China
တရုတ်ဘောလုံးလောက ပြုပြင်ပြောင်းလဲမှုများကို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ထောက်ခံအားပေး
ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုက ၎င်းအနေဖြင့် တရုတ်ဘောလုံးလောက၏ ပြုပြင်ပြောင်းလဲရေး တွန်းအားပေးလုပ်ဆောင်မှုအပေါ် ယုံကြည်ကြောင်း ပြောကြားခဲ့ကာ ဖွဲ့စည်းပုံ အသစ်တဖန် ပြန်လည်ချိန်ညှိနေချိန် တရုတ်နိုင်ငံ၏ ရေရှည်တိုးတက်မှုအပေါ် ထောက်ခံအားပေးသွားမည်ဟူသော ဖီဖာ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။
တရုတ်ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ရေးမှာ ၎င်း ဖီဖာဥက္ကဋ္ဌအဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်စဉ်အတွင်း တစိုက်မတ်မတ် အလေးထားလုပ်ဆောင်ခဲ့သည့် အရာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ဆင်ဟွာသတင်းဌာနသို့ သီးသန့်ရေးသားပေးပို့ခဲ့သည့် ထုတ်ပြန်ချက်၌ အင်ဖန်တီနိုက ထည့်သွင်းပြောကြားခဲ့ပြီး အောက်ခြေအဆင့်မှ ပြန်လည်တည်ဆောက်မှုအပေါ် တစ်ကျော့ပြန် အာရုံစိုက်လာခြင်းကိုလည်း အသိအမှတ်ပြုခဲ့သည်။
“လက်ရှိအချိန်မှာ ဥက္ကဋ္ဌ စုန့်ခိုင် ရဲ့ ဦးဆောင်မှုအောက်က တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) ရဲ့ စီမံညွှန်ကြားမှုတွေကြောင့် အားတက်မိပါတယ်” ဟု အင်ဖန်တီနိုက ပြောကြားခဲ့ကာ လူငယ်များကို အဓိကထားသည့် အောက်ခြေအဆင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးထားခြင်းမှာ ဖီဖာက ထောက်ခံအားပေးသည့် ရေရှည် ချဉ်းကပ်နည်းတစ်ခု ဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖီဖာဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အင်ဖန်တီနိုမှာ ယခုနှစ်တွင် ဥက္ကဋ္ဌသက်တမ်း ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း အင်ဖန်တီနိုသည် တရုတ်နိုင်ငံသို့ သုံးကြိမ်လာရောက်ခဲ့သလို FIFA’s Forward အစီအစဉ်သည်လည်း CFA အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရန်ပုံငွေထောက်ပံ့ပေးခဲ့ကာ လူငယ်ပြိုင်ပွဲများ၊ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို ပံ့ပိုးပေးခဲ့သည်။
“ဘောလုံးအပေါ် စွဲလမ်းမှုဟာ တရုတ်နိုင်ငံက ပြိုင်ပွဲအဆင့်အသီးသီးမှာ တည်ရှိနေပါတယ်” ဟု အင်ဖန်တီနိုက ပြောကြားခဲ့ပြီး ယမန်နှစ်က ဝူဟန့်မြို့တွင် ကျင်းပသည့် ပထမဆုံး FIFA Women’s Champions Cup ပြိုင်ပွဲ အဖွင့်ပွဲစဉ်၌ ပရိသတ်များ စံချိန်တင်လာရောက်အားပေးခဲ့ခြင်းမှာ ဘောလုံးအားကစား၏ အဓွန့်ရှည်သော ဆွဲဆောင်မှု၏ သက်သေသာဓကပင်ဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။
“ကျွန်တော် ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၁၀ နှစ်ပြည့်ကာလမှာ ဖီဖာက ဒီလိုကြီးကျယ်ခမ်းနားတဲ့ နိုင်ငံရဲ့ အားကစားလောကကို တစ်ဆင့်တိုး မြှင့်တင်ပေးမယ့် ကတိကဝတ်အတွက် ခိုင်ခိုင်မာမာ ရပ်တည်နေတယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကာ ဖီဖာအနေဖြင့် CFA ဖလားကဲ့သို့ ပြည်တွင်းပြိုင်ပွဲများအတွက် အကူအညီပေးခြင်း အပါအဝင် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကို ဆက်လက်အထောက်အကူပေးသွားမည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဖီဖာအနေဖြင့် ဘောလုံးကွင်းပြင်ပတွင် တရုတ်နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လျက်ရှိသည်ကိုလည်း အင်ဖန်တီနိုက မီးမောင်းထိုးပြခဲ့ပြီး ကမ္ဘာ့ဘောလုံးအားကစားနယ်ပယ် ဂေဟစနစ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ ချဲ့ထွင်လာမှုကို အလေးအနက်သုံးသပ်ပြောဆိုခဲ့သည်။
