Connect with us

China

ဟောင်ကောင်က ကုန်စည်ကုန်သွယ်မှုတွင် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၏ ကုန်သေတ္တာဆိပ်ကမ်းဂိတ်မြင်ကွင်းကို ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ လွန်ခဲ့သည့်နှစ်အတွင်း ပြည်ပကုန်သွယ်မှုမှာ ကြံ့ကြံ့ခံမှုရှိခဲ့ပြီး အားရစရာကောင်းသော ရလဒ်ရရှိခဲ့ကြောင်း၊ တရုတ်ပြည်မကြီး၊ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် စသည့်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုတွင် ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်လာကြောင်း HKSAR အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွင်းဝန် ချိုးရင်းဟွက ဧပြီ ၂ ရက်၌ ပြောကြားခဲ့သည်။
ဟောင်ကောင်သည် ၂၀၂၅ ခုနှစ်၌ ကုန်စည်ကုန်သွယ်မှုတွင် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ယင်းမှာ ၂၀၂၄ ခုနှစ်ကထက် နှစ်နေရာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ထုတ်ပြန်သော “ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အလားအလာနှင့် စာရင်းအင်းများ” အစီရင်ခံစာက ဖော်ပြခဲ့သည်။ ကမ္ဘာ့စုစုပေါင်း ကုန်စည်ကုန်သွယ်မှုအနေဖြင့် နှစ်စဉ် ၁၇.၅ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်ဒေါ်လာ ၁,၅၈၅ ဘီလီယံ ရှိကာ ကမ္ဘာ့စုစုပေါင်း၏ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဟောင်ကောင်သည် လွတ်လပ်သောကုန်သွယ်မှုကို ကာလကြာမြင့်စွာ လက်ခံကျင့်သုံးလာခဲ့ပြီး ကုန်သွယ်ဖက်များအား ခန့်မှန်းရလွယ်ကူပြီး ပွင့်လင်းမြင်သာသော ဈေးကွက်ကို ပံ့ပိုးပေးရန်အတွက် စည်းမျဉ်းများအား အခြေခံသော ဘက်စုံကုန်သွယ်မှုစနစ်ကို ခိုင်မာစွာ ထောက်ခံ၍ ထိန်းသိမ်းထားကြောင်း Yau က ပြောကြားခဲ့သည်။ ထို့အပြင် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အရ အဖွဲ့အစည်းဆိုင်ရာ အားသာချက်များနှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်ကို အသုံးချခြင်းဖြင့် ဟောင်ကောင်သည် ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်မှုအတွက် အရေးအကြီးဆုံးနှင့် သွက်လက်မြန်ဆန်သော ဝင်ပေါက်များထဲမှ တစ်ခုဖြစ်လာခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးကွန်ရက်များ တိုးချဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ကြိုးပမ်းမှုများကို မြှင့်တင်ခြင်း၊ နိုင်ငံတကာဈေးကွက်များနှင့် ဆက်ဆံရေးကို နက်ရှိုင်းစေခြင်း၊ ထွန်းသစ်စဈေးကွက်များကို စူးစမ်းလေ့လာခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုးမှုကို မြှင့်တင်ခြင်းနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်တွင် ဟောင်ကောင်ပါဝင်မှုကို မြှင့်တင်ခြင်းနှင့် ပြည်မကြီးဈေးကွက်ကို ဖွင့်လှစ်ခြင်းအပါအဝင် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ဟောင်ကောင်အစိုးရမှ ဆောင်ရွက်ခဲ့သော အစီအမံများစွာက အကျိုးများသော ရလဒ်များ ရရှိခဲ့ပြီး ဟောင်ကောင်အား နိုင်ငံတကာကုန်သွယ်မှုတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နိုင်စေသည်ဟု အဆိုပါအစီရင်ခံစာက ဖော်ပြခဲ့ကြောင်း ချိုးက ပြောကြားခဲ့သည်။
ယခုနှစ်မှာ တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ အစဖြစ်ပြီး ဟောင်ကောင်အစိုးရအနေဖြင့်လည်း ဟောင်ကောင်၏ ငါးနှစ်စီမံကိန်းအား ၎င်းစီမံကိန်းနှင့် အလွန်ကိုက်ညီစေရန် ရေးဆွဲလျက်ရှိကြောင်း Yau က ပြောကြားခဲ့သည်။ HKSAR အစိုးရအနေဖြင့် ကုန်သွယ်ရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး “အထူးချိတ်ဆက်ပေးသူ” နှင့် “အထူးတန်ဖိုးမြှင့်ပေးသူ” အဖြစ် ၎င်း၏အခန်းကဏ္ဍများကို ဖြည့်ဆည်းရန် ရည်ရွယ်၍ အထက်ဖော်ပြပါ အစီအမံများကို အားကောင်းစေရုံသာမက စီးပွားရေးတိုးတက်မှု၏ နယ်ပယ်အသစ်များကို စူးစမ်းလေ့လာရန် ပလက်ဖောင်းတစ်ခုအဖြစ် ဟောင်ကောင်မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာအဆင့် စွမ်းဆောင်နိုင်စေရေးအတွက် ပြည်မကြီးစီးပွားရေးလုပ်ငန်းများကို ပိုမိုကူညီပံ့ပိုးပေးနိုင်ရန် အာရုံစိုက်မည်ဖြစ်ကြောင်းလည်း သိရသည်။ (Xinhua)


……………….
English Version
Hong Kong rises to become world’s 5th-largest trading entity in merchandise trade
HONG KONG, April 2 (Xinhua) — Algernon Yau, secretary for Commerce and Economic Development of the Hong Kong Special Administrative Region (HKSAR) government, said on Thursday that in the past year, Hong Kong’s external trade remained resilient and achieved an encouraging result, making the city the world’s fifth-largest trading entity in merchandise trade after the Chinese mainland, the United States, Germany and the Netherlands.
According to the report “Global Trade Outlook and Statistics” published by the World Trade Organization, Hong Kong ranked as the world’s fifth-largest trading entity in merchandise trade in 2025, two places up from 2024. The total merchandise trade recorded a year-on-year increase of 17.5 percent to 1,585 billion U.S. dollars, accounting for 3 percent of the world’s total.
Yau noted that Hong Kong has long adopted free trade and firmly supports and has upheld the rules-based multilateral trading system to provide trading partners with a predictable and transparent market. In addition, leveraging the institutional advantages under “one country, two systems” and the highly internationalized business environment, Hong Kong has become one of the most important and agile gateways for business and trade in the region.
Yau said the report showed that a series of measures carried out by the HKSAR government for promoting trade, including expanding economic and trade networks, stepping up efforts in attracting enterprises and investment, deepening ties with international markets, exploring emerging markets, enhancing support for small- and medium-sized enterprises, and promoting Hong Kong’s participation in the Belt and Road Initiative and opening up the mainland market, have achieved fruitful results, enabling Hong Kong to continue to play a pivotal role in international trade.
He said that this year marks the beginning of the country’s 15th Five-Year Plan and the HKSAR government is also formulating Hong Kong’s five-year plan to actively align with it. The HKSAR government will continue to promote trade and focus on further assisting mainland enterprises in going global through Hong Kong as a platform to explore new areas of economic growth, in addition to strengthening the aforesaid measures, with a view to fulfilling its roles as a “super connector” and a “super value-adder.” ■
English Captions
This photo shows a view of a container terminal of Hong Kong, south China, May 22, 2025.(Xinhua/Chen Duo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.