China
တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းအား မတ်လတွင် သိသိသာသာ မြင့်တက်
ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းအားတို့မှာ မတ်လတွင် ဖေဖော်ဝါရီလကထက် သိသိသာသာ မြင့်တက်လာကြောင်း မော်တော်ယာဉ်လုပ်ငန်းအချက်အလက်များက ဧပြီ ၁၀ ရက်၌ ဖော်ပြခဲ့သည်။မတ်လတွင် မော်တော်ယာဉ်ထုတ်လုပ်မှုအားဖြင့် အစီးရေ စုစုပေါင်း ၂.၉၂ သန်းရှိပြီး ရောင်းအားမှာ အစီးရေ ၂.၉ သန်းရှိကာ ဖေဖော်ဝါရီလကထက် ၇၄.၄ ရာခိုင်နှုန်းနှင့် ၆၀.၆ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း၏ အဆိုအရ သိရသည်။၎င်းတို့အနက် စွမ်းအင်သစ်သုံး မော်တော်ယာဉ် (NEV) ထုတ်လုပ်မှုနှင့် ရောင်းအားအနေဖြင့် အစီးရေ ၁.၂၃ သန်းနှင့် ၁.၂၅ သန်းစီ အသီးသီး ရှိခဲ့ကြောင်း သိရသည်။ယခုနှစ် ပထမသုံးလပတ်ကာလတွင်မူ မော်တော်ယာဉ်ထုတ်လုပ်မှုပမာဏမှာ အစီးရေ ၇.၀၄ သန်းရှိပြီး ရောင်းအားမှာ အစီးရေ ၇.၀၅ သန်းရှိကြောင်း အသင်းက ထုတ်ပြန်ခဲ့သည်။ထိုပထမသုံးလပတ်ကာလအတွင်း NEV ထုတ်လုပ်မှုနှင့် ရောင်းအားမှာမူ အစီးရေ ၂.၉၇ သန်းနှင့် ၂.၉၆ သန်းစီ အသီးသီး ရှိကြောင်း သိရသည်။ဒုတိယသုံးလပတ်ကာလကို မျှော်ကြည့်မည်ဆိုပါက ကြီးမားသော စက်ပစ္စည်းများ ပြန်လည်မွမ်းမံအဆင့်မြှင့်တင်ခြင်းနှင့် စားသုံးသူကုန်ပစ္စည်းများ လဲလှယ်ခြင်းအစီအစဉ်များကဲ့သို့
သော မူဝါဒများ၏ အကျိုးသက်ရောက်မှုများမှာ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကာ ပေကျင်း မော်တော်ယာဉ်ပြပွဲကလည်း မော်တော်ယာဉ်အမျိုးအစားအသစ် မိတ်ဆက်ပွဲများကို ကြိုဆိုမည်ဖြစ်ရာ ယင်းက ဈေးကွက်အရှိန်အဟုန် ထိန်းသိမ်းရန်နှင့် မော်တော်ယာဉ်သုံးစွဲမှု မြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု အသင်း၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ချန်စစ်ဟွာ က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျန်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ်မော်တော်ယာဉ်ပြပွဲ (ထျန်းကျင်း) အတွင်း iCAR အမှတ်တံဆိပ်၏ အရောင်းပြခန်းသို့ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျန်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ်မော်တော်ယာဉ်ပြပွဲ (ထျန်းကျင်း) သို့ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………………………………..
(English Version)
China’s auto output, sales rise sharply in MarchBEIJING, April 10 (Xinhua) — China’s automobile production and sales rose sharply in March from the previous month, industry data showed on Friday.Automobile output totaled 2.92 million units in March and sales came in at 2.9 million units, surging 74.4 percent and 60.6 percent month on month, respectively, according to the China Association of Automobile Manufacturers.New energy vehicle (NEV) output and sales stood at 1.23 million units and 1.25 million units, respectively.In the first quarter of the year, automobile output reached 7.04 million units and sales totaled 7.05 million units, said the association.During the same period, NEV output and sales came in at 2.97 million units and 2.96 million units, respectively.Looking ahead to the second quarter, the effects of policies such as the large-scale equipment renewal and consumer goods trade-in programs will continue to materialize, while the Beijing auto show will usher in a wave of new model launches, helping sustain market momentum and boost auto consumption,
said Chen Shihua, deputy secretary-general of the association. ■English Caption 1This photo taken on Nov. 3, 2025 shows a new energy vehicle (NEV) assembly line of BYD, China’s leading NEV manufacturer, at the plant of BYD in Zhengzhou, central China’s Henan Province. (Xinhua/Li Jianan) English Caption 2People visit the booth of iCAR during the China Motor Show (Tianjin) 2025 in north China’s Tianjin, Sept. 30, 2025. (Xinhua/Zhao Zishuo)English Caption 3This photo taken on May 13, 2025 shows a view of a production line at the workshop of a vehicle company in Jiangdu District of Yangzhou City, east China’s Jiangsu Province. (Photo by Ren Fei/Xinhua)English Caption 4People visit the China Motor Show (Tianjin) 2025 in north China’s Tianjin, Sept. 30, 2025. (Xinhua/Zhao Zishuo)
