China
တရုတ်နိုင်ငံက ပထမသုံးလပတ်ကာလတွင် နယ်စပ်ဖြတ်ကျော်ခရီးစဉ်များ၌ ၁၃.၅ ရာခိုင်နှုန်း တိုးတက်
ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နယ်စပ်အာဏာပိုင်များအနေဖြင့် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်ကာလတွင် နယ်စပ်ဂိတ်များမှ ခရီးစဉ်ဝင်ရောက်မှုနှင့် ခရီးစဉ်ထွက်ခွာမှုပေါင်း ၁၈၅ သန်းကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းမှာ ယခင်နှစ်ကာလတူကထက် ၁၃.၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီ ၁၀ ရက်၌ ပြောကြားခဲ့သည်။
ပြည်မကြီးနေထိုင်သူများက နယ်စပ်ဖြတ်ကျော်ခရီးစဉ် အကြိမ်ရေ စုစုပေါင်း ၉၁.၆၆ သန်း ပြုလုပ်ခဲ့ကြောင်း၊ ယင်းမှာ ယခင်နှစ်ကာလတူကထက် ၁၄.၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပထမသုံးလတာအတွင်း နိုင်ငံခြားသားများကလည်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု အကြိမ်ရေ ၂၁.၃၃ သန်း ပြုလုပ်ခဲ့ပြီး ယခင်နှစ်ကာလတူကထက် ၂၂.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ယင်းနိုင်ငံခြားသားများ ပြုလုပ်ခဲ့သည့် နယ်စပ်ဖြတ်ကျော်မှု စုစုပေါင်း၏ ၇၇.၉ ရာခိုင်နှုန်းမှာ ဗီဇာကင်းလွတ်ခွင့်မူဝါဒအရ ဝင်ရောက်မှုများဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China records 13.5-pct growth in cross-border trips in Q1
BEIJING, April 10 (Xinhua) — Chinese border authorities handled 185 million entries and exits in the first quarter of 2026, up 13.5 percent from a year earlier, officials said on Friday.
Mainland residents made a total of 91.66 million cross-border trips, a 14.2 percent increase year on year, according to the National Immigration Administration.
Foreign nationals made 21.33 million border crossings in the first three months, up 22.3 percent year on year. Visa-free entries accounted for 77.9 percent of the total made by foreign nationals. ■
English Caption
Foreign travelers wait for border inspection procedures at Sanya Phoenix International Airport in Sanya, south China’s Hainan Province, Jan. 15, 2026. (Xinhua)
