Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖိတ်ကြားမှု များအရ တူရကီ နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံသို့ နိုဝင်ဘာအတွင်း သွားရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စင်ကာပူနိုင်ငံ National University of Singapore တွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၄ ရက် မှ ၁၉ ရက် နေ့အထိ တူရကီ နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့တွင် ကျင်းပမည့် G-20 ထိပ်သီး အစည်းအဝေးနှင့် အာရှ-ပစိဖိတ် ၂၃ ကြိမ်မြောက် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး တို့အား တက်ရောက်ရန် တူရကီ နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက်မည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူမှ နိုဝင်ဘာလ ၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan၏ ဖိတ်ကြားမှု အရ နိုဝင်ဘာလ ၁၄ ရက် မှ ၁၆ ရက်နေ့ အထိ တူရကီ နိုင်ငံတွင် ကျင်းပမည့် G-20 အစည်းအဝေးကို တက်ရောက်မည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဘရစ်နို အလွီနို (Benigno Aquino III ) ၏ ဖိတ်ကြားမှု အရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ ဖိလစ်ပိုင် နိုင်ငံတွင် အာရှ-ပစိဖိတ် ၂၃ ကြိမ်မြောက် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။ (Xinhua)