ကျီရှန့် (ဆန်းရှီး)၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) မြစ်ညာပိုင်း ရေလှောင်ကန်မှ ရေချိန်ညှိ လွှတ်ထုတ်မှုကြောင့် တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ကျီရှန့်ခရိုင်နှင့် ဆန်ရှီးပြည်နယ် ရီချွမ်းခရိုင် ထိစပ်ရာနေရာရှိ မြစ်ဝါမြစ် ဟူခိုရေတံခွန်၌ ရေစီးဆင်းမှုပမာဏ တိုးပွားလာခဲ့သည်။ လွင့်စင်နေသော ရေအမှုန်အမွှားများက နေရောင်ထွန်းလင်းမှုအောက်တွင် “သက်တံနှစ်ထပ်” အဖြစ် ပေါ်ထွက်လာပြီး...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် ယင်း၏အတိတ်သမိုင်းမှ ပြစ်မှုကျူးလွန်မှုများကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်ရန်နှင့် မှားယွင်းသော ပြောကြားချက်များကို ပြန်လည်ရုပ်သိမ်းရန် တရုတ်ပြည်မကြီးက တိုက်တွန်းကြောင်း တရုတ်ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။ “ဂျပန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာကို ရပ်တန့်ပြီး...
ဟောင်ကောင်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်မည့် ဥပဒေပြုကောင်စီ (LegCo) အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခြင်းကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဟု ဒီဇင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရက ပြောကြားလိုက်သည်။
မော်စကို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် မဟာဗျူဟာမြောက် လုံခြုံရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအား ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရေးအတွက် ဒီဇင်ဘာ ၂ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။
လန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင်တွင် ရေကြီးရေလျှံမှုသဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး၊ စုစည်းပြန်လည်နေရာချထားရေးနေရာ၌ တွဲဖက်အဆောက်အအုံ တပ်ဆင်ခြင်းနှင့် အခန်းအတွင်း၊ အခန်းအပြင် ပြင်ဆင်ခြင်းလုပ်ငန်းများ ယခုအချိန်တွင် အခြေခံအားဖြင့် ပြီးစီးခဲ့ပြီဖြစ်ကာ အိမ်ထောင်စုအလိုက် စစ်ဆေးလက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဘေးသင့်ပြည်သူများသည် နေအိမ်အသစ်များသို့ ပြောင်းရွှေ့နေထိုင်၍...
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယင်းမတိုင်မီတွင် “ထိုင်ဝမ်အရေးကိစ္စရှိခြင်း” သည် ဂျပန်နိုင်ငံ “သေရေးရှင်ရေးအကျပ်အတည်း အခြေအနေ” ဖြစ်ပေါ်စေနိုင်ကြောင်း ပြောင်ပြောင်တင်းတင်း ကြေညာခဲ့ပြီး ယင်းကို မိမိကိုယ်ကို စုဖွဲ့ကာကွယ်ခွင့် ကျင့်သုံးခြင်းနှင့် ဆက်စပ်ပြောကြားခဲ့သည်။
ချန်ချွမ်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းကားကုမ္ပဏီ FAW ဂရု(ပ်)က ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အထင်ကရ Hongqi အမှတ်တံဆိပ်ကားအစီးရေ ၄၂၀,၀၀၀ စီး ရောင်းချခဲ့ရပြီး ယမန်နှစ်အလားတူကာလကထက် ၉.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဒီဇင်ဘာ ၂...
ဟန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ၈၄၃ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်တစ်ခုကို ၁၆၈ နာရီကြာ ဝန်အပြည့်ဖြင့် စမ်းသပ်လည်ပတ်မှုအောင်မြင်ပြီးဆုံးပြီးနောက် ဓာတ်အားလိုင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် ချိတ်ဆက်လိုက်ပြီဖြစ်သည်။
ဟူးလွန်ပေ့အယ် (အတွင်းမွန်ဂိုလီးယား)၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဆောင်းရာသီအချိန်တွင် ဟူးလွန်ပေ့အယ် မြက်ခင်းပြင်ကြီးသည် ငွေရောင်ဝတ်စုံအတိ ခြုံလွှမ်းထားသည်။ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ဟူးလွန်ပေ့အယ်မြို့ ချန်ပါးအယ်ဟူချီအတွင်း၌ မော်အယ်ကယ်လဲ့မြစ်သည် ဆီးနှင်းပြင်ကြီးထက်တွင် ကွေ့ကွေ့ကောက်ကောက် ဖြတ်သန်းစီးဆင်းလျက်ရှိပြီး မွန်ဂိုလူမျိုးတဲအိမ်လေးများဖြင့် အလှတန်ဆာဆင်ထားလျက်ရှိရာ ဆိတ်ငြိမ်အေးချမ်း၍ ခမ်းနားသော တရုတ်နိုင်ငံမြောက်ပိုင်း ဆောင်းရာသီ ပန်းချီကားချပ်ပမာ...
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ထိုမတိုင်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စာလွှာပေးပို့ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဂျပန်ဘက်က စာလွှာတွင် မှားယွင်းသောအမြင်နှင့် အတုအယောင်လိမ်လည်မှုများဖြင့် ပြည့်နှက်နေကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် လက်တွေ့ပြန်လည်သုံးသပ်ကာ အမှားကို ပြင်ဆင်ရန်၊ စစ်ရှုံးနိုင်ငံ၏ တာဝန်ဝတ္တရားများကို...