ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် ဇူလိုင် ၂၇ ရက်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခနှင့် စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုအား ဖြေကြားခဲ့သည်။ သတင်းထောက်က နိုင်ငံတကာအသိုင်းအဝိုင်းက အပစ်ရပ်ရန် ညှိနှိုင်းပေးသည့်အခြေအနေတွင် ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် မကြာသေးမီရက်ပိုင်းက အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရန် အပြုသဘောဆောင်သောဆန္ဒများအား ဖော်ပြခဲ့ကြောင်း၊...
ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် နွေရာသီ ရုပ်ရှင်လက်မှတ် ရောင်းအားဝင်ငွေသည် ကြိုတင်လက်မှတ်ရောင်းရငွေ အပါအဝင် ဇူလိုင် ၂၇ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ်တွင် ယွမ် ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉၇...
ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက စိုက်ပျိုးရေးထုတ်ကုန်များ သုံးစွဲမှု အရှိန်မြှင့်တင်ရေးအတွက် ထောက်ပံ့မှုများ ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်နှင့် ဝယ်လိုအားကို လှုံ့ဆော်ရန် ရည်ရွယ်သည့် လမ်းညွှန်ချက်များကို ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။
ဟနွိုင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးသည် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် တရုတ်နိုင်ငံ အစိုးရပညာသင်ဆု ရရှိခဲ့ကြသည့် ဗီယက်နမ်ကျောင်းသား ၃၄ ဦးအား ကျောင်းဝင်ခွင့်လက်မှတ်များ ပေးအပ်သည့် အခမ်းအနားကို မကြာသေးမီက ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးကော်မရှင်ရုံးက နွေရာသီ ပိတ်ရက်ကာလနှင့် ရေကြီးချိန်ကာလများအတွင်း စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို တိုးမြှင့်ဆောင်ရွက်ရန် ဒေသဆိုင်ရာ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးရုံးများသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံ ဈေးကွက်ကြီးကြပ်ရေး စီမံအုပ်ချုပ်မှုဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် AI နိုင်ငံတကာ စီမံခန့်ခွဲရေး ပူးတွဲအစီအစဉ်အား ဦးစားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး AI ဖွံ့ဖြိုးမှုနှင့် အသုံးပြုမှုကို ကြပ်မတ်ရန် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက် ရရှိထားသည့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်နှင့်...
ကျိန့်ကျိုး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် တတ်သိပညာရှင်များထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို ကျိန့်ကျိုးမြို့တွင် ဇူလိုင် ၂၅ ရက်၌ ကျင်းပခဲ့ပြီး ရှန်ဟိုင်းစိတ်ဓာတ် ထိန်းသိမ်းရေး၏ အရေးပါမှုကို အလေးထားဆွေးနွေးခဲ့ကြသလို SCO မူဘောင်အတွင်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် မီဒီယာနှင့် ပညာရှင်ပိုင်းအား...
ဆန်းနန် (ရှီးဇန့်)၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆန်းနန်မြို့ လုံကျီခရိုင်သည် ကုန်းပြင်မြင့် အေးခဲခြောက်သွေ့သောဒေသ၊ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့် ၃,၈၀၀ မီတာကျော်တွင် တည်ရှိသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက လုံကျီမြစ်ဝှမ်းတစ်လျှောက်သည် ကန္တာရဖြစ်ခြင်း၊ သဲမုန်တိုင်းများတိုက်ခတ်မှု ပြင်းထန်ပြီး တစ်နှစ်လျှင် ၈ လနီးပါးခန့်သည် သဲမုန်တိုင်းရာသီဥတုဖြစ်သည်။...
ချွမ်ကျိုး၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မကြာသေးမီနှစ်များအတွင်း ပုဂ္ဂလိကစီးပွားရေး အဓိကအချက်အချာနေရာဖြစ်သည့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ချွမ်ကျိုးမြို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အဓိကထားလျက် နည်းပညာဆန်းသစ်တီထွင်မှုဖြင့် စက်မှုလုပ်ငန်းများ၏ အရည်အသွေး၊ ထိရောက်မှု မြှင့်တင်တိုးတက်စေကာ သမာရိုးကျစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေးအတွက် ရေရှည်တည်တံ့သော အထောက်အပံ့များကို ပံ့ပိုးပေးခဲ့ပြီး “ထုတ်လုပ်မှု” မှ “စမတ်ထုတ်လုပ်မှု”...
စင်ကာပူ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဇူလိုင် ၂၅ ရက်၌ ကျင်းပသော World Aquatics ချန်ပီယံရှစ်ပြိုင်ပွဲ၊ အဖွဲ့လိုက် အလှပြရေကူးနည်းပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက အနိုင်ရရှိခဲ့ပြီး အဖွဲ့လိုက်ပြိုင်ပွဲ သုံးပွဲလုံးတွင် ရွှေတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ “Soul of the Terracotta Army”...