Connect with us

China

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ကမ္ဘာ့အချက်အလက်အဖွဲ့အစည်း (WDO) ကို တည်ထောင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မြို့တော်ဟန်ကျိုးတွင် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အချက်အလက်ဖိုရမ်၏ မြင်ကွင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ကမ္ဘာ့အချက်အလက်အဖွဲ့အစည်း (WDO) ၏ တရားဝင်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ၎င်း၏ပထမဆုံးအထွေထွေအစည်းအဝေးကို မတ် ၃၀ ရက်၌ ကျင်းပခဲ့သည်။
အစည်းအဝေးအတွင်း အဖွဲ့ဝင်များက WDO ၏ပဋိညာဉ်စာတမ်းကို ပြန်လည်သုံးသပ်၍ အတည်ပြုခဲ့ပြီး ၎င်း၏ပထမဆုံးကောင်စီဝင်များနှင့် ကြီးကြပ်ရေးမှူးအဖွဲ့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
လောလောလတ်လတ် ရွေးကောက်တင်မြှောက်ခံရသော ကောင်စီသည် အဖွဲ့အစည်း၏ခေါင်းဆောင်ပိုင်း ရွေးကောက်တင်မြှောက်ခြင်းနှင့် အဓိကစနစ်များ၊ စည်းမျဉ်းများအား အတည်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ၎င်း၏ပထမဆုံးအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

………………
(English Version)
World Data Organization established in Beijing
BEIJING, March 30 (Xinhua) — The World Data Organization (WDO) held its first general meeting in Beijing on Monday, marking its official establishment.
During the meeting, members reviewed and adopted the WDO’s charter, and elected its first council members and board of supervisors.
The newly elected council held its inaugural meeting, electing the organization’s leadership and approving key systems and regulations. ■
English Captions
This photo taken on April 24, 2023 shows a view of the 4th United Nations World Data Forum in Hangzhou, capital of east China’s Zhejiang Province. (Xinhua/Jiang Han)