China
တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းလုပ်ငန်းက ပထမသုံးလပတ်ကာလတွင် ဘေးကင်းသောလုပ်ငန်းလည်ပတ်မှုများနှင့် အားကောင်းသော တိုးတက်မှုကို မှတ်တမ်းတင်
ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းလုပ်ငန်းအနေဖြင့် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်ကာလတွင် ဘေးကင်းသောလုပ်ငန်းလည်ပတ်မှုများကို သေချာစေခဲ့ကြောင်း တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေးဌာန (CAAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါလုပ်ငန်းအနေဖြင့် ဇန်နဝါရီလမှ မတ်လအထိ လေယာဉ်ခရီးစဉ်ပျံသန်းချိန် နာရီ ၃.၇၇ သန်း၊ လေယာဉ်ပျံတက်မှုနှင့် လေယာဉ်ဆင်းသက်မှု အကြိမ်ရေ ၁.၄၁ သန်း အသီးသီးရှိခဲ့ပြီး ယခင်နှစ်ကာလတူကထက် ၅.၂ ရာခိုင်နှုန်းနှင့် ၃.၄ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်လာခဲ့ကြောင်း CAAC က ဧပြီ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သော အချက်အလက်များက ဖော်ပြထားသည်။
စုစုပေါင်း ပို့ဆောင်မှုပမာဏအားဖြင့် ၄၂.၈ ဘီလီယံ တန်ချိန်-ကီလိုမီတာ ရှိခဲ့ပြီး ခရီးသည်ပမာဏမှာ လူဦးရေ သန်း ၂၀၀ ရှိခဲ့ကာ ယခင်နှစ်ကာလတူကထက် ၁၀.၉ ရာခိုင်နှုန်းနှင့် ၆.၅ ရာခိုင်နှုန်းစီ တိုးတက်မှုကို ကိုယ်စားပြုခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အားလပ်ရက်နှင့် နဂါးလှေပွဲတော် အားလပ်ရက် ပါဝင်သည့် ဒုတိယသုံးလပတ်ကာလကို မျှော်မှန်းကြည့်လျက် CAAC အကြီးအကဲ Song Zhiyong က ဘေးကင်းသောလုပ်ငန်းလည်ပတ်မှုများအား သေချာစေရေးအတွက် ဘေးကင်းရေးစီမံခန့်ခွဲမှုကို ပိုမိုအားကောင်းစေရန် လိုအပ်သည်ဟု အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China’s civil aviation logs safe operations, strong growth in Q1
BEIJING, April 10 (Xinhua) — China’s civil aviation industry ensured safe operations in the first quarter of 2026, according to the Civil Aviation Administration of China (CAAC).
From January to March, the industry logged 3.77 million flight hours and 1.41 million takeoffs and landings, up 5.2 percent and 3.4 percent year on year, respectively, data from the CAAC revealed on Friday.
Total transport turnover reached 42.8 billion tonne-kilometers and passenger volume hit 200 million, representing year-on-year growth of 10.9 percent and 6.5 percent.
Looking ahead to the second quarter, which includes the May Day holiday and the Dragon Boat Festival holiday, CAAC head Song Zhiyong stressed the need to further strengthen safety management to ensure safe operations. ■
English Caption
Technicians maintain a China Southern Airlines plane themed on the China International Consumer Products Expo (CICPE) at Haikou Meilan International Airport in Haikou, south China’s Hainan Province, April 4, 2026. (Xinhua/Yang Guanyu)
