Jishishan ၊ ကန်းစုပြည်နယ်/ရှီးနန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရှိ လူမျိုးစုခရိုင်တစ်ခုတွင် ဒီဇင်ဘာ ၁၈ ရက် ညသန်းခေါင်ယံအချိန်က အဆင့် ၆.၂ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ကန်းစုပြည်နယ်နှင့် အနီးဝန်းကျင်ရှိ ချင်းဟိုင်ပြည်နယ်၌ လူပေါင်း ၁၁၁ ဦး သေဆုံးခဲ့ကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဝင်ဘာလအတွင်း လျှပ်စစ်ယာဉ်များအတွက် အားသွင်းတိုင်နေရာအရေအတွက်မှာ ယမန်နှစ် အလားတူကာလထက် ၅၁.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ် လျှပ်စစ်ယာဉ်အားသွင်းနေရာ အခြေခံအဆောက်အအုံမြှင့်တင်မှုမိတ်ဖက်ကုမ္ပဏီ၏ အချက်အလက်များအရ သိရသည်။ နိုဝင်ဘာလတွင် အားသွင်းတိုင်နေရာ အရေအတွက်မှာ ယခင်လကထက် ၁၀၁,၀၀၀ ခု မြင့်တက်ခဲ့ကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့ပြီး ပိုမိုနီးကပ်သော တရုတ်နှင့် အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်းအတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။ လွန်ခဲ့သော ၁၀...
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အရေးပေါ်တုံ့ပြန်ရေးနှင့် ပြည်သူများအတွက် နွေးထွေး၍ ဘေးကင်းစိတ်ချရသော ဆောင်းရာသီဖြစ်စေရေးအတွက် ကြိုးပမ်းအားထုတ်မှုများ အစွမ်းကုန်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရှီက အပူချိန်ကျဆင်းမှုများ၊ မိုးရွာသွန်းမှု၊ ဆီးနှင်းနှင့်...
ကျိုချွမ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် ပြန်လည်အသုံးပြုနိုင်သော စမ်းသပ်အာကာသယာဉ်တစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ်သည် တရုတ်နိုင်ငံရှိ သတ်မှတ်ထားသောဆင်းသက်နေရာသို့ ပြန်လည်မရောက်မီ အချို့အချိန်များ၌ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း...
ဟာအယ်ပင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဟာအယ်ပင်း ရေခဲနှင့် ဆီးနှင်းကမ္ဘာကို ၂၅ ကြိမ်မြောက် ဆောင်းရာသီအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယင်းနေရာ တည်ဆောက်မှုအတွက် ရေခဲနှင့် ဆီးနှင်း ကုဗမီတာ ၂၅၀,၀၀၀ အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua) ………………………………...
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်၊ တည်တံ့စွာ တိုးတက်မှု မြှင့်တင်ရေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။ သမ္မတ ရှီက အမေရိကန်-တရုတ် စီးပွားရေးကောင်စီ...
ဟနွိုင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် မျှတ၍ ရေရှည်တည်တံ့သော သဘောထားဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးချဲ့ရေး အပြုသဘောဆောင်ရွက်မှုများ ပြုလုပ်ရန် ဒီဇင်ဘာ ၁၃ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။ နှစ်နိုင်ငံတို့သည် ဒေသတွင်း ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (RCEP) နှင့်...
ဟနွိုင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသကို ရှုပ်ထွေးစေမည့် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို သတိထားကာ ဆန့်ကျင်ကန့်ကွက်သွားရမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၃ ရက်တွင် ဟနွိုင်းမြို့၌ ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့်...
ဟနွိုင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အခြေအနေသစ်များအရ ချစ်ကြည်ရင်းနှီးစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း တစ်ဟုန်ထိုး မြင့်တက်လာမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၃ ရက်တွင် ဟနွိုင်းမြို့၌ ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ...