Connect with us

China

တရုတ်နိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတကာ ခရီးသည်တင်ရထား ပြုံယမ်းမြို့သို့ ဆိုက်ရောက်

တရုတ်နိုင်ငံ သန်းတုန်းမြို့မှ မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ပြေးဆွဲသည့် နိုင်ငံတကာ ခရီးသည်တင်ရထား မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းသို့ ဆိုက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ သန်းတုန်းမြို့မှ မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ပြေးဆွဲသော နိုင်ငံတကာ ခရီးသည်တင်ရထားသည် ပြုံယမ်းမြို့သို့ မတ် ၁၂ ရက်က ဆိုက်ရောက်ခဲ့သည်။
မြောက်ကိုရီးယား မြို့တော်ပြုံယမ်း အလယ်ပိုင်းရှိ ဘူတာရုံသို့ အဆိုပါရထားဆိုက်ရောက်မှုကို ဆင်ဟွာဌာနမှ သတင်းထောက်များက မျက်မြင်တွေ့ရှိခဲ့ကြသည်။
အဆိုပါရထားဖြင့် ရောက်ရှိလာသော ခရီးသည်များကို ကြိုဆိုရန် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ရာကျွင်း ၊ အခြားတရုတ်သံတမန်အချို့နှင့် မြောက်ကိုရီးယား ရထားလုပ်ငန်းဝန်ကြီးဌာနမှ ပြင်ပရေးရာတာဝန်ခံအရာရှိတို့က ဘူတာရုံ၏ ပလက်ဖောင်းသို့ လာရောက်ခဲ့ကြကြောင်း သိရသည်။
ခရီးသည်များအား နွေးထွေးစွာ ကြိုဆိုကြောင်း ဝမ် က ပြောကြားခဲ့ပြီး အဆိုပါရထားလမ်း ပြန်လည်ပြေးဆွဲခြင်းကို “နှစ်နိုင်ငံလုံးမှ ပြည်သူများက ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်လျက်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသော ဖြစ်ရပ်” အဖြစ် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံကို ချိတ်ဆက်ပြေးဆွဲလျက်ရှိသည့် နိုင်ငံတကာ ခရီးသည်တင်ရထားများအား မတ် ၁၂ ရက်မှစတင်၍ အသွားအပြန်ပြေးဆွဲမည်ဟု China State Railway Group Co., Ltd. က မတ် ၁၀ ရက်၌ ကြေညာခဲ့သည်။
အဆိုပါဝန်ဆောင်မှုများက ပေကျင်းနှင့် သန်းတုန်းမြို့တို့အား ပြုံယမ်းမြို့နှင့် ချိတ်ဆက်ပေးမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုကို လွယ်ကူချောမွေ့စေကာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်မှုများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း China State Railway Group Co., Ltd. က ထုတ်ပြန်ခဲ့သည်။
ပေကျင်းနှင့် ပြုံယမ်း ပြေးဆွဲသော ရထားများအား သီတင်းပတ်တစ်ပတ်လျှင် လေးရက်နှုန်းဖြင့် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့များတွင် အသွားအပြန် ပြေးဆွဲမည်ဖြစ်ပြီး သန်းတုန်း-ပြုံယမ်း ရထားဝန်ဆောင်မှုကိုမူ နေ့စဉ် အသွားအပြန် ပြေးဆွဲသွားမည်ဖြစ်ကြောင်း China State Railway Group Co., Ltd. က ထုတ်ပြန်ခဲ့သည်။
အဆိုပါရထားချိတ်ဆက်မှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သန်းတုန်းမြို့မှ မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ပြေးဆွဲသည့် နိုင်ငံတကာ ခရီးသည်တင်ရထား၏ ခရီးသည်တစ်ဦး မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းသို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
Int’l passenger train from China to DPRK arrives in Pyongyang
PYONGYANG, March 12 (Xinhua) — An international passenger train from the city of Dandong in northeast China’s Liaoning Province to the Democratic People’s Republic of Korea (DPRK) arrived in Pyongyang on Thursday.
Xinhua reporters witnessed the arrival at a railway station in central Pyongyang, the capital of the DPRK.
Chinese Ambassador to the DPRK Wang Yajun, some other Chinese diplomats, and an official in charge of external affairs at the DPRK railway ministry came to the platform of the station to greet the passengers arriving on the train.
Extending a warm welcome, Wang described the resumption of the rail link as “a good development the peoples from both countries have been looking forward to and a significant event in bilateral relations.”
China State Railway Group Co., Ltd. announced Tuesday that international passenger trains connecting China and the DPRK would begin operating in both directions on Thursday.
The services will connect Beijing and Dandong with Pyongyang, helping facilitate cross-border travel and boost economic, trade and cultural exchanges between the two countries, the Chinese railway operator said.
Trains between Beijing and Pyongyang will run four days a week, with two-way services scheduled on Mondays, Wednesdays, Thursdays and Saturdays, while the Dandong-Pyongyang train service will operate daily in both directions, the operator said.
The train link was suspended in January 2020. ■
English Caption 1
An international passenger train from Dandong of China to Pyongyang of the Democratic People’s Republic of Korea (DPRK) arrives in Pyongyang, the capital of the DPRK, March 12, 2026. (Xinhua/Wang Chao)
English Caption 2
A passenger of an international passenger train from Dandong of China to Pyongyang of the Democratic People’s Republic of Korea (DPRK) arrives in Pyongyang, the capital of the DPRK, March 12, 2026. (Xinhua/Wang Chao)