လျို့ဖန်ရွှေ (ကွေ့ကျိုး)၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) နွေရက်များတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လျို့ဖန်ရွှေမြို့ လျို့ကျစ်အထူးဇုန် ကျန်းခဲမြစ် နာမည်ကျော်ရှုခင်းသာနေရာတွင် အပင်များ စိမ်းလန်းစိုပြည်ကာ မြစ်ရေသည်လည်း စိမ်းကြည်လျက်ရှိပြီး တောင်တန်းနှင့် ရေပြင်များ၊ လမ်းများနှင့် ကျေးရွာများက လှပသောပန်းချီကားသဖွယ် ပေါင်းစပ်ထားသည်။ (Xinhua) ………………………. (Chinese...
ရှီးအန်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) လတ်တလောတွင် တရုတ်နိုင်ငံ ရှီးအန်းမြို့ တောရိုင်းငှက်မျိုးများ ထိန်းသိမ်းစောင့်ရှောက်ရေး အထူးလှုပ်ရှားမှုက တောရိုင်းငှက်မျိုး အကောင် ၄,၀၀၀ ကျော်ကို ကူညီကယ်ဆယ်ခဲ့ကြောင်း သတင်းထောက်က ရှီးအန်းမြို့ သက်ဆိုင်ရာဌာနများမှ သိရှိခဲ့သည်။ ဤတောရိုင်းငှက်မျိုးများအား ကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန်၊ ဒေသတွင်း ဂေဟပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ...
ရုံကျန်း (ကွေ့ကျိုး)၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ရုံကျန်းခရိုင်တွင် အလွန်ကြီးမားသော ရေလွှမ်းမိုးမှု သဘာဝဘေးဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ကွန်မြူနစ်ပါတီဝင်များသည် ရှေ့တန်းတွင် ဦးဆောင်ကာ အရေးပေါ် အန္တရာယ်များ ခက်ခဲသည့် တာဝန်များကို ရဲရင့်စွာ ထမ်းဆောင်ကြရာ ရုံကျန်း ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး ရှေ့တန်းတွင် ပါတီအလံကို...
နန်နင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်-ဗီယက်နမ် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၏ ပထမဆုံးအကြိမ် နယ်စပ်တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်၊ ဗီယက်နမ် နှစ်နိုင်ငံ တရားစီရင်ရေးဌာနနှင့် သက်ဆိုင်ရာ ဌာနများ၊ ပြည်နယ်အချို့ရှိ တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ဥပဒေနယ်ပယ်မှ ကိုယ်စားလှယ် ၁၅၀...
ဟဲဖေ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အရှေ့အာရှမိုးရာသီရောက်ချိန်တွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှဲ့ခရိုင်တွင် မကြာခဏဆိုသလို မိုးလေးဖွဲဖွဲရွာလေ့ရှိသည်။ ဟွေးဗိသုကာလက်ရာများရှိသော ရှေးဟောင်းကျေးရွာလေးရှိ မြင်းခေါင်းသဏ္ဌာန်နံရံသည် မိုးဖွဲဖွဲနှင့်မြူမှုန်များကြားတွင် မထင်မရှားဖြစ်၍နေပေသည်။ ကျိုးဟူသည် ကျဉ်းမြောင်းသည့် လမ်းကြားတွင် လမ်းလျှောက်ရင်း ရှေးဟောင်းလူနေအိမ်နှင့် ဘုံကျောင်းများကို မကြာခဏ စစ်ဆေးကြည့်ရှုလေ့ရှိသည်။ “အရှေ့အာရှမိုးရာသီကာလမှာ...
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) “စည်းကြပ်ခွန် သက်သာခွင့်” ဟူသော အရာအတွက် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေလျက် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရယူမည့် မည်သည့်နိုင်ငံကိုမဆို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၈ ရက်၌...
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တိုင်းရင်းသားမျိုးနွယ်စု သွေးစည်းညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ ပိုမိုပျော်ရွှင်ဖွယ်ကောင်း၍ ပိုမိုကောင်းမွန်သော ဘဝကို ဖန်တီးကြရန် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာတစ်ရွာမှ ရွာသူ၊ရွာသားများကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း ဦးဆောင်သော ရေတပ်စစ်ရေယာဉ်စုမှာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်၏ ခွင့်ပြုချက်အရ ဇူလိုင် ၃ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဟု ဇွန် ၂၈ ရက် တရားဝင်ကြေညာချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အလွယ်တကူပျက်စီးလွယ်သော သစ်သီးများအနက် တစ်ခုဖြစ်သော လိုင်ချီးသီးများသည် သယ်ယူပို့ဆောင်ရေးတွင် အလွန်မြင့်မားသော တောင်းဆိုမှုများရှိသည်။ လတ်ဆတ်မှုထိန်းသိမ်းနိုင်သည့် နည်းပညာနှင့် လေကြောင်းပို့ဆောင်ရေးတို့၏ အကူအညီဖြင့် လိုင်ချီးသီးများသည် ပြည်တွင်းဈေးကွက်တွင် ရောင်းအားကောင်းသည်သာမက နိုင်ငံတကာဈေးကွက်ကိုလည်း စဉ်ဆက်မပြတ် ချဲ့ထွင်လျက်ရှိသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တွင်...
ဆန်းကျန့် (ကွမ်တုန်း)၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်သည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအသစ် ပျိုးထောင်ခြင်းအနေဖြင့် ဝေဟင်နိမ့် စီးပွားရေး ထုတ်လုပ်မှုလုပ်ငန်းကို အဓိကထား ဆောင်ရွက်ခဲ့ရာ ဆန်းကျန့်၊ ကွမ်ကျိုး၊ ကျူးဟိုင် ဝေဟင်နိမ့် စီးပွားရေး ထုတ်လုပ်မှုလုပ်ငန်းများ စုစည်းရာနေရာ ၃...