Connect with us

China

အီရန်နိုင်ငံ၏ ခါ့ဂျ်ကျွန်းကို သိမ်းပိုက်ရန် အမေရိကန်က အမှန်တကယ်အသင့်ဖြစ်နေပြီလော

အီရန်နိုင်ငံ တောင်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ခါ့ဂျ်ကျွန်းတွင် အီရန်ရေနံမြေလုပ်သားများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ခြိမ်းခြောက်မှုအသစ်တွေကို မကြာသေးမီရက်ပိုင်းအတွင်းမှာ စီကာစဉ်ကာထုတ်ပြန်ခဲ့ပြီး အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု အချက်အချာဖြစ်သည့် ခါ့ဂျ်ကျွန်းကို သိမ်းပိုက် သို့မဟုတ် ဖျက်ဆီးမည်ဟု ကတိပြုပြောကြားခဲ့သည်။
ယင်းမှာ ခါ့ဂျ်ကျွန်းအပေါ် ၎င်း၏ရှုမြင်ပုံမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ အဆိုပါ ကျွန်းအား သိမ်းပိုက်ခြင်းမှာ အီရန်ကိုဖိအားပေးသည့် နည်းလမ်းတစ်ခုဖြစ်မည်ဟုလည်း ထရမ့်က ၁၉၈၈ ခုနှစ်အစောပိုင်း၌ ပြောကြားခဲ့သည်။
သန္တာကျောက်တန်းကျွန်းငယ်လေးကို ထရမ့်က အဘယ်ကြောင့် စွဲလမ်းနေရသနည်း။ ဝါရှင်တန်အနေဖြင့် အဆိုပါ ကျွန်းငယ်ကို သိမ်းယူနိုင်မည့် အခွင့်အလမ်းများက အဘယ်နည်း။ ထိုသို့ဖြစ်ပွားပါက ယင်းအချက်က စစ်ပွဲဖြစ်ပွားရသည့်အကြောင်းရင်းကို မည်သို့ပုံဖော်နိုင်သနည်း။

အဘယ်ကြောင့် ခါ့ဂျ်ကျွန်း ဖြစ်ရသနည်း
ပါရှန်းပင်လယ်ကွေ့တွင် တည်ရှိသော ခါ့ဂျ်ကျွန်းသည် အီရန်ကမ်းရိုးတန်းမှ ၂၅ ကီလိုမီတာခန့်အကွာ၊ ဟော်မုဇ်ရေလက်ကြား၏ အနောက်မြောက်ဘက် ကီလိုမီတာ ၇၀၀ မျှပင်မဝေးသော နေရာ၌ တည်ရှိသည်။
အဆိုပါ ကျွန်းသည် ၁၉၆၀ ပြည့်လွန်နှစ်မှစ၍ အီရန်နိုင်ငံ၏ ရေနံတင်ပို့မှု အဓိကလမ်းကြောင်းဖြစ်ပြီး ယင်းအဆောက်အအုံများမှာ အမေရိကန် ရေနံကုမ္ပဏီများ ပါဝင်တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ တီဟီရန်အနေဖြင့် ဆယ်စုနှစ်များအတွင်း ၎င်းတို့၏ အခြေခံအဆောက်အအုံများကို တိုးချဲ့ကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်မူ ခါ့ဂျ်ကျွန်းမှ ရေနံစိမ်းတင်ပို့မှုမှာ အီရန်အစိုးရ၏ ဝင်ငွေအရင်းအမြစ်လည်းဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260331/8c50287ff7b6477a8df4c6ca8c69aa5d/c.html

အီရန်နိုင်ငံ တောင်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ခါ့ဂျ်ကျွန်းရှိ ရေနံပိုက်လိုင်းများပေါ်၌ ငှက်ကလေးများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံ တောင်ပိုင်း ပါရှန်းပင်လယ်ကွေ့ရှိ ခါ့ဂျ်ကျွန်းရှိ ရေနံစက်ရုံများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Is U.S. truly ready to seize Iran’s Kharg Island?
BEIJING, March 31 (Xinhua) — U.S. President Donald Trump has in recent days consecutively issued new threats against Iran, vowing to either seize or obliterate Kharg Island, Iran’s oil export hub.
This is far from the first time Trump has set his sights on the island. As early as 1988, he claimed that capturing the island would be a way to exert pressure on Iran.
Why is Trump so fixated on a small coral island? What are the chances that Washington will attempt to seize it? If such a move occurs, how might it shape the course of the war?
WHY KHARG ISLAND?
Located in the Persian Gulf, Kharg Island is about 25 km off the coast of Iran and less than 700 km northwest of the Strait of Hormuz.
The island has served as Iran’s main oil export terminal since the 1960s, when its facilities were built with the involvement of U.S. oil companies. Tehran has since expanded and upgraded its infrastructure over the decades. Today, crude shipped from Kharg forms the backbone of the Iranian government’s revenue.
https://english.news.cn/20260331/8c50287ff7b6477a8df4c6ca8c69aa5d/c.html
Photo 1: Iranian oil workers are seen on the Kharg Island in the Persian Gulf, southern Iran, on Feb. 23, 2016.(Xinhua/Ahmad Halabisaz)
Photo 2: Birds are are seen on oil pipelines on the Kharg Island in the Persian Gulf, southern Iran, on Feb. 23, 2016. (Xinhua/Ahmad Halabisaz)
Photo 3: Photo taken on Feb. 23, 2016 shows a view of oil facilities on the Kharg Island in the Persian Gulf, southern Iran. (Xinhua/Ahmad Halabisaz)