Connect with us

China

ဝန်ဆောင်မှုကဏ္ဍ အရည်အသွေးမြင့်တိုးတက်ရေး မြေပြင်သစ် ဖော်ဆောင်ရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၊ အမြဲတမ်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်တို့က မြို့တော် ပေကျင်းတွင် ကျင်းပသော ဝန်ဆောင်မှုကဏ္ဍ အမျိုးသားကွန်ဖရင့် တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး မြေပြင်သစ် ကြိုးပမ်းဖော်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက ပေကျင်းမြို့၌ ဧပြီ ၇ ရက်မှ ၈ ရက်အထိ ကျင်းပသော ဝန်ဆောင်မှုကဏ္ဍ အမျိုးသားကွန်ဖရင့်သို့ ပေးပို့သည့် ညွှန်ကြားချက်၌ အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက်မှစ၍ ပမာဏအားဖြင့် တည်ငြိမ်စွာ တိုးချဲ့လျက်ရှိသလို အရည်အသွေးပိုင်းနှင့် ထိရောက်မှုပိုင်းတွင်လည်း စဉ်ဆက်မပြတ် တိုးတက်လာခဲ့ကြောင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ အဆင့်မြှင့်တင်မှု ပံ့ပိုးခြင်း၊ ပြည်သူများ၏ လူမှုဘဝလိုအပ်ချက်များကို ပြည့်စုံစေခြင်းနှင့် အလုပ်အကိုင်တိုးတက်မှု မောင်းနှင်ပေးခြင်း စသဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။
ရှီက ဝယ်လိုအားအခြေပြုဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုများ၊ နည်းပညာတွန်းအားပေးမှု၊ တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို အလေးထားလျက် ဝန်ဆောင်မှုကဏ္ဍ၌ စွမ်းဆောင်ရည်ပိုင်း တိုးချဲ့ခြင်းနှင့် အရည်အသွေးပိုင်း အဆင့်မြှင့်တင်ခြင်းတို့အား ဆက်လက်လုပ်ဆောင်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ ကွန်ဖရင့်ကို CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်ကြသော ဝန်ကြီးချုပ် လီချန်နှင့် ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန် တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြသည်။
အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ အရေးကြီးညွှန်ကြားချက်ကလည်း ဝန်ဆောင်မှုကဏ္ဍ တိုးတက်ရေး၏ အထူးအရေးပါမှု၊ အဓိကမူဝါဒစည်းမျဉ်းများနှင့် ပင်မတာဝန်များကို အသေးစိတ် ရှင်းလင်းဖော်ပြထားကြောင်း မှတ်ချက်ပြုလျက် ဝန်ကြီးချုပ် လီက ဝန်ဆောင်မှုကဏ္ဍ အရည်အသွေးမြင့်မား၍ ထိရောက်သော ဖွံ့ဖြိုးတိုးတက်မှုအား ပိုမိုကောင်းမွန်စွာ မြှင့်တင်နိုင်ရန် မဟာဗျူဟာမြောက် အလုံးစုံ ရှုမြင်မှုမှ ဝန်ဆောင်မှုကဏ္ဍကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260408/4d74dd95b53b43858f2061fc815cbdd9/c.html
……………………………………..
(English Version)
China Focus: Xi urges breaking new ground in high-quality development of service sector
BEIJING, April 8 (Xinhua) — Chinese President Xi Jinping has called for striving to break new ground in the high-quality development of China’s service sector.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks in an instruction conveyed at a national conference on the service sector held in Beijing from Tuesday to Wednesday.
China’s service sector has steadily expanded in scale and continuously improved in quality and efficiency since the 18th National Congress of the CPC, playing an important role in supporting industrial upgrading, meeting people’s livelihood needs and driving job growth, according to Xi.
Underscoring demand-driven development, reform breakthroughs, technology empowerment as well as opening up and cooperation, Xi called for carrying out capacity-expanding and quality-upgrading initiatives in the service sector.
Premier Li Qiang and Vice Premier Ding Xuexiang, both members of the Standing Committee of the Political Bureau of the CPC Central Committee, addressed the conference.
Noting that General Secretary Xi Jinping’s important instructions have profoundly expounded the great significance, key principles and main tasks of developing the service sector, Li called for deepening the understanding of the service sector from a strategic and overall perspective to better promote its high-quality and efficient development.
https://english.news.cn/20260408/4d74dd95b53b43858f2061fc815cbdd9/c.html
Photo: Chinese Premier Li Qiang and Vice Premier Ding Xuexiang, both members of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee, attend a national conference on the service sector in Beijing, capital of China. (Xinhua/Huang Jingwen)