Connect with us

China

ရှီ-မက်ဇ် အစည်းအဝေးတွင် တရုတ်နှင့် ဂျာမနီ မိတ်ဖက်ဆက်ဆံရေး၊ နှစ်နိုင်ငံ အကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရန် သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်တို့ ပေကျင်းမြို့တော် တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်အား ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က လက်ခံတွေ့ဆုံခဲ့ကာ နှစ်နိုင်ငံက နယ်ပယ်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအသစ် ဆက်လက်မြှင့်တင်ရေး၊ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သောကုန်သွယ်မှုကို ထိန်းသိမ်းရေးအတွက် သဘောတူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် တရုတ်နိုင်ငံသို့ မက်ဇ်၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ကမ္ဘာ့ ဒုတိယနှင့် တတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများဖြစ်သလို နှစ်နိုင်ငံဆက်ဆံရေးကလည်း နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားများအပေါ်သာ တာဝန်ရှိရုံသာမက ဥရောပနှင့် ကမ္ဘာကြီးအပေါ်လည်း သိသိသာသာ သက်ရောက်မှုရှိကြောင်း ရှီက ထောက်ပြပြောကြားခဲ့သည်။

မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းခြင်း
နိုင်ငံတကာအခင်းအကျင်းသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ အနက်ရှိုင်းဆုံး အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သလို ကမ္ဘာကြီးအနေဖြင့် ပိုမိုကြီးမားသည့် ပြောင်းလဲမှုများနှင့် ရှုပ်ထွေးမှုကို ရင်ဆိုင်နေရကြောင်း၊ နှစ်နိုင်ငံလုံးအတွက် ပိုမိုအရေးကြီးသည်မှာ မဟာဗျူဟာမြောက် ဆက်ဆံရေး မြှင့်တင်ရန်၊ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရန်၊ တရုတ်-ဂျာမနီ ဘက်စုံဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် တိုးတက်မှုအသစ်များရရှိရေး တွန်အားပေး ဆောင်ရွက်ရန်ပင် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံလုံးသည် အချင်းချင်း ထောက်ခံအားပေးသော ယုံကြည်စိတ်ချရသည့် မိတ်ဖက်များဖြစ်ရမည် ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။ တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် မိမိကိုယ်ကိုယ်အမှီပြုမှုကိုသာ လက်ကိုင်ထားပြီး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုနှင့် ပွင့်လင်းမှုရှိသော ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွား အောင်မြင်မှုကဏ္ဍကို အတူတကွရေးသားလျက်ရှိကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လိုက်နာစောင့်ထိန်းသလို တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု အောင်မြင်ရန် စွမ်းဆောင်မှုနှင့် ယုံကြည်မှုလည်း ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ၊ ပိုမိုကျယ်ပြန့်သောကမ္ဘာကြီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်များ ဆက်လက်မျှဝေမည်ဖြစ်ကြောင်း ရှီက ဆိုသည်။
ဂျာမနီဘက်အနေဖြင့် တရုတ်နိုင်ငံ၏ တိုးတက်မှုအား ဓမ္မဓိဋ္ဌာန်ကျ၍ ဆင်ခြင်တုံတရားရှိစွာ ရှုမြင်နိုင်မည်ဟု မျှော်မှန်းထားသလို တရုတ်နိုင်ငံအား အပြုသဘောဆောင်၍ လက်တွေ့ကျသော မူဝါဒဖြင့် လက်ကိုင်ကျင့်သုံးကာ နှစ်နိုင်ငံဆက်ဆံ‌ရေး တည်ငြိမ်ပြီး စဉ်ဆက်မပြတ်တိုးတက်အောင် တရုတ်နိုင်ငံနှင့်အတူ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ရှီက ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် မက်ဇ်က ဂျာမနီအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားကာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလည်း အခိုင်အမာ စောင့်ထိန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု ရှေ့ဆက်ရေး၊ အပြန်အလှန် လေးစားမှုနှင့် ပွင့်လင်းမှုရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ကတိပြုရေးနှင့် နယ်ပယ်စုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆက်လက်နက်ရှိုင်းစေရေးအတွက် လုပ်ဆောင်ရန် အသင့်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/baua
……………………………………..
(English Version)
China, Germany agree to deepen partnership, win-win cooperation in Xi-Merz meeting
BEIJING, Feb. 25 (Xinhua) — Chinese President Xi Jinping met with German Chancellor Friedrich Merz in Beijing on Wednesday, with both sides agreeing to promote the continuous new development of the all-round strategic partnership, promote dialogue and cooperation, and uphold multilateralism and free trade.
This is Merz’s first trip to China since taking office. China and Germany are the world’s second and third largest economies, and the bilateral relationship not only bears on the interests of both countries, but also has significant impact on Europe and the world.
DEEPENING STRATEGIC PARTNERSHIP
The international landscape is undergoing the most profound transformations since the end of World War II, Xi said, adding that the greater changes and turbulence the world faces, the more important it is for the two countries to enhance strategic communication, strengthen strategic mutual trust and work for new progress in China-Germany all-around strategic partnership.
Xi said both countries should be reliable partners that support each other. China and Germany have pursued self-reliance and realized rapid development. Both have upheld mutual respect, mutual trust and open cooperation, and together written a success story of mutual benefit.
China adheres to the path of peaceful development, and has the capacity and confidence to achieve Chinese modernization. China will continue to share development opportunities with Germany and the wider world, he said.
Xi said it is hoped the German side can view China’s growth in an objective and rational manner, pursue a positive and pragmatic policy toward China, and work with China for steady and sustained growth of the bilateral relationship.
Merz said that the German side values its relations with China and firmly upholds the one-China policy. It stands ready to work with China to carry forward the traditional friendship, stay committed to mutual respect and open cooperation, and continue to deepen the all-around strategic partnership. xhtxs.cn/baua