Connect with us

China

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ “စက်ရုပ်သင်တန်းကျောင်း” တွင် လူပုံစံတူစက်ရုပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိ

တရုတ်နိုင်ငံ မြို့တော်ပေကျင်း စီကျင်ဆန်းခရိုင် စိုကန်း ဥယျာဉ်ရှိ စက်ရုပ်အချက်အလက် လေ့ကျင့်ရေးစင်တာကို ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ စက်ရုပ်အချက်အလက် လေ့ကျင့်ရေးစင်တာတွင် ဉာဏ်ရည်တု (AI) စနစ်ထည့်သွင်းထားသည့် စက်ရုပ်များက ထို “စက်ရုပ်သင်တန်းကျောင်း” ၌ လေ့ကျင့်သင်ယူမှုများမှတစ်ဆင့် ဉာဏ်ရည်များ ပိုမိုထက်မြက်လာလျက်ရှိကြသည်။
အဆိုပါစက်ရုပ်သင်တန်းကျောင်း၌ စက်ရုပ်များက စက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှု၊ စမတ်နေအိမ်များနှင့် စီးပွားဖြစ်ဝန်ဆောင်မှုများကဲ့သို့သော အခြေအနေများတွင် အချက်အလက်များ စုဆောင်းပြီး လူပုံစံတူစက်ရုပ်များ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အချက်အလက်များ ပံ့ပိုးပေးသည်။ အချက်အလက်စုဆောင်းသူများက သတ်မှတ်ထားသော လုပ်ငန်းတာဝန်များစွာ ပြီးမြောက်စေရန် စက်ရုပ်များကို လည်ပတ်စေပြီး စက်ရုပ်များ၏ “ဦးနှောက်များ” အား ပိုမိုကောင်းမွန်စေရန် ရွေ့လျားမှုဆိုင်ရာဒေတာ အမြောက်အမြားကို ထုတ်လုပ်ပေးသည်။
အနာဂတ်တွင် အဆိုပါစက်ရုပ်များကို စက်ရုံများ၊ စူပါမားကတ်များ၊ နေအိမ်များနှင့် အခြားအသုံးချမှု အခြေအနေများတွင် ဖြန့်ကြက်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်း စီကျင်ဆန်း ခရိုင် စိုကန်း ဥယျာဉ်ရှိ စက်ရုပ်အချက်အလက် လေ့ကျင့်ရေးစင်တာ၌ စက်ရုပ်တစ်ရုပ်အား လေ့ကျင့်သင်ကြားပေးနေသော ဝန်ထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
Humanoid robots get trained at “Robot School” in Beijing
BEIJING, March. 30 (Xinhua)
At the Robot Data Training Center in Beijing, intelligent robots are becoming increasingly intelligent through training at the “Robot School.”
Here, robots collect data in scenarios such as industrial manufacturing, smart homes, and commercial services, providing data support for the research and development of humanoid robots. Data collectors operate the robots to complete a series of specific tasks, generating massive amounts of motion data to enhance the robots’ “brains.”
In the future, these robots will be deployed in factories, supermarkets, homes, and other application scenarios.
English Caption 1
This photo taken on March 25, 2026 shows the Robot Data Training Center in Shougang Park, Shijingshan District, Beijing, capital of China. (Xinhua/Zhang Chenlin)
English Caption 2, 3, 4, 5
A staff member trains a robot at the Robot Data Training Center in Shougang Park, Shijingshan District, Beijing, capital of China, March 25, 2026. (Xinhua/Zhang Chenlin)