China
ကမ္ဘာ့အဆင့် ၁ စွန်းရင်ဆားက Singapore Smash ပြိုင်ပွဲတွင် နောက်ဆုံး ၈ ဦးအဆင့်သို့ တက်လှမ်း
စင်ကာပူ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် Singapore Smash ပြိုင်ပွဲတွင် တစ်ဦးချင်း ကွာတားဖိုင်နယ်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသမီး ကမ္ဘာ့အဆင့် ၁ စွန်းရင်ဆားက ဖေဖော်ဝါရီ ၂၇ ရက်၌ တရုတ်ကစားသမားအဖွဲ့ကို ဦးဆောင်ခဲ့ကြောင်း သိရသည်။
စွန်းက အသင်းဖော် စီရွှင့်ရောင်ကို ၃-၁ ရလဒ်ဖြင့် အနိုင်ရကာ နောက်ဆုံး ၈ ဦးအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး နောက်တစ်ဆင့်၌မူ တရုတ်နိုင်ငံမှ ခွိုင်မန့်ကို ၃-၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည့် ဂျပန်နိုင်ငံမှ ဟီနာ ဟာယာတာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ချန်ရိက ဂျပန်နိုင်ငံမှ ဟိုနိုကာ ဟာရှီမိုတိုကို ၃-၀ ရလဒ်ဖြင့် အနိုင်ယူပြီး တရုတ်ကစားသမားများချည်း ပါဝင်သော ကွာတားဖိုင်နယ်၌ ချန်ရှင့်ထုန်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမျိုးသား တစ်ဦးချင်းယှဉ်ပြိုင်မှု၌ ချန်ယွမ်ယွီက ကမ္ဘာ့အဆင့် ၂ ဘရာဇီးနိုင်ငံမှ ဟူဂို ကယ်လ်ဒါရာနိုကို ၃-၁ ရလဒ်ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ ဆွီဒင်နိုင်ငံမှ ထရူးလ်စ် မိုရီဂတ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဂျာမနီနိုင်ငံမှ ပက်ထရစ် ဖရန်ဇစ်ကာက ဂျပန်နိုင်ငံမှ တိုမိုကာဇူ ဟာရီမိုတိုကို အနိုင်ယူပြီး နောက်ဆုံး ၈ ဦးအဆင့်၌ တရုတ်ထိုင်ပေမှ လျင်ယွင်ရူ နှင့် တွေ့ဆုံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် Singapore Smash ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ခွိုင်မန့်နှင့် ဂျပန်နိုင်ငံမှ ဟာယာတာ ဟီနာတို့၏ အမျိုးသမီး ၁၆ ဦးအဆင့်ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် ခွိုင်မန့်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် Singapore Smash ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ခွိုင်မန့်နှင့် ဂျပန်နိုင်ငံမှ ဟာယာတာ ဟီနာတို့၏ အမျိုးသမီး ၁၆ ဦးအဆင့်ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် ဟာယာတာ ဟီနာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် Singapore Smash ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ချန်ယွမ်ယွီနှင့် ဘရာဇီးနိုင်ငံမှ ဟူဂို ကယ်လ်ဒါရာနိုတို့၏ အမျိုးသား ၁၆ ဦးအဆင့်ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် ချန်ယွမ်ယွီကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် Singapore Smash ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ချန်ယွမ်ယွီနှင့် ဘရာဇီးနိုင်ငံမှ ဟူဂို ကယ်လ်ဒါရာနိုတို့၏ အမျိုးသား ၁၆ ဦးအဆင့်ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် ဟူဂို ကယ်လ်ဒါရာနိုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
World No. 1 Sun Yingsha advances to last 8 at Singapore Smash
SINGAPORE, Feb. 27 (Xinhua) — Women’s world No. 1 Sun Yingsha of China led a group of Chinese players in securing places in the singles quarterfinals at the 2026 WTT Singapore Smash here on Friday.
Sun beat teammate Shi Xunyao 3-1 to book her spot in the last eight and will next face Japan’s Hina Hayata, who edged China’s Kuai Man 3-2. Chen Yi defeated Japan’s Honoka Hashimoto 3-0 to set up an all-Chinese quarterfinal meeting with Chen Xingtong.
In the men’s singles draw, Chen Yuanyu overcame world No. 2 Hugo Calderano of Brazil 3-1 to advance to the quarterfinals, where he will take on Sweden’s Truls Moregard. Germany’s Patrick Franziska beat Japan’s Tomokazu Harimoto to line up a last-eight clash with Chinese Taipei’s Lin Yun-ju. ■
English Caption 1
Sun Yingsha of China hits a return during the women’s singles round of 32 match between Sun Yingsha of China and Elizabeta Samara of Romania at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 25, 2026. (Photo by Then Chih Wey/Xinhua)
English Caption 2
Kuai Man hits a return during the women’s singles round of 16 match between Kuai Man of China and Hayata Hina of Japan at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 27, 2026. (Photo by Then Chih Wey/Xinhua)
English Caption 3
Hayata Hina hits a return during the women’s singles round of 16 match between Kuai Man of China and Hayata Hina of Japan at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 27, 2026. (Photo by Then Chih Wey/Xinhua)
English Caption 4
Chen Yuanyu celebrates after winning the men’s singles round of 16 match between Chen Yuanyu of China and Hugo Calderano of Brazil at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 27, 2026. (Photo by Then Chih Wey/Xinhua)
English Caption 5
Hugo Calderano hits a return during the men’s singles round of 16 match between Chen Yuanyu of China and Hugo Calderano of Brazil at the World Table Tennis (WTT) Singapore Smash 2026 in Singapore on Feb. 27, 2026. (Photo by Then Chih Wey/Xinhua)
