ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လစ်ချ်တင်စတိန်းနိုင်ငံ အိမ်ရှေ့မင်းသား အလွိုက်စ်တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၄ ရက်က ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒေသကြီးက တောင်တရုတ် ပင်လယ်အတွင်း ပုံမှန်ကင်းလှည့်မှုများအား စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ စက်တင်ဘာ ၁၄ ရက်၌ ပြောကြားချက်အရ သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပူးတွဲကင်းလှည့်မှုဟုဆိုကာ...
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နီပေါနိုင်ငံ ယာယီအစိုးရ ဝန်ကြီးချုပ်ဖြစ်လာသည့် ဆူရှီလာ ကာကီထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။ ကေပီ ရှာမာအိုလီ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားပြီးနောက် တရားသူကြီးချုပ်ဟောင်းဖြစ်သူ ကာကီမှာ နီပေါ...
ဆူဗာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဖီဂျီနိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်ရွှေရတုနှစ်ပတ်လည်နှင့် ဖီဂျီရှိ တရုတ်ယဉ်ကျေးမှုစင်တာတည်ထောင်မှု ၁၀ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ဖီဂျီ iTaukei မျိုးနွယ်စုရေးရာ၊ ယဉ်ကျေးမှု၊ အမွေအနှစ်နှင့် အနုပညာဝန်ကြီးဌာနတို့မှ ပူးတွဲစီစဉ်သော တေးဂီတဖျော်ဖြေပွဲအား...
ချိန်တူး၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်းပြည်နယ်၏မြို့တော် ချိန်တူးမြို့၌ ၂၀၂၅ ခုနှစ် ရွှေပန်ဒါ နိုင်ငံတကာ ယဉ်ကျေးမှုဖိုရမ်ကို စက်တင်ဘာ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနအကြီးအကဲဖြစ်သူ...
လူဘီအာနာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအခြေအနေအား တည်ငြိမ်မှုနှင့် ပိုမိုခိုင်မာသည့် အပြုသဘော အင်အားများကို ပိုမိုဖြည့်တင်းပေးနိုင်ရေး၊ ကမ္ဘာကြီးအတွက် ပိုမိုအလားအလာကောင်းမွန်သော အနာဂတ်ကို ဖန်တီးရေးအတွက် ဆလိုဗေးနီးယား အပါအဝင် ဥရောပနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ထိပ်တန်းသံတမန်က စက်တင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။...
မကာအို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ (SAR) တွင် ၈ ကြိမ်မြောက် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲအား စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။ မဲပေးမှုကို ဒေသစံတော်ချိန် နံနက် ၉ နာရီက စတင်ခဲ့ပြီး ည...
ထိုက်ယွမ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ နိုင်ငံ့ပထမဆုံး အကြီးစား ကျောက်မီးသွေး ဓာတ်ငွေ့ လုပ်ကွက်ဖြစ်သည့် Daning-Jixian လုပ်ကွက်သည် သြဂုတ်လကုန်အထိ ၎င်း၏ တစ်စတစ်စ တိုးပွား လာသော ဓာတ်ငွေ့ထုတ်လုပ်မှုတွင် ကုဗမီတာ ၄ ဘီလီယံကို ကျော်လွန်ကာ ပြည်တွင်းစံချိန်သစ်...
ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမျိုးသားဥယျာဉ်များ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်သော ဥပဒေသစ်တစ်ရပ်ကို အတည်ပြုပြဋ္ဌန်းရန် တရုတ်အမျိုးသားဥပဒေပြုအမတ်များက စက်တင်ဘာ ၁၂ ရက်က မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ တရုတ်နိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ အစည်းအဝေးတစ်ခုမှ အတည်ပြု ခဲ့သော အမျိုးသားဥယျာဉ်များဥပဒေမှာ ၂၀၂၆ ဇန်နဝါရီ...
ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတာဝန်ရှိသူများက ပေကျင်း၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) e-commerce သဘောတူညီချက်အား ရှေ့ပြေးလုပ်ဆောင်ရန် ပံ့ပိုးကူညီရေးလုပ်ငန်းအစီအမံ ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၂ ရက် ထုတ်ပြန်ကြေညာမှုအရ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာန ငါးခုမှ ပူးပေါင်းထုတ်ပြန်ခဲ့သည့် အဆိုပါစီမံချက်တွင် ကုန်သွယ်မှုဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု...