Connect with us

China

တရုတ်ပြည်မကြီး၏ အလွန်ကြီးမားသော အခွင့်အလမ်းများကို ဖော်ထုတ်အသုံးချရေးအတွက် ဟောင်ကောင်ဒေသမှာ အကောင်းဆုံး လမ်းစဖြစ်သည်ဟု ဟောင်ကောင် ဘဏ္ဍာရေးအတွင်းဝန် ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသရှိ ဗစ်တိုးရီးယားဆိပ်ကမ်း တစ်ဖက်တစ်ချက်စီမှ မြင်ကွင်းကို ၂၀၂၅ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်ပြည်မကြီး၏ အလွန်ကြီးမားသော အခွင့်အလမ်းများကို ဖော်ထုတ်အသုံးချရေးအတွက် ဟောင်ကောင်ဒေသမှာ အကောင်းဆုံး လမ်းစဖြစ်သည်ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ဘဏ္ဍာရေးအတွင်းဝန်က မတ် ၂၄ ရက်၌ ပြောကြားခဲ့သည်။
Wealth for Good in Hong Kong ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ဘဏ္ဍာရေးအတွင်းဝန် ပေါလ်ချန်က အန္တရာယ်များနှင့် မရေရာမှုများ ဖြစ်ပေါ်နေသော ကမ္ဘာကြီးတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ဟောင်ကောင်၏ အခန်းကဏ္ဍကို မီးမောင်းထိုးဖော်ပြခဲ့သည်။ ၎င်းတို့၏ အမွေအနှစ်ကို ထိန်းသိမ်းရန် ကြိုးပမ်းနေသည့် မိသားစုများသည် ရင်းနှီးမြှုပ်နှံမှုများကို လုံခြုံစွာထားရှိနိုင်သည့် နေရာတစ်ခု ဖြစ်ရုံသာမက အင်စတီကျူးရှင်းဆိုင်ရာ အားသာချက်များ၊ ဥပဒေကြောင်းအရ ရှင်းလင်းပြတ်သားမှုနှင့် ယုံကြည်စိတ်ချရသော ကတိကဝတ်များရှိသည့် နေရာတစ်ခုကိုလည်း ရှာဖွေလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ဟောင်ကောင်ဟာ ဘေးကင်းလုံခြုံတဲ့ ကွန်းခိုရာနေရာ ဖြစ်ရုံတင်မကဘဲ စီးပွားရေးအခွင့်အလမ်းတွေ ကြွယ်ဝတဲ့ မြို့တစ်မြို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပေါင်းစည်းချိတ်ဆက်မှု၊ ရင်းနှီးငွေတွေကို အကျိုးရှိရှိ အသုံးချနိုင်တဲ့ ပလက်ဖောင်းတစ်ခုလည်းဖြစ်တယ်” ဟု ချန်က ဆိုသည်။
ဟောင်ကောင် စတော့ဈေးကွက်မှာ ယမန်နှစ်တွင် ခိုင်မာအားကောင်းစွာ လည်ပတ်နိုင်ခဲ့ပြီး ယင်း၏ အရင်းအနှီးများနှင့် ဓနပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုမှာလည်း တိုးတက်ဖြစ်ထွန်းလျက်ရှိကြောင်း၊ HKSAR အစိုးရအနေဖြင့် ရွှေနှင့် ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်ခြင်း၊ နှုန်းသေဝင်ငွေနှင့် ငွေကြေးဈေးကွက်များ အပါအဝင် နယ်ပယ်သစ်များကို ဖွင့်လှစ်လျက်ရှိကြောင်း ချန်က ပြောသည်။
အဆိုပါ ထိပ်သီးအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် HKSAR အစိုးရ၏ လက်ထောက်ဘဏ္ဍာရေးအတွင်းဝန် မိုက်ကယ်ဝေါင်ကလည်း ဟောင်ကောင်အနေဖြင့် တစ်နိုင်ငံ စနစ်နှစ်မျိုး မူဝါဒအရ မူဝါဒပိုင်း ကြိုတင်ခန့်မှန်းနိုင်မှု၊ အဖွဲ့အစည်းစနစ်များအပေါ် ယုံကြည်မှုတို့ဖြင့် အကျိုးဖြစ်ထွန်းသော စီးပွားရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဟောင်ကောင်၏ အများသုံးဥပဒေဆိုင်ရာ ဥပဒေစနစ်၊ ပွင့်လင်းသော စီးပွားရေးစနစ်၊ ရိုးရှင်းသော အခွန်စနစ်နှင့် အခြားအကြောင်းအရာများက မျိုးဆက်ပေါင်းများစွာ တည်တံ့ခဲ့သည့် ဓနဥစ္စာများအတွက် ယုံကြည်အားထားရာ နေရာတစ်ခုကို ဖန်တီးပေးရာတွင် အတူတကွ အကျိုးပြုလျက်ရှိသည်ဟု ဝေါင်က ဆိုသည်။
နှစ်ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေး၌ အာရှ၊ ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်း၊ သမုဒ္ဒရာပိုင်းနှင့် အာဖရိကဒေသတို့မှ ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးကုမ္ပဏီများမှ ဆုံးဖြတ်ချက်ချမှတ်သူ ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
Hong Kong is best gateway to tap opportunities on Chinese mainland: HKSAR financial secretary
HONG KONG, March 25 (Xinhua) — Hong Kong is the best gateway to tap the enormous opportunities on the Chinese mainland, the financial secretary of the Hong Kong Special Administrative Region (HKSAR) government said on Tuesday.
Addressing the Wealth for Good in Hong Kong Summit, Paul Chan highlighted the role of Hong Kong for global investors navigating a world of risks and uncertainty. He noted that families seeking to preserve their legacy are looking for not merely a place to park capital, but a place with institutional strengths, legal clarity and credible commitments.
“Hong Kong is not only a safe harbor. It is also a city of business opportunities, and a platform for growth, for connection and for the purposeful deployment of capital,” Chan said.
Hong Kong’s stock market performed strongly last year, with its asset and wealth management also thriving, Chan said, adding that the HKSAR government is opening up new frontiers, including gold and commodity trading, as well as fixed income and currency markets.
Also speaking at the summit, Michael Wong, deputy financial secretary of the HKSAR government, said that under “one country, two systems,” Hong Kong provides an economic and business environment with policy predictability and institutional trust.
Hong Kong’s common law legal system, open economy and simple tax regime, among others, all work together to provide a welcoming and dependable home for wealth that lasts through generations, Wong said.
The two-day summit has brought together over 400 family office decision-makers from Asia, Europe, the Americas, the Middle East, Oceania, and Africa.
English Caption
Photo taken on May 12, 2025 shows the scenery on both sides of Victoria Harbour in Hong Kong, south China. (Xinhua/Chen Duo)