Connect with us

China

အာရှဖလား စားပွဲတင်တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းဆုဖလားကို တရုတ်ကစားသမား ဝမ်ချူချင်း ထပ်မံဆွတ်ခူး

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် တရုတ်နိုင်ငံမှ ဝမ်ချူချင်းနှင့် ဂျပန်နိုင်ငံမှ ဟာရိမိုတို တိုမိုကာဇုတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ ITTF-ATTU Asian Cup Haikou စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအပြီးတွင် စင်မြင့်ပေါ်၌ ဆုဖလားကိုင်မြှောက်နေသည့် ဝမ်ချူချင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်ခိုမြို့တွင် ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာရှဖလား စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အမြင့်ဆုံးဖြစ်သည့် တရုတ်ကစားသမား ဝမ်ချူချင်းက ဂျပန်ကစားသမား တိုမိုကာဇု ဟာရိမိုတိုကို ၄-၂ ပွဲဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။
ဟာရိမိုတိုက အားပါပြင်းထန်သော ရိုက်ချက်များဖြင့် ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့ပြီး သုံးပွဲကစားပြီးချိန်တွင် (၁၁-၉၊ ၈-၁၁၊ ၁၁-၇ မှတ်) ရရှိကာ ၂-၁ ပွဲဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဝမ်က အကြိတ်အနယ် ပြန်လည်ကစားကာ ၁၁-၅၊ ၁၁-၈၊ ၁၁-၆ မှတ်ဖြင့် သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး အိမ်ရှင်ပရိသတ်များ ရှေ့မှောက်တွင် ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့သည်။
“ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲစဉ်တစ်ပွဲပါပဲ။ ဟာရိမိုတိုက ပွဲအစပိုင်းမှာ ကျွန်တော့်ထက် လက်စွမ်းပိုသာခဲ့ပေမဲ့ နောက်ကနေလိုက်ကစားချိန်မှာ ရမှတ်က ကျွန်တော့်အတွက် သက်ရောက်မှုသိပ်မရှိခဲ့ပါဘူး။ ကျွန်တော် တဖြည်းဖြည်း ဟန်ချက်ညီလာအောင် ကြိုးစားခဲ့ပြီး ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်” ဟု ဝမ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

“ဒီအောင်ပွဲက အတူတူကြိုးစားအားထုတ်ခဲ့ကြတဲ့ ကျွန်တော်တို့ တစ်ဖွဲ့လုံးရဲ့ အောင်ပွဲပါ။ ပွဲစဉ်တွေ တစ်လျှောက်လုံးမှာ ကျွန်တော့်ရဲ့ လတ်တလော လေ့ကျင့်ပြင်ဆင်မှုတွေက အကျိုးရှိခဲ့တယ်ဆိုတာကို ပြနေပါတယ်။ ကျွန်တော် တိုးတက်မှုတချို့ရှိအောင် လုပ်နိုင်ခဲ့ပြီး လက်စွမ်းပိုင်းမှာရော စိတ်ဓာတ်ပိုင်းမှာပါ ပိုပြီးတိုးတက်လာအောင် ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းနေ့အစောပိုင်းက ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားတစ်ဦးချင်း တတိယနေရာလုပွဲတွင် ဂျပန်နိုင်ငံမှ ရွှန်းဆုကဲ တိုဂါမိက တရုတ် (ထိုင်ပေ) မှ ကျန်းရို့အန်း ကို ၄-၁ ပွဲဖြင့် အနိုင်ယူကာ တတိယရရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် တရုတ်နိုင်ငံမှ ဝမ်ချူချင်းနှင့် ဂျပန်နိုင်ငံမှ ဟာရိမိုတို တိုမိုကာဇုတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ ITTF-ATTU Asian Cup Haikou စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဟာရိမိုတို တိုမိုကာဇု၏ တုံ့ပြန်ကစားပုံအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် တရုတ်နိုင်ငံမှ ဝမ်ချူချင်းနှင့် ဂျပန်နိုင်ငံမှ ဟာရိမိုတို တိုမိုကာဇုတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ ITTF-ATTU Asian Cup Haikou စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် အမှတ်ရပြီးနောက် အောင်ပွဲခံနေသည့် ဝမ်ချူချင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
China’s Wang Chuqin retains singles title at table tennis Asian Cup
HAIKOU, Feb. 8 (Xinhua) — Top-ranked Wang Chuqin of China beat Japan’s Tomokazu Harimoto 4-2 in the men’s singles final to defend his title at the Asian Cup table tennis tournament here on Sunday.
Harimoto started strongly with aggressive returns to lead 2-1 after three games (11-9, 8-11, 11-7), before Wang bounced back to rally past with three consecutive wins 11-5, 11-8, 11-6 to lift the trophy at home.
“It was a thrilling match. Harimoto performed better than me at the start, but I was not much affected by the score itself when trailing. I tried to find my rhythm gradually and showed my strength,” Wang said.
“The victory belongs to our whole team with joint efforts. Throughout the matches, I demonstrated the outcomes of my recent training. I have made certain progress and will continue to make improvement in skills and mindset,” he added.
Earlier in the day, Japan’s Shunsuke Togami cruised past Chinese Taipei’s Chang Yu-An 4-1 to finish third in the men’s singles.
English Caption 1
Wang Chuqin holds the trophy on the podium after the men’s singles final between Wang Chuqin of China and Harimoto Tomokazu of Japan at the ITTF-ATTU Asian Cup Haikou 2026 table tennis tournament in Haikou, south China’s Hainan Province, Feb. 8, 2026. (Xinhua/Guo Cheng)
English Caption 2
Harimoto Tomokazu hits a return during the men’s singles final between Wang Chuqin of China and Harimoto Tomokazu of Japan at the ITTF-ATTU Asian Cup Haikou 2026 table tennis tournament in Haikou, south China’s Hainan Province, Feb. 8, 2026. (Xinhua/Guo Cheng)
English Caption 3
Wang Chuqin celebrates scoring during the men’s singles final between Wang Chuqin of China and Harimoto Tomokazu of Japan at the ITTF-ATTU Asian Cup Haikou 2026 table tennis tournament in Haikou, south China’s Hainan Province, Feb. 8, 2026. (Xinhua/Guo Cheng)