Connect with us

China

အမေရိကန်အနေဖြင့် ကျူးဘားအပေါ် တားဆီးပိတ်ဆို့မှုနှင့် အရေးယူပိတ်ဆို့မှုများ ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်အစိုးရအနေဖြင့် တရားမျှတမှု၏ အသံကို ဂရုစိုက်နားထောင်ပြီး တားဆီးပိတ်ဆို့မှု၊ အရေးယူပိတ်ဆို့မှုများနှင့် ကျူးဘားနိုင်ငံအပေါ် မည်သည့်ပုံစံဖြင့်မဆို အကျပ်ကိုင်မှုနှင့် ဖိအားပေးမှုများအား ချက်ချင်းရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၁၀ ရက်၌ ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်အမတ်အချို့က ကျူးဘားသို့ မကြာသေးမီက သွားရောက်ပြီးနောက် ကျူးဘားအပေါ် အမေရိကန်၏ ရန်လိုသောမူဝါဒအား ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြသည်ကို တရုတ်ဘက်က ဂရုပြုမိကြောင်း မော်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။”တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ရေးနဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ရေးကို ခိုင်မာစွာထောက်ခံရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………………………………………………..

(English Version)

China urges U.S. to end blockade, sanctions on Cuba immediately: FM spokespersonBEIJING, April 10 (Xinhua) — The U.S. government should heed the voice of justice and immediately cease its blockade, sanctions, and any form of coercion and pressure against Cuba, Chinese foreign ministry spokesperson Mao Ning said on Friday.The Chinese side noted that some members of the U.S. Congress expressed opposition to the U.S. hostile policy toward Cuba following their recent visit to Cuba, Mao said at a regular news briefing.”China is willing to work with the international community to firmly support Cuba in safeguarding its national sovereignty and security, and opposing external interference,” she added. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.