Connect with us

China

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ရှုပ်ထွေးနေသော နိုင်ငံတကာအခင်းအကျင်းတွင် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် တည်ငြိမ်မှုကို ပူးတွဲထိန်းသိမ်းသင့်ကြောင်း သမ္မတရှီ ပြောကြား

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အွန်လိုင်းတွေ့ဆုံပွဲပြုလုပ်နေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံတကာအခြေအနေက ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အနေဖြင့် အတူတကွ လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖေဖော်ဝါရီ ၄ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် တာဝန်ယူမှုရှိသော နိုင်ငံကြီးများနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းရေး၊ ဒုတိယကမ္ဘာစစ်၏ အောင်ပွဲရလဒ်များကို အခိုင်အမာစောင့်ရှောက်ရေး၊ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေ၏ အခြေခံစံနှုန်းများကို ပြတ်ပြတ်သားသားကာကွယ်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းအားပေးရန် တာဝန်ရှိသည်ဟု ရှီက ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်နှင့် အွန်လိုင်းတွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အွန်လိုင်းတွေ့ဆုံပွဲပြုလုပ်နေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
China, Russia should jointly maintain global strategic stability amid turbulent int’l landscape: Xi
BEIJING, Feb. 4 (Xinhua) — China and Russia should work together to maintain global strategic stability as the international situation has become increasingly turbulent since the beginning of the year, Chinese President Xi Jinping said on Wednesday.
As responsible major countries and permanent members of the United Nations Security Council, China and Russia have the obligation to encourage the international community to uphold fairness and justice, firmly safeguard the victorious outcomes of World War II, resolutely defend the UN-centered international system and the basic norms of international law, Xi said in a virtual meeting with Russian President Vladimir Putin. ■
English Caption 1, 2
Chinese President Xi Jinping holds a virtual meeting with Russian President Vladimir Putin at the Great Hall of the People in Beijing, capital of China, Feb. 4, 2026. (Xinhua/Liu Bin)