Connect with us

Politics, Law & Military

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ မာလီနိုင်ငံသို့ ထွက်ခွာ

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျီနန်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်းပြည်နယ် မြို့တော် ဂျီနန်းမြို့ မှ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် စုစုပေါင်း ၁၉၀ဦးသည် တစ်နှစ်ကြာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တာဝန်ထမ်းဆောင်ရန်အတွက် မာလီနိုင်ငံသို့ မေ ၁၆ ရက် တွင် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ယင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များသည် မာလီနိုင်ငံသို့ စေလွှတ်ခဲ့သည့် ၆ဖွဲ့မြောက် အုပ်စု ဖြစ်သော အဖွဲ့ဝင် ၃၉၅ဦးပါအုပ်စု ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် သတ်မှတ်ဧရိယာတွင် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဖြည့်ဆည်းပေးခြင်း နှင့် ဒဏ်ရာရရှိသူများအား ကုသပေးခြင်းတို့ အပါအဝင် လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် လမ်းများ နှင့် လေယာဉ်ပြေးလမ်းများ ထိန်းသိမ်းခြင်း အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကူးစက်ရောဂါကာကွယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် အစောပိုင်း ကတည်းက ၎င်းတို့သည် တိုက်ခိုက်ရေးသင်တန်းပေးမှုများတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.