Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဥရုဂွေးနိုင်ငံ သမ္မတ တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဥရု‌ဂွေးနိုင်ငံ သမ္မတ Yamandu Orsi အား ဖေဖော်ဝါရီ ၃ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့သည် ၂၀၂၃ ခုနှစ်က ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ နယ်ပယ်အသီးသီး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ အရှိန်မြင့်တက်လာခဲ့ပြီး အသီးအပွင့်ရလဒ်များစွာ ထွက်ပေါ်လာခဲ့ကြောင်း လီက ဆိုသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဗျူဟာမြောက်လမ်းညွှန်ချက်အရ တရုတ်နိုင်ငံအနေဖြင့် ဥရု‌ဂွေးနိုင်ငံနှင့်အတူ ကိုယ်စီအကျိုးစီးပွားများနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို အပြန်အလှန် အခိုင်အမာထောက်ခံအားပေးရေး၊ ဘုံဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများကို တက်ကြွစွာ မျှဝေ‌ရေး၊ လက်တွေ့ကျ၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ပြည်သူနှစ်ရပ်လုံးကို ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးရေး စသည်တို့အတွက် ဆောင်ရွက်ရန်အသင့်ရှိကြောင်း လီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် ဥရုဂွေးနိုင်ငံနှင့်အတူ တံခါးဖွင့်လှစ်မှုနှင့် နှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများနှင့် ဈေးကွက်ကွန်ရက်ချိတ်ဆက်မှု တိုးတက်ရေး ချိန်ညှိမှု မြှင့်တင်ရန်၊ နယ်ပယ်စုံတစ်ခွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအလားအလာကို ဆုပ်ကိုင်ရန်၊ ဘက်စုံအကျိုးကျေးဇူးများ မြှင့်တင်ခြင်းနှင့် လက်တွေ့ကျသော အောင်မြင်ဖြစ်ထွန်းမှုများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန် ဆန္ဒရှိကြောင်းလည်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်စီးပွားပူးပေါင်းကော်မတီ၊ နှစ်နိုင်ငံကုန်သွယ်ရေး အဆောက်အအုံ ပမာဏနှင့် ကောင်းမွန်အောင်တိုးချဲ့ရေး၊ သိပ္ပံ-နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှု မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှုမောင်းနှင်အားအသစ်များ ပျိုးထောင်ရေး၊ ဉာဏ်ရည်တုနည်းပညာ၊ အစိမ်းရောင်စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဇီဝဆေးဝါး စသည်တို့၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး အပါအဝင် ရှိနှင့်ပြီးသားယန္တရားများကို အကျိုးရှိရှိအသုံးချကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဥရုဂွေးနိုင်ငံထုတ်ကုန်ပစ္စည်းများ ပိုမိုတင်သွင်းရန်၊ ဥရု‌ဂွေးနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးအတွက် ယှဉ်ပြိုင်မှုရှိသော တရုတ်စီးပွားရေးလုပ်ငန်းများအား တွန်းအားပေးရန် အသင့်ရှိသလို ဥရုဂွေးနိုင်ငံအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဆက်လက်ဖန်တီးပေးမည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ် လီက ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ယဉ်ကျေးမှု၊ အားကစား၊ လူငယ်နှင့် ခရီးသွားလုပ်ငန်း စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ကာ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု စဉ်ဆက်မပြတ် နက်ရှိုင်းစေရေးအတွက်လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260203/88161d6856fc4dae9670acbcda1968e7/c.html

……………………………………..
(English Version)
Chinese premier meets with Uruguayan president
BEIJING, Feb. 3 (Xinhua) — Chinese Premier Li Qiang met with President of the Oriental Republic of Uruguay Yamandu Orsi in Beijing on Tuesday.
Li said that since China and Uruguay established a comprehensive strategic partnership in 2023, bilateral cooperation across all sectors has accelerated, yielding a series of fruitful results.
Following the strategic guidance of the two heads of state, China stands ready to work with Uruguay to provide firm mutual support on issues concerning each other’s core interests, actively share opportunities on the path of common development, enhance practical and mutually beneficial cooperation, and deliver greater benefits to the people of the two countries, he said.
China is set to continue adhering to openness and win-win cooperation with Uruguay. It is also willing to enhance the alignment of their development strategies and market connectivity, tap into their deep cooperation potential across various fields, further leverage their complementary advantages, and bring about more practical achievements, he added.
He urged both sides to utilize existing mechanisms, including the economic and trade mixed committee, to expand the scale and optimize the structure of bilateral trade, promote sci-tech and industrial innovation, cultivate new development drivers, and expand cooperation in artificial intelligence, the green economy, digital technology and biomedicine.
China is ready to import more high-quality Uruguayan products and encourage competitive Chinese enterprises to invest in Uruguay, and hopes that Uruguay will continue providing a favorable business environment for enterprises, Li said. He added that both sides should also enhance cooperation in areas such as culture, sports, youth and tourism, and continuously deepen their mutual understanding and friendship.
https://english.news.cn/20260203/88161d6856fc4dae9670acbcda1968e7/c.html

Photo: Chinese Premier Li Qiang meets with President of the Oriental Republic of Uruguay Yamandu Orsi at the Great Hall of the People in Beijing, capital of China, Feb. 3, 2026. (Xinhua/Huang Jingwen)