Connect with us

China

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ အပြုသဘော အရှိန်အဟုန်များ စုစည်းခိုင်မာရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီးတို့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြောက်ကိုရီးယား (DPRK) ဆက်ဆံရေး တိုးတက်မှုအတွက် အပြုသဘောဆောင်သည့် အရှိန်အဟုန်များ ဆက်လက်စုစည်းခိုင်မာစေရန် မြောက်ကိုရီးယားနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီးနှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်နှင့် ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းတို့သည် ပေကျင်းမြို့တွင် ယမန်နှစ် စက်တင်ဘာလ အစောပိုင်းက သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်း၍ ဘက်စုံ မဟာဗျူဟာနှင့် လမ်းညွှန်မှုဆိုင်ရာ ကိစ္စရပ်များအတွက် အရေးကြီး ဘုံသဘောတူညီမှုများ ရရှိခဲ့သည်ဟု ဝမ်က ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသည် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး တစ်ဆင့်တိုး မြှင့်တင်ရန်အတွက် အရေးပါသည့် မဟာဗျူဟာမြောက် လမ်းညွှန်မှု ချမှတ်ပေးရုံသာမက နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်ဆီသို့ မြှင့်တင်ပေးခဲ့ကာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများအတွက်လည်း ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ရာ ယင်းမှာ အလွန်ပင်အရေးပါကြောင်း ဝမ်က ဖြည့်စွက်ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်၏ ထိပ်တန်းခေါင်းဆောင်များကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီမှုများကို အဓိက လမ်းညွှန်ချက်အဖြစ် မှတ်ယူလျက် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု ခိုင်မာအားကောင်းရေး၊ အပြန်အလှန် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရေး၊ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ မြှင့်တင်အားပေးရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် အတူလက်တွဲလုပ်ဆောင်ရန် အသင့်ရှိသည်ဟု ဝမ်က ပြောသည်။
လွန်ခဲ့သောနှစ်က တရုတ်-မြောက်ကိုရီးယား ကူးလူးဆက်ဆံမှုတွင် အထင်ကရ ဖြစ်စဉ်များစွာကို မြင်တွေ့ခဲ့ရကာ အသက်သွေးချွေးတို့ဖြင့် အခိုင်အမာတည်ဆောက်ခဲ့သည့် နှစ်နိုင်ငံ အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုမှာ ထာဝရတည်တံ့နေပြီး ချိုးဖျက်၍မရနိုင်သည်ကို အလေးအနက် ပြသလျက်ရှိကြောင်း၊ ယခုနှစ်သည် တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးခဲ့သည့် ၆၅ နှစ်မြောက် နှစ်ပတ်လည် အခါသမယလည်းဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
နိုင်ငံတကာနှင့် ဒေသတွင်း၌ အခြေအနေများ မည်သို့ပင်ပြောင်းလဲစေကာမူ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်းများဖြစ်သည့် တရုတ်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အစဉ်သဖြင့် အပြန်အလှန်ယုံကြည်မှုရှိပြီး အပြန်အလှန် ဖေးမကူညီခဲ့ကာ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်နှင့် မိမိတို့၏ ကိုယ်စီဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် မနားမနေ ကြိုးပမ်းအားထုတ်လျက်ရှိသည်ဟု ဝမ်က ဆက်လက်ပြောသည်။
ထို့အတူ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ၆၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားများ ကျင်းပရန်၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများ ခိုင်မာအားကောင်းစေရန်၊ အလွှာအသီးသီးနှင့် နယ်ပယ်အသီးသီး၌ တွေ့ဆုံဆွေးနွေးမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန်နားလည်မှု နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ သက်ဆိုင်ရာ လူမှုစီးပွား တိုးတက်မှုကို အကျိုးပြုနိုင်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ဝမ်က ပြောသည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီးက မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေးသည် ဘုံတူညီသော ဆိုရှယ်လစ်စနစ်နှင့် အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံကာ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း နက်နက်ရှိုင်းရှိုင်းရှိ၍ ခိုင်မာမြဲမြံကာ ရေရှည်တည်တံ့လျက်ရှိသည်ဟု ဆိုသည်။ ခေတ်ရေစီးကြောင်းအရသော်လည်းကောင်း၊ နှစ်နိုင်ငံပြည်သူများ၏ ပြင်းပြသောဆန္ဒအရသော်လည်းကောင်း မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရှေ့ဆက်ဖော်ဆောင်ရေးမှာ ကိုရီးယားအလုပ်သမားပါတီနှင့် မြောက်ကိုရီးယားနိုင်ငံ၏ မယိမ်းမယိုင် ခိုင်မာတည်တံ့သော ရပ်တည်ချက်ပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260409/a4ebac2756a1496cb7d5846ed3d7d1e2/c.html

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီးတို့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

……………….
(English Version)
Chinese FM says China to work with DPRK to consolidate positive momentum of ties
PYONGYANG, April 9 (Xinhua) — Chinese Foreign Minister Wang Yi said on Thursday that China stands ready to work with the Democratic People’s Republic of Korea (DPRK) to continue consolidating the positive momentum in the development of China-DPRK relations.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in talks with DPRK Foreign Minister Choe Son Hui.
Wang said that in early September last year, Xi Jinping, general secretary of the Communist Party of China Central Committee, and Kim Jong Un, general secretary of the Workers’ Party of Korea (WPK), held a historic meeting in Beijing, reaching important consensus on the overall, strategic and directional issues concerning bilateral ties.
The meeting provides important strategic guidance for further developing China-DPRK relations, pushes bilateral ties into a new stage and opens a new chapter in friendly exchanges between the two countries, which is of great and far-reaching significance, Wang added.
Wang said China stands ready to work with the DPRK to take the important consensus reached by the top leaders of the two parties and countries as fundamental guidance, strengthen strategic communication, enhance exchanges and cooperation, create more benefits for the two peoples, and jointly promote regional peace and development.
The past year has witnessed a series of highlights in China-DPRK exchanges, which strongly demonstrated that the two countries’ traditional friendship forged in blood remains everlasting and unbreakable, Wang said, noting that this year marks the 65th anniversary of the signing of the China-DPRK Treaty of Friendship, Cooperation and Mutual Assistance.
Over the past 65 years, Wang said, no matter how the international and regional situations have changed, China and the DPRK, as good neighbors, good friends and good comrades, have always trusted and supported each other, making unremitting efforts to maintain regional and world peace and stability and promote their respective development.
Wang said China is willing to work with the DPRK side to hold commemorative events for the 65th anniversary of the signing of the treaty, strengthen high-level exchanges, enhance dialogue and practical cooperation at all levels and in various fields, deepen people-to-people exchanges and mutual understanding, and contribute to respective economic and social development.
For her part, Choe said that the DPRK-China friendship is based on the common socialist system and traditional friendship, describing bilateral relations as deep-rooted, solid and sustainable. It is the unwavering position of the WPK and the nation to advance DPRK-China friendship and cooperation following the trend of the times and the will of the two peoples.
https://english.news.cn/20260409/a4ebac2756a1496cb7d5846ed3d7d1e2/c.html
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Foreign Minister of the Democratic People’s Republic of Korea (DPRK) Choe Son Hui in Pyongyang, the DPRK, April 9, 2026. (Xinhua/Wang Chao)