Connect with us

China

အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ခြင်းက တင်းမာမှုများ မြင့်တက်လာခြင်းကို ကာကွယ်ရန် အဓိကသော့ချက်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ ပြည်ပဆက်ဆံရေးနှင့်စပ်လျဉ်း၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်ရန် အဓိကသော့ချက်မှာ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ခြင်းဖြစ်ကြောင်း၊ ပင်လယ်ကွေ့နိုင်ငံများအပေါ် တိုက်ခိုက်မှုများကို တရုတ်နိုင်ငံအနေဖြင့် မထောက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၀ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က အရှေ့အလယ်ပိုင်းဒေသအခြေအနေနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အီရှက်ဒါနှင့် ဖုန်းဖြင့် ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Chinese FM says U.S., Israel halting military operations key to preventing escalation
BEIJING, March 10 (Xinhua) — Chinese Foreign Minister Wang Yi said on Tuesday that the key to preventing further escalation of the situation in Iran lies in the United States and Israel halting their military operations, and that China does not support attacks on Gulf countries.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in a phone conversation with Pakistani Deputy Prime Minister and Foreign Minister Mohammad Ishaq Dar over the situation in the Middle East. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, attends a press conference on China’s foreign policy and external relations on the sidelines of the fourth session of the 14th National People’s Congress (NPC) in Beijing, capital of China, March 8, 2026. (Xinhua/Li Xin)