China
အရှေ့အလယ်ပိုင်းဒေသတွင် စစ်ဆင်ရေးများ ရပ်တန့်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသရှိ လက်ရှိပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် စစ်ဆင်ရေးများ အမြန်ဆုံးရပ်တန့်ရန်နှင့် အခြေအနေ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန်အတွက် ဘက်အသီးသီးက အင်တိုက်အားတိုက် တိုက်တွန်းကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၂ ရက်၌ တိုက်တွန်းခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်က အီဂျစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အက်ဘ်ဒီလက်တီ နှင့် ဖုန်းဖြင့် ဆွေးနွေးမှုအတွင်း အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
Chinese FM calls for end to military operations in Middle East
BEIJING, March 12 (Xinhua) — Chinese Foreign Minister Wang Yi on Thursday called on all parties to urge those involved in the current conflict in the Middle East to cease military operations as soon as possible and prevent the situation from deteriorating further.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the appeal in a phone conversation with Egyptian Foreign Minister Badr Abdelatty. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, and Egyptian Foreign Minister Badr Abdelatty co-chair the China-Egypt foreign ministers’ strategic dialogue in Beijing, capital of China, Dec. 13, 2024. (Xinhua/Yao Dawei)
