Connect with us

China

၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ ကားရောင်းအား၌ တရုတ် plug-in မော်ဒယ်က ထိပ်ဆုံးမှ ရပ်တည်

အစ္စရေးနိုင်ငံ Rishon Lezion မြို့၌ တရုတ်ကားကုမ္ပဏီ Chery မှ ထုတ်လုပ်သည့် မော်တော်ယာဉ်များ ရောင်းချသော အရောင်းပြခန်းသို့ လာရောက်ကြသူများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်ကားကုမ္ပဏီ Chery မှ ထုတ်လုပ်သည့် plug-in ဟိုက်ဘရစ် compact crossover SUV ကား Jaecoo 7 သည် ၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ အရောင်းရဆုံး မော်တော်ယာဉ်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း အစ္စရေးမော်တော်ယာဉ်တင်သွင်းသူများအသင်းမှ ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်ချက်သည့် အချက်အလက်များအရ သိရသည်။

၂၀၂၅ ခုနှစ်တွင် အဆိုပါကားမော်ဒယ်၏ ရောင်းအားမှာ စုစုပေါင်း အစီးရေ ၁၃,၁၆၆ စီးဖြစ်ပြီး ဓာတ်ဆီ၊ ဟိုက်ဘရစ်နှင့် လျှပ်စစ်ကား မော်ဒယ်အားလုံး၏ ရောင်းအားများထက် ကျော်လွန်ခဲ့သည်။ ထို့အပြင် ဓာတ်ဆီသုံး Jaecoo 7 မှာ ထိုအလားတူကာလအတွင်း အစ္စရေးနိုင်ငံတွင် ရောင်းအား အစီးရေ ၂,၀၆၄ စီး မှတ်တမ်းတင်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံထုတ် subcompact crossover SUV အမျိုးအစား ဟိုက်ဘရစ် Hyundai Kona က ၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၌ ၁၁,၇၆၁ စီး ရောင်းချခဲ့ရပြီး ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ယေဘုယျအားဖြင့် အစ္စရေးနိုင်ငံ၏ ကားဈေးကွက်ကို တရုတ်အမှတ်တံဆိပ်များက လွှမ်းမိုးထားပြီး ယမန်နှစ်က ကားအစီးရေ ၁၀၁,၃၄၆ စီး ရောင်းချခဲ့ရသည်။ တောင်ကိုရီးယားအမှတ်တံဆိပ်များက ရောင်းအား အစီးရေ ၅၂,၄၆၈ စီးဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့ကာ ဂျပန်ကားကုမ္ပဏီများကမူ ရောင်းအား အစီးရေ ၄၁,၁၂၀ စီးဖြင့် တတိယနေရာ၌ ရပ်တည်ခဲ့သည်။

လျှပ်စစ်စွမ်းအင်ချည်း သီးသန့်သုံးမောင်းနှင်ရသည့် လျှပ်စစ်ကားများတွင် တရုတ်နိုင်ငံ၏ BYD Auto က ၂၀၂၅ ခုနှစ်တွင် မော်ဒယ်ရှစ်မျိုးဖြင့် ကား ၈,၁၃၄ စီး တင်ပို့ရောင်းချခဲ့ရပြီး ဈေးကွက်ကို ဦးဆောင်ခဲ့သည်။ Chery က အစီးရေ ၆,၆၂၀ စီးဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့ပြီး XPeng Motors ကမူ အစ္စရေးတွင် အစီးရေ ၆,၁၁၄ စီး ရောင်းချခဲ့ကာ တတိယနေရာ၌ ရပ်တည်ခဲ့သည်။

Geely၊ Lynk & Co၊ Dongfeng နှင့် Deepal အပါအဝင် အခြားတရုတ်မော်တော်ကားကုမ္ပဏီများကလည်း ရောင်းအားကောင်းခဲ့သည်။ ယေဘုယျအားဖြင့် တရုတ်ကားကုမ္ပဏီများက အစ္စရေးနိုင်ငံ လျှပ်စစ်ကားဈေးကွက်၏ ၇၉.၂ ရာခိုင်နှုန်းကို လွှမ်းမိုးထားပြီး ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း ကားအစီးရေ ၄၆,၀၇၅ စီး ရောင်းချခဲ့ရကြောင်း သိရသည်။ (Xinhua)

အစ္စရေးနိုင်ငံ Rishon Lezion မြို့၌ တရုတ်ကားကုမ္ပဏီ Chery မှ ထုတ်လုပ်သည့် မော်တော်ယာဉ်များ ရောင်းချသော အရောင်းပြခန်းသို့ လာရောက်ကြသူများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………………………..

(English Version)

Chinese plug-in model tops Israel’s car sales in 2025

JERUSALEM, Jan. 2 (Xinhua) — The Jaecoo 7, a plug-in hybrid compact crossover SUV manufactured by Chinese automaker Chery, emerged as Israel’s best-selling vehicle in 2025, according to data issued by the Israel Vehicle Importers Association on Friday.

Sales of the model totaled 13,166 units over the year, surpassing all gasoline, hybrid, and fully electric models. In addition, the gasoline-powered Jaecoo 7 recorded 2,064 sales in Israel during the same period.

The hybrid Hyundai Kona, a South Korean-made subcompact crossover SUV, ranked second with 11,761 units sold in Israel in 2025.

Overall, Chinese brands dominated Israel’s auto market, selling 101,346 vehicles last year. South Korean brands followed with 52,468 units, while Japanese manufacturers ranked third with 41,120 units sold.

In the full-electric vehicle segment, China’s BYD Auto led the market, delivering 8,134 vehicles across eight models in 2025. Chery came in second with 6,620 units, while XPeng Motors placed third with 6,114 units sold in Israel.

Other Chinese automakers, including Geely, Lynk & Co, Dongfeng, and Deepal, also posted strong sales. Overall, Chinese manufacturers accounted for 79.2 percent of Israel’s electric vehicle market, selling a combined 46,075 units during the year. ■

English Caption 1, 2

People visit a showroom selling vehicles made by Chinese automaker Chery in Rishon Lezion, Israel, on Nov. 16, 2022. (Photo by Gil Cohen Magen/Xinhua)