအဝင် ဥပဒေနှင့်အညီ ရေကြောင်းဥပဒေ ထိန်းသိမ်းရေး အစီအမံများကို ဆောင်ရွက်ခဲ့သည့်အတွက် နောက်ဆုံးတွင် ဖိလစ်ပိုင်သင်္ဘောများကို မောင်းထုတ်နိုင်ခဲ့ကြောင်း သိရသည်။
CCG အနေဖြင့် အဆိုပါ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ထိန်းထိန်းသိမ်းသိမ်းနှင့် ချင့်ချင့်ချိန်ချိန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ထိုအစီအမံအားလုံးကိုလည်း နိုင်ငံတကာဥပဒေနှင့်အညီ အပြည့်အဝ လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းနေရာ၌ တာဝန်ထမ်းဆောင်နေသည့် CCG ရေယာဉ်စုထံမှ ဆင်ဟွာသတင်းဌာနက စုံစမ်းသိရှိခဲ့ကြောင်း သိရသည်။
မကြာသေးမီက ဟွမ်ရန်သောင် ရေပြင်၌ ရာသီဥတု ဆိုးရွားမှုနှင့် ပင်လယ်ရေကြောင်း မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့သည့်တိုင် ဖိလစ်ပိုင်ဘက်က “အစောင့်အရှောက်တာဝန်” နှင့် “အခွင့်အရေးများကို ကာကွယ်ခြင်း” ဟု အကြောင်းပြလျက် ဟန်ပြဇာတ်ကြောင်းဖန်တီးရန် အကဲဆတ်သည့် အဆိုပါရေပြင်ဧရိယာ၌ သင်္ဘောအများအပြား စုဝေးခဲ့ခြင်းဖြစ်ကြောင်း CCG က ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ ပင်လယ်ရေကြောင်း ကယ်ဆယ်ရေးတာဝန်များကို အစဉ်တစိုက် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသော်လည်း နိုင်ငံ၏ အချုပ်အခြာအာဏာအား မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ထိပါးချိုးဖောက်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း CCG က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင် ရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်သင်္ဘောတစ်စင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင် ရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ဖျန်းကာ သတိပေးနေသည့် တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်သင်္ဘော ဟဲ့ပေါင် အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
China Coast Guard drives away Philippine vessels illegally intruding into Huangyan Dao waters
HUANGYAN DAO, South China Sea, Feb. 25 (Xinhua) — The China Coast Guard (CCG) on Saturday drove away Philippine vessels that illegally intruded into China’s territorial waters off Huangyan Dao in the South China Sea.
Several Philippine vessels gathered and illegally entered the waters near Huangyan Dao at around midday on Feb. 21. The Philippine vessels photographed Chinese ships and made dangerous maneuvers by crossing the routes of CCG ships that were on patrol. The Philippine Coast Guard vessel 4409 was also observed loitering at a distance.
After repeated verbal warnings were ignored, the CCG vessels took regulatory steps in accordance with the law, including water cannon warning sprays and navigation route control, ultimately driving away the Philippine vessels.
Xinhua learned from the CCG on-site duty fleet that the CCG exercised restraint and acted rationally throughout the process, with all measures fully compliant with international law.
Despite recent severe weather and frequent maritime accidents in Huangyan Dao waters, the Philippines has assembled a large number of vessels in this sensitive area, using the pretext of “escort” and “rights protection” to stage a show, the CCG said.
China has consistently fulfilled its maritime rescue responsibilities, but will never allow any country to infringe upon its sovereignty under any pretext, it added.
English Caption 1
The China Coast Guard vessel Hebao lawfully expels a Philippine ship in the territorial waters of China’s Huangyan Dao, the South China Sea, Feb. 21, 2026. (Xinhua)
English Caption 2
This photo taken on Feb. 21, 2026 shows a Philippine vessel illegally entering the territorial waters of China’s Huangyan Dao in the South China Sea. (Xinhua)
English Caption 3
This screenshot shows the China Coast Guard vessel Hebao conducting warning water cannon discharge against Philippine ships illegally entering the territorial waters of China’s Huangyan Dao, the South China Sea, Feb. 21, 2026. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.