ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ယခုနှစ် ပထမ ၄ လတာ ကာလတွင် တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏသည် တိုးတက်လျက်ရှိရာ ၎င်း၏စုစုပေါင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၁.၇၁ ဘီလီယံအထိ ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ရီယက်ဒ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၁၀ ကြိမ်မြောက် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် ၈ ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယက်ဒ်တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း...
အော့တဝါ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ၌ ဇွန် ၉ ရက်က တောမီးလောင်ကျွမ်းမှုအသစ် ၁၀ ခုဖြစ်ပွား ၂၀၂၃ ခုနှစ် တွင် နိုင်ငံတွင်း တောမီးလောင်ကျွမ်းမှု စုစုပေါင်း ၂,၄၀၅ ခုရှိခဲ့ကြောင်း Canadian Interagency Forest Fire Centre ၏...
ဟဲဖေ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၂၀၂၃ RCEP ဒေသခံအစိုးရနှင့် ချစ်ကြည်ရေးမြို့များအကြား ပူးပေါင်းဆောင်ရွက်ဆိုင်ရာ (ဟွမ်ဆန်း) ဖိုရမ်ကို တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် ဇွန် ၉ ရက်က ဖွင့်လှစ်ခဲ့ရာ ပြည်တွင်းပြည်ပ ဧည့်သည်တော် ၅၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ဒေသတွင်း ကုန်သွယ်ရေး...
ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ရောင်းအားသည် မေလတွင် ကားအစီးရေ ၇၁၇,၀၀၀ ရောင်းချခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဇွန် ၉ ရက်၌ ဖော်ပြသောအချက်အလက်များအရ သိရသည်။
ကျိုချွမ်၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ Longjiang-3 စမ်းသပ်ရေး ဂြိုဟ်တုကို Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် ဇွန် ၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၃၅ မိနစ်က လွှတ်တင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တုသည်...
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ရေးအတွက် တရုတ်စီးပွားရေးက မောင်းနှင်အားအဖြစ် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တရုတ်နိုင်ငံသို့ ပိုမိုလာရောက်ကြရန်၊ တရုတ်ဈေးကွက်သို့ ထဲထဲဝင်ဝင် ထိုးဖောက်၍...
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လူဦးရေ ၇ ယောက်အထိ လိုက်ပါစီးနင်းနိုင်သော မျိုးဆက်သစ်အာကာသယာဉ်တစ်စင်း တီထွင်လျက်ရှိကြောင်း တရုတ်လူတင်အာကာသယာဉ်အေဂျင်စီက ဇွန် ၈ ရက်၌ ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိ လူ ၃ ယောက်စီး အာကာသယာဉ်ထက် ပိုမိုကျယ်ဝန်းသော အဆိုပါ အာကာသယာဉ်သစ်သည် ကုန်စည်များနှင့်...
ဘန်ဒါဆရီဘဂါဝန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ဗိုလ်လောင်းလေ့ကျင့်ရေးနှင့် ပင်လယ်ပြင်အတွင်းမစ်ရှင် သွားရောက်သည့် တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang (Hull 83) သည် ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာအဆုံးသတ်ပြီးနောက် ဇွန် ၈ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ အဆိုပါ သင်္ဘောအား နှုတ်ဆက်ပွဲအခမ်းအနားကို ဘရူနိုင်းနိုင်ငံ...
ဟူးဟော့၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ဒေသ၏ မဟာဗျူဟာမြောက်အနေအထားကို ထိန်းသိမ်းရန်၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို လိုက်နာဆောင်ရွက်ရန်နှင့် တရုတ်ခေတ်မီအသွင်ပြောင်းခြင်း စာမျက်နှာသစ်ဖွင့်လှစ်ရေး ကြိုးပမ်းအားထုတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ...