Politics, Law & Military
ယနေ့ခေတ်တွင် မည်သည့်နိုင်ငံမျှ တစ်ကိုယ်ကောင်း ပုံစံဖြင့် ရပ်တည်နိုင်မည် မဟုတ်
ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဇွန်လ ၁၀ ရက်တွင် SCO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် “ယနေ့ခေတ်တွင် မည်သည့်နိုင်ငံမျှ တစ်ကိုယ်ကောင်း ပုံစံဖြင့် ရပ်တည်နိုင်မည် မဟုတ်” ဟု ပြောကြားလိုက်သည်။
ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီက ယနေ့ခေတ်ကမ္ဘာတွင် တိုးတက်ဖွံ့ဖြိုးမှု၊ ညှိနှိုင်းပြောင်းလဲမှုများ ဆောင်ရွက်နေသည့်အခါ တွင် multi polarization၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းလဲမှု များဖြစ်ပေါ်နေရာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် မှီတင်းရပ်တည်မှုများ ပို၍နီးကပ်လာ ကြောင်း၊ ကမ္ဘာ့စီးပွားရေးနာလန်ထူနိုင်ရေးတွင် အခက်အခဲအချိုးအကွေ့များရှိနေပြီး နိုင်ငံတကာနှင့် ဒေသတွင်းတွင် အရေးပေါ်ပြဿနာများ မကြာခဏဆိုသလို ဖြစ်ပေါ်နေကြာင်း ၊ နိုင်ငံအသီးသီးတွင် တူညီသည့် ရင်ဆိုင်ရမည့် အန္တရာယ်နှင့်စိန်ခေါ်မှုရှိကြောင်း၊ မည့်သည့်နိုင်ငံကမှ တစ်နိုင်ငံတည်း ရင်ဆိုင်ဖြေရှင်းနိုင်မည်မဟုတ်သလို တစ်နိုင်ငံတစ်ကိုယ်ကောင်း ရပ်တည်နိုင်မည်မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု၊ တန်းတူညီတူဆက်ဆံမှု၊ ပွင့်လင်းလက်ခံမှု၊ အကျိုးတူခံစားမှုတို့ကို ထဲထဲဝင်ဝင် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်မှသာ ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)