Politics, Law & Military
တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄၀ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သော ရှီ၏ မိန့်ခွန်းကို ပုံနှိပ်ထုတ်ဝေ
ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၁၈ ရက် က ကျင်းပခဲ့သည့် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄၀ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို People’s Publishing House မှ ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်ကို နိုင်ငံတစ်ဝန်းရှိ ဆင်ဟွာစာအုပ်ဆိုင်များတွင် ဒီဇင်ဘာ ၁၉ ရက်မှ စ၍ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ သမ္မတ ရှီသည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်တပ်ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)