Hisense ကုမ္ပဏီမှာ အသွင်သစ်ဖြင့် ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး တရားဝင်မိတ်ဖက်ဖြစ်လာခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ Lenovo ကုမ္ပဏီနှင့် ဖီဖာတို့ မိတ်ဖက်အဖြစ်ပူးပေါင်း၍ ပွဲကြီးကြပ်ရေး အထောက်အကူပြု နည်းပညာများ၊ ပွဲစဉ်အလိုက် သုံးသပ်ချက်နှင့် ပရိသတ်များနှင့် ချိတ်ဆက်မှုမြှင့်တင်ရန် ရည်ရွယ်သည့် AI နည်းပညာဖြင့် ဆန်းသစ်တီထွင်မှုများကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပသည့် ၁၄၅ ကြိမ်မြောက် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အစည်းအဝေး၌ ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုနှင့် မိုနာကိုနိုင်ငံ မင်းသား အဲလ်ဘတ်-၂ (ဝဲ) တို့ စကားပြောနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က ဆီနီဂေါအသင်းနှင့် မော်ရိုကိုအသင်းတို့ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးနောက် ဆုပေးပွဲအခမ်းအနား၌ ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုထံမှ ရွှေဖိနပ်ဆု လက်ခံရယူနေသော မော်ရိုကိုအသင်းမှ ဘရာဟင် ဒီယက်ဇ် (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
FIFA president Infantino backs Chinese football reforms
BEIJING, Feb. 26 (Xinhua) — Gianni Infantino has expressed confidence in the direction of Chinese football’s reform drive, reaffirming FIFA’s commitment to supporting the country’s long-term development at a moment of renewed structural reset.
In an exclusive written statement to Xinhua News Agency on Thursday, the FIFA president said cooperation with the Chinese Football Association had been a consistent theme throughout his decade in office, while acknowledging a renewed focus on grassroots rebuilding.
“Today, I am encouraged by the direction of the CFA under the leadership of President Song Kai,” Infantino said, adding that the emphasis on youth-oriented grassroots development is a long-term approach that FIFA supports.
Infantino, who was elected FIFA president on February 26, 2016, is marking his 10th year in office this year. During his tenure, he has visited China three times, while FIFA’s Forward Programme has provided more than 10 million U.S. dollars in funding to the CFA, supporting youth competitions, infrastructure and development initiatives.
“The passion for football exists at all levels of the game in China,” Infantino said, pointing to a record attendance at the opening match of the inaugural FIFA Women’s Champions Cup in Wuhan last year as evidence of football’s enduring appeal.
“In my 10th year as FIFA president, I reiterate that FIFA stands by its commitment to further elevate the game in this great country,” he added, noting that FIFA will continue to support development initiatives, including assistance with domestic competitions such as the CFA Cup.
Beyond the pitch, Infantino also highlighted FIFA’s growing cooperation with Chinese technology companies, reflecting China’s expanding role in the global football industry ecosystem.
He noted that Hisense has become the first official partner of the revamped FIFA Club World Cup, while Lenovo’s partnership with FIFA ahead of the 2026 World Cup will introduce AI-driven innovations aimed at enhancing officiating technologies, match analysis and fan engagement.
English Caption 1
International Olympic Committee (IOC) President Kirsty Coventry (L) speaks with FIFA President Gianni Infantino during the 145th IOC Session in Milan, Italy, Feb. 3, 2026. (Xinhua/Sun Fei)
English Caption 2
Prince Albert II of Monaco (L) speaks with Infantino during the 145th IOC Session in Milan, Italy, Feb. 3, 2026. (Xinhua/Sun Fei)
English Caption 3
Morocco’s Brahim Diaz (L) receives the Golden Boot from FIFA President Gianni Infantino during the presentation ceremony at the end of the Africa Cup of Nations final between Senegal and Morocco in Rabat, Morocco, Jan. 18, 2026. (Photo by Aissa/Xinhua)
