Connect with us

China

ဆင်ဟွာဥက္ကဋ္ဌနှင့် EBC ဥက္ကဋ္ဌ တွေ့ဆုံ

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဘရာဇီးနိုင်ငံ အသံလွှင့်ကုမ္ပဏီ Empresa Brasil de Comunicação (EBC) ဥက္ကဋ္ဌ André Basbaum အား ၂၀၂၆ ခုနှစ် မတ် ၁၇ ရက်က တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဘရာဇီးနိုင်ငံ အသံလွှင့်ကုမ္ပဏီ Empresa Brasil de Comunicação (EBC) ဥက္ကဋ္ဌ André Basbaum အား ပေကျင်းမြို့၌ မတ် ၁၇ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆင်ဟွာသတင်းဌာနအနေဖြင့် EBC နှင့်အတူ တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံအကြား အဆင့်မြင့်အလွှာကူးလူးဆက်ဆံမှုများ၊ အဓိကပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ အစီအစဉ်များ၌ သတင်းအချက်အလက်နှင့် အရင်းအမြစ်မျှဝေရေး တစ်ဆင့်တိုး ခိုင်မာအားကောင်းစေရေး၊ သတင်းတင်ဆက်မှုမှတစ်ဆင့် တရုတ်-ဘရာဇီး အေးအတူပူအမျှ အသိုက်အဝန်း၏ တက်ကြွမှုကို တရုတ်နှင့် ဘရာဇီးပြည်သူများ ပိုမိုကောင်းမွန်စွာ ခံစားနိုင်စေရန် အထောက်အကူပြုရေးအတွက် ဆောင်ရွက်သွားလိုကြောင်း ဖုက ပြောခဲ့သည်။
ဆင်ဟွာသတင်းဌာန၏ အထင်ကြီးလေးစားဖွယ် တိုးတက်မှုကို ချီးကျူးဖော်ပြခဲ့ပြီး EBC အနေဖြင့် ဆင်ဟွာနှင့်အတူ ဘရာဇီးနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိစေရေးအတွက် မီဒီယာအခန်းကဏ္ဍ ကြိုးပမ်းအားထုတ်မှုဖြင့် အကျိုးဆောင်နိုင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအကြား မီဒီယာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည်ဟု မျှော်မှန်းကြောင်း Basbaum က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xinhua president meets EBC president
BEIJING, March 17 (Xinhua) — President of Xinhua News Agency Fu Hua met with André Basbaum, president of Brazil’s public broadcasting company Empresa Brasil de Comunicação (EBC), in Beijing on Tuesday.
Xinhua is willing to work with EBC to further strengthen information and resource sharing on high-level exchanges, major cooperation projects, and grand events of cultural exchanges between China and Brazil, and help the Chinese and Brazilian people better feel the vitality of the China-Brazil community with a shared future through news reporting, Fu said.
Hailing the impressive development of Xinhua, Basbaum said EBC hopes to enhance cooperation with Xinhua to contribute media efforts to the friendship between Brazil and China and promote media collaboration among countries of the Global South.
Photo: President of Xinhua News Agency Fu Hua meets with André Basbaum, president of Brazil’s public broadcasting company Empresa Brasil de Comunicação (EBC), in Beijing, capital of China, March 17, 2026. (Xinhua/Li Xiang